အခုဖော်ပြပေးမဲ့ ကိုယ်အလေးချိန် ၂၇၃ ကီလိုဂရမ်ရှိတဲ့ အမျိုးသမီးတစ်ဦးက တစ်နေ့မှာ ကိုယ်အလေးချိန်လျော့ချရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ရလဒ်ကတော့ မယုံနိုင်စရာပါပဲ ။ သူမက ၁၁၃ ကီလိုဂရမ်အထိ လျော့ချနိုင်ခဲ့တာပါ ။ သူမရဲ့နာမည်က Amber Rachdi ပါ ။ သူမကိုယ်အလေးချိန်မလျော့ချခင်မှာ သူမက ၂၇၃ ကီလိုဂရမ်ရှိပြီး တစ်နေ့လုံး အစာစားနေတဲ့သူပါ ။ သူမရဲ့ ခြေထောက်တွေဆို သစ်ပင်စည်လိုဘဲ ထူထပ်လွန်းလှပါတယ် ။ အသက် ၂၃ နှစ်အရွယ်မှာ သူမအဝလွန်နေခြင်းကြောင့် သူမပတ်ပတ်လည်မှာ ရွေ့လျားဖို့ အခက်အခဲရှိပြီး သူမလုပ်နိုင်တဲ့အရာဆိုလို့ အိပ်ရာထဲမှာ လှဲနေခြင်းသာ ဖြစ်ပါတယ် ။ တကယ်တော့ဒါဟာ ကြီးမားတဲ့ အစာစားချင်စိတ်ရှိခြင်းကြောင့် Amber ရဲ့အမှား မဟုတ်ခဲ့ပါဘူး ။ သူမက သူမရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်းက သူမကို ကိုယ်အလေးချိန်တက်စေပါတယ် ။
Amber က အစားအသောက် မူမမှန်တဲ့ရောဂါခံစားနေရတာကြောင့် အစာ အဆက်မပြတ်စွဲလမ်းနေခဲ့တာပါ ။ သူမ (၅) နှစ်အရွယ်မှာ သူမရဲ့ကိုယ်ခန္ဓာအလေးချိန်က (၇၂) ကီလိုဂရမ်ကျော်ရှိပြီး ယောက်ျားလေးရဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ညီမျှနေပါတယ် ။ သူမရဲ့ ကိုယ်အလေးချိန်အများစုက သူမခြေထောက်မှာ စုပုံနေခဲ့ပြီး လမ်းလျှောက်ခြင်းအတွက် ခက်ခဲစေပါတယ် ။ နောက်ဆုံးမှာ ၂၇၂ ကီလိုဂရမ်ကနေ Amber က သူမကိုယ်ခန္ဓာအလေးချိန်ကို ကီလိုဂရမ် ၁၀၀ ကျော်လျော့ချရန် ဆုံးဖြတ်ပြီး ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ် ။ ယခုမှာ သူမက ဘဝသစ်တစ်ခုလုံးကို ဦးဆောင်နေပြီး သူမရဲ့ယုံကြည်မှုကို ပြန်လည်ရရှိခဲ့ပါတယ် ။
Amber က သူမရဲ့လူမှုရေးဆိုင်ရာလှုပ်ရှားမှုကိုလည်း အလွန်တက်ကြွစွာပါဝင်ခဲ့ပြီး သူမက နေ့စဉ်နေထိုင်မှုပုံစံနဲ့ အစားအသောက်က လူတိုင်းနဲ့ မသင့်တော်ကြောင်းကို အခြားအင်တာနက်သုံးသူများနဲ့ အမြဲမျှဝေလေ့ရှိပါတယ် ။ Amber က “ အခုကျွန်မမျှော်လင့်ချက်တွေပြည့်နှက်နေပြီး ကမ္ဘာသစ်တစ်ခုလုံးကို ကျွန်မရရှိနိုင်ပါပြီ ။ အခန်းတစ်ခန်းထဲမှာဘဲ ပိတ်ပြီးနေခဲ့ဖူးတဲ့ Amber မဟုတ်တော့ဘူး” လို့ ပြောခဲ့ပါတယ် ။ ကိုယ်အလေးချိန်လျော့ဖို့က လုံးဝ မလွယ်ကူပါဘူး ။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ဘဲ ဆိုင်ပါတယ်။ အပြောင်းအလဲ ကြီးကြီးမားမားကို ကျော်လွှားခဲ့တဲ့ Amber ကို ကြည့်ပြီးတဲ့နောက် အလေးချိန်လျှော့ချဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ ပြောစရာအကြောင်းမရှိတော့ပါဘူး ။
1
2
3
4
5
6
7
8
9
10
Credit-JRose (KB Chimmy One)
Zawgyi
