ဆေးခန်းပြရင်း ပင်ပန်းနွမ်းနှယ်နေသော မိခင်ဖြစ်သူအနားယူရန် ဒူးလေးထောက်ကာ မှီစရာအဖြစ်ရှိနေပေးခဲ့သည့် ချစ်စဖွယ် သမီးလိမ်မာလေး

ဗီယက်နမ်နိုင်ငံမှ ဆေးရုံတစ်ခုတွင် ၃နှစ်အရွယ် သမီးငယ်လေးဧ။် အရွယ်နှင့်မလိုက်အောင် နူးညံ့သိမ်မွေ့သော လုပ်ရပ်လေးတစ်ခုမှာ နာမည်ကြီးလျက်ရှိသည်။

ကလေးမလေးသည် ဆေးရုံတွင် မွေးခါနီးကိုယ်ဝန်ဆောင်ထားရသော မိခင်ဖြစ်သူနှင့်အတူ လိုက်ပါလာရင်း အလှည့်ကျစောင့်ဆိုင်းနေစဥ် မိခင်ဖြစ်သူမှာ ပင်ပန်းမှုကြောင့် အိပ်ချင်လာခဲ့သည်။

ထိုစဥ် ကလေးမလေးသည် ထိုင်ခုံပေါ်တွင် ဒူးလေးထောက်ကာ မိခင်ဖြစ်သူ ခေါင်းမှီရန်အတွက် ပခုံးသေးသေးလေးနှင့် ခံထားပေးပြီး လက်လေးနှစ်ဖက်နှင့် ညင်သာစွာ ထွေးