ရှင်းပြဖို့ခက်တဲ့ လူသားတွေ နေထိုင်ရာ ကမ္ဘာမြေပေါ်မှာပဲ တွေ့နိုင်မယ့် အရာများ (ဓာတ်ပုံ ၂၅ ပုံ)

တကယ်တော့ လူတိုင်းနေ့စဉ် ပြုလုပ်နေတဲ့ အရာတွေက အစ ရှင်းပြလို့ မရအောင်ကို ထူးဆန်းလှပါတယ်။ စကားဘာကြောင့် ပြောလို့ရနေတယ်၊ အတွေးတွေကို မကြားနိုင်ပေမယ့် စဉ်းစားနိုင်တယ် စသဖြင့် ရှင်းပြဖို့အတွက် ခက်ခဲနေတဲ့ အရာတွေချည်းပါပဲ။ အခုလိုမျိုး အရာတွေကို ကမ္ဘာမြေတစ်ခုထဲမှာတင် ရှာတွေ့နိုင်ပါတယ်။ ကမ္ဘာမြေပေါ်မှာပဲ တွေ့နိုင်မယ့် အလွန်ထူးဆန်း အံ့သြဖွယ်အရာများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)

ရိုမေးနီးယားမှာရှိတဲ့ လမ်းဆုံးလမ်းခွ တစ်နေရာကို

အပေါ်စီးကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

(၂)

တောင်စောင်းကနေ ဆီးနှင်းတွေ အရည်ပျော်ကျခဲ့ပြီး လမ်းတစ်ဝက်မှာ ခဲသွားတဲ့ အခိုက်အတန့်ကို အချိန်ကိုက်ကို ရိုက်ယူနိုင်ခဲ့ပါတယ်။

သူကတော့ ဒီလိုထူးခြားတဲ့ သဘာဝဖြစ်စဉ်ကို ရိုက်ကူးနိုင်ခဲ့လို့ ဂုဏ်ယူနေခဲ့ပါတယ်။

(၃)

အိမ်မှာမွေးထားတဲ့ ခွေးလေး နစ်ကီ သေဆုံးပြီးနောက်ပိုင်း ကြောင်လေး ထရီမီဟာ

နစ်ကီရဲ့ အရိုးပြာရှိတဲ့နေရာကို အလွမ်းပြေ လာလေ့ရှိပါတယ်။

(၄)

မျက်မှန်ထဲက မှန်နှစ်ခုက အမျိုးအစားမတူပါဘူး။

အဲ့ဒါကို အလင်းထိုးကြည့်ပြီး အရိပ်ထဲမှာ မြင်နိုင်ပါတယ်။

(၅)

စားသောက်ဆိုင်ထဲကို လူတစ်ယောက်က မဝင်လာခင် တိလေးတွေကို ခေါ်လာလို့ ရလား အရင်မေးခဲ့ပါတယ်။

စားသောက်ဆိုင်ကလည်း လက်ခံကြောင်းပြန်ဖြေခဲ့ပြီး ခေါ်လာမယ့် တိလေးကို ခွေးလေးလို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် သူခေါ်လာတဲ့ တိလေးက လိပ်လေးတစ်ကောင်ဖြစ်နေခဲ့ပါတယ်။

(၆)

မိုးသည်းထန်စွာ ရွာတဲ့နေ့က ခေါင်းမိုးထပ်ကနေ အပေါက်ဖြစ်သွားပြီး ကြောင်လေးတစ်ကောင်ပါ အိပ်ခန်းခဲကို ပြုတ်ကျလာခဲ့ပါတယ်။

အခုတော့ ကြောင်လေးက အိမ်မှာမွေးထားတဲ့ အချစ်တော်ကြောင်လေးဖြစ်သွားပါပြီ (Shwe Nyan Shin)

(၇)

ကော်ဖီစေ့အစစ်နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာတုံးထဲက အစေ့တစ်ခုက

ပန်းကန်ဆေးကန်ထဲကို ပြုတ်ကျပြီးနောက်မှာတော့ အပင်ပေါက်လေးတောင် ပေါက်လာခဲ့ပါတယ်။

(၈)

ကောင်းကင်ပေါ်မှာ သဘာဝအတိုင်း လှိုင်းလုံးကြီးတွေပုံစံမျိုး တိမ်တွေပေါ်နေတာပါ။

ကောင်းကင်ကြီးက သဘာဝရဲ့ ပန်းချီကားချပ်တစ်ခုပါပဲ။

(၉)

အသက်နှစ် ၁၀၀ ပြည့်ပြီဖြစ်တဲ့ ဧရာမလိပ်ကြီး။ ဟက်ပီဘတ်ဒေးပါ။

ကျန်းမာရေးကောင်းမွန်ပြီး ကောင်းကောင်း ရှင်သန်နိုင်ပါစေ။

(၁၀)

အမ်စတာဒမ်က ပွေ့ဖက်နေတဲ့ အပင်များ။

အရမ်းကိုလှပလွန်းပြီး ရွက်ဝါကြွေတွေကို မြင်ရတာကလည်း လွမ်းဆွေးတဲ့ရသကို ဖြစ်ပေါ်စေပါတယ်။

(၁၁)

သစ်ပင်ကြီးတွေပေါ်မှာ ငှက်ကလေးတွေ နားနေတာကိုသာ တွေ့ရလေ့ရှိပေမယ့်

ဒီလိုဝက်ဝံကြီးတွေ အများကြီးစုပြီး တစ်စုတဝေးတည်း နားနေတယ်ဆိုတာ မြင်တွေ့ရဖို့ခဲယဉ်းလှပါတယ်။

(၁၂)

မြင်းတွေ ရပ်နေတာ ဘယ်လောက်ထိ ငြိမ်သလဲဆိုရင် နေပူနေတဲ့နေရာက နှင်းတွေအရည်ပျော်ခဲ့ပြီ ဖြစ်ပေမယ့်

မြင်းကြီးတွေရဲ့ အရိပ်ကျနေတဲ့ နေရာမှာတော့ နှင်းတွေက အေးခဲနေဆဲပဲ ဖြစ်ပါတယ်နော်။

(၁၃)

ကုလားအုတ်ရဲ့ အမွှေးကို ခုလိုပုံစံမျိုးပေါ်အောင်

အသေးစိတ်ပုံဖော်ထားတာဖြစ်ပါတယ်။

(၁၄)

နောက်ဆိုရင် အင်တာနက်ပေါ်ကနေ ရောင်းတဲ့ အင်္ကျိတွေကို မဝယ်တော့တာ အကောင်းဆုံးပါပဲ။

(၁၅)

ဒီလိုအဖြစ်မျိုးရောက်သွားလိမ့်မယ်ဆိုလည်း

]ငါးတွေ ကြိုတွေးထားမိကြမှာ မဟုတ်ပါဘူး။

(၁၆)

မင်းအလုပ်ပင်ပန်းနေပြီ အိမ်ပြန်နားလိုက်ပါတော့

ငါကိုယ်တိုင်ပဲ လုပ်လိုက်တော့မယ်တဲ့..

(၁၇)

တိရစ္ဆာန်ဆေးကုခန်းကို အမှတ်မထင် ရောက်လာခဲ့တဲ့ ကြောင်လေးဟာ

ဆေးခန်းကို ရောက်လာတဲ့ တိလေးတွေအတွက် စိတ်လှုပ်ရှားနေရင် နှစ်သိမ့်ပေးတဲ့ တာဝန်လေးကို ယူထားပါတယ်။

(၁၈)

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ဆီနီဗန် မီးတောင်ပေါက်ကွဲစဉ်မှာ

ကောင်းကင်ပေါ်ကို အလိမ့်လိုက်တက်လာတဲ့ မီးခိုးငွေ့ကြီးတွေပဲဖြစ်ပါတယ်။

(၁၉)

ငါးပူတင်း ငါးရဲ့ အရိုးစု

တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်။

(၂၀)

အထပ်ပေါင်းများစွာမြင့်ပြီး ကားပေါင်းများစွာကို

တစ်ပြိုင်နက်တည်းထားထားတဲ့ Volkswagen စက်ရုံ

(၂၁)

ကျွဲဆက်ရက်လို့ လူသိများကြပြီး အချို့ကလည်း ငန်းနက်လို့တင်စားခေါ်ဝေါ်ကြတဲ့ ငှက်တွေဟာ အကောင် ပေါင်းငါးသောင်းကျော်လောက်

ကောင်းကင်မှာ အုပ်စုဖွဲ့ပျံသန်းလေ့ရှိပါတယ်။ ဒီသဘာဝဖြစ်စဉ်ကို ထစ်ချုန်း ခြင်းလို့လည်း နာမည်ပေးထားပါတယ်။

(၂၂)

ပန်းချီဆွဲထားတာမဟုတ်ဘဲ အပေါက်ကြီးပဲ နှစ်သောင်းလောက်ဖောက်ပြီး ဖန်တီးထားတဲ့ ကြက်ဥခွံ…

တော်တော်လေးလက်ဝင်ပြီးတော့ တော်တော်စိတ်ရှည်ရှည်လုပ်ရမှာပဲ။

(၂၃)

“ပြေးနေတဲ့ ဆာဒင်းငါးတွေ” ဆိုပြီးတော့ ဆာဒင်းငါးတွေအုပ်စုဖွဲ့ ကူးခတ်နေတာကို တင်စားထားတာပါ။

မေလကနေ ဇူလိုင်လအထိ ဘီလီယံနဲ့ ချီတဲ့ ဆာဒင်းငါးတွေက တောင်အာဖရိကရဲ့

အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက် မြောက်ဘက်သို့ ကူးသွားလေ့ ရှိတတ်တာပဲ ဖြစ်ပါတယ်။

(၂၄)

ဒီကျောက်ကတော့ ပန်းချီဆရာ ရေးဆွဲထားတဲ့အတိုင်း သဘာဝအတိုင်းကို လှချင်တိုင်း လှပနေတော့တာပဲ။

(၂၅)

သူ့ရဲ့အသားက အပြာရောင်ဖြစ်နေတဲ့ငါးပါ။

ဘယ်လိုလဲ စားရဲကြရဲ့လား…

ပရိသတ်တွေရော ကမ္ဘာတစ်ခုထဲမှာတင် ကြုံတွေ့နိုင်တဲ့ အဖြစ်အပျက်ဆန်းတွေကို ကြုံတွေ့ဖူးပါသလား…ကိုယ့်ရဲ့ အတွေ့အကြုံလေးတွေကို မျှဝေပေးခဲ့ကြပါအုံးနော်။

Credit-shwenyanshin

  • Leave a Comment

Categories