အနောက်နိုင်ငံတွေမှာတော့ ဒီအလေ့အထက ခေတ်စားပါတယ်။ ကိုယ်ကအိမ်မှာ မလိုတော့တဲ့ ပစ္စည်းတွေရှိတဲ့အခါမှာ အသုံးလိုသူတွေ ယူသွားလို့ရအောင် လမ်းမမှာ အလကားချပေးတာမျိုးပါ။ ဂျပန်နိုင်ငံဆိုရင် စက်ပစ္စည်းတွေလှူတာမှာလည်း အတော်လေး နာမည်ကြီးပါတယ်။
ဒီလိုလှူတဲ့ပုံစံက တော်တော်လေးထိရောက်ပါတယ်။ တချို့အတွက် ပိုနေတဲ့အရာတွေက တကယ့်လက်တွေ့မှာ လိုနေတဲ့သူတွေရသွားပြီး၊ ပစ္စည်းတွေ လေလွင့်တာမျိုးမဖြစ်တော့ပါဘူး။ အခုတခေါက်မှာလည်း ပရိသတ်တွေမုဒိတာပွားရအောင်လို့ အဖြစ်အပျက်လေးတွေ တင်ဆက်ပေးလိုက်ပါတယ်။
(၁)ကိုယ့်အတွက်မလိုပေမဲ့ လိုနေတဲ့သူအတွက် ဆိုဖာကောင်းလေး။
(၂)စာအုပ်တွေရာနဲ့ချီပြီး လမ်းမမှာ လိုသူယူဖို့လာပေး။
(၃)အလှခုံတန်းလေးတခု လိုသူလက်ထဲရောက်သွားချိန်မှာ။
(၄)မှန်တင်ခုံ အကောင်းစားကြီးကို လမ်းမှာချလှူ။
(၅)သစ်သားအံဆွဲတွေက အလုပ်မဖြစ်ပေမဲ့ လိုနေသူတွေအတွက်တော့အဆင်ပြေ။
(၆)ဖိနပ်တွေကိုလည်း အခုလိုမျိုး လိုသူယူ လှူပေးကြပါတယ်။
(၇)အခုလိုမျိုး ဆိုဖာခုံက လိုသူလက်ထဲရောက်သွားမှာပါ။
(၈)ချစ်စရာ ဗီဒိုသေးသေးလေးလည်း အသုံးဝင်နေဆဲပါ။
(၉)အမျိုးသမီးကြီးက ဗီဒိုကြီးကို ချလှူသွားပါတယ်။
(၁၀)လိုတဲ့သူအတွက် အလုပ်လုပ်ဖို့စားပွဲပါပဲ။
Credit-Shwetoday