ကိုယ့္ရဲ႕အေျခအေနကိုထိတ္လန႔္ေၾကာက္႐ြံ႕လာလို႔ 273 kg ရွိတဲ့ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ပစ္ခဲ့တဲ့ 23 ႏွစ္အ႐ြယ္မိန္းကေလး
အခုေဖာ္ျပေပးမဲ့ ကိုယ္အေလးခ်ိန္ ၂၇၃ ကီလိုဂရမ္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးက တစ္ေန႔မွာ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ ရလဒ္ကေတာ့ မယုံႏိုင္စရာပါပဲ ။ သူမက ၁၁၃ ကီလိုဂရမ္အထိ ေလ်ာ့ခ်ႏိုင္ခဲ့တာပါ ။ သူမရဲ႕နာမည္က Amber Rachdi ပါ ။ သူမကိုယ္အေလးခ်ိန္မေလ်ာ့ခ်ခင္မွာ သူမက ၂၇၃ ကီလိုဂရမ္ရွိၿပီး တစ္ေန႔လုံး အစာစားေနတဲ့သူပါ ။ သူမရဲ႕ ေျခေထာက္ေတြဆို သစ္ပင္စည္လိုဘဲ ထူထပ္လြန္းလွပါတယ္ ။ အသက္ ၂၃ ႏွစ္အ႐ြယ္မွာ သူမအဝလြန္ေနျခင္းေၾကာင့္ သူမပတ္ပတ္လည္မွာ ေ႐ြ႕လ်ားဖို႔ အခက္အခဲရွိၿပီး သူမလုပ္ႏိုင္တဲ့အရာဆိုလို႔ အိပ္ရာထဲမွာ လွဲေနျခင္းသာ ျဖစ္ပါတယ္ ။ တကယ္ေတာ့ဒါဟာ ႀကီးမားတဲ့ အစာစားခ်င္စိတ္ရွိျခင္းေၾကာင့္ Amber ရဲ႕အမွား မဟုတ္ခဲ့ပါဘူး ။ သူမက သူမရဲ႕ အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိျခင္းက သူမကို ကိုယ္အေလးခ်ိန္တက္ေစပါတယ္ ။
Amber က အစားအေသာက္ မူမမွန္တဲ့ေရာဂါခံစားေနရတာေၾကာင့္ အစာ အဆက္မျပတ္စြဲလမ္းေနခဲ့တာပါ ။ သူမ (၅) ႏွစ္အ႐ြယ္မွာ သူမရဲ႕ကိုယ္ခႏၶာအေလးခ်ိန္က (၇၂) ကီလိုဂရမ္ေက်ာ္ရွိၿပီး ေယာက္်ားေလးရဲ႕ ကိုယ္ခႏၶာအေလးခ်ိန္နဲ႔ညီမွ်ေနပါတယ္ ။ သူမရဲ႕ ကိုယ္အေလးခ်ိန္အမ်ားစုက သူမေျခေထာက္မွာ စုပုံေနခဲ့ၿပီး လမ္းေလွ်ာက္ျခင္းအတြက္ ခက္ခဲေစပါတယ္ ။ ေနာက္ဆုံးမွာ ၂၇၂ ကီလိုဂရမ္ကေန Amber က သူမကိုယ္ခႏၶာအေလးခ်ိန္ကို ကီလိုဂရမ္ ၁၀၀ ေက်ာ္ေလ်ာ့ခ်ရန္ ဆုံးျဖတ္ၿပီး ခြဲစိတ္မႈျပဳလုပ္ခဲ့ပါတယ္ ။ ယခုမွာ သူမက ဘဝသစ္တစ္ခုလုံးကို ဦးေဆာင္ေနၿပီး သူမရဲ႕ယုံၾကည္မႈကို ျပန္လည္ရရွိခဲ့ပါတယ္ ။
Amber က သူမရဲ႕လူမႈေရးဆိုင္ရာလႈပ္ရွားမႈကိုလည္း အလြန္တက္ႂကြစြာပါဝင္ခဲ့ၿပီး သူမက ေန႔စဥ္ေနထိုင္မႈပုံစံနဲ႔ အစားအေသာက္က လူတိုင္းနဲ႔ မသင့္ေတာ္ေၾကာင္းကို အျခားအင္တာနက္သုံးသူမ်ားနဲ႔ အၿမဲမွ်ေဝေလ့ရွိပါတယ္ ။ Amber က “ အခုကြၽန္မေမွ်ာ္လင့္ခ်က္ေတြျပည့္ႏွက္ေနၿပီး ကမာၻသစ္တစ္ခုလုံးကို ကြၽန္မရရွိႏိုင္ပါၿပီ ။ အခန္းတစ္ခန္းထဲမွာဘဲ ပိတ္ၿပီးေနခဲ့ဖူးတဲ့ Amber မဟုတ္ေတာ့ဘူး” လို႔ ေျပာခဲ့ပါတယ္ ။ ကိုယ္အေလးခ်ိန္ေလ်ာ့ဖို႔က လုံးဝ မလြယ္ကူပါဘူး ။ ဒါေပမဲ့ မင္းရဲ႕ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ဘဲ ဆိုင္ပါတယ္။ အေျပာင္းအလဲ ႀကီးႀကီးမားမားကို ေက်ာ္လႊားခဲ့တဲ့ Amber ကို ၾကည့္ၿပီးတဲ့ေနာက္ အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ဆိုတာမျဖစ္ႏိုင္ဘူးလို႔ ေျပာစရာအေၾကာင္းမရွိေတာ့ပါဘူး ။
Credit-JRose (KB Chimmy One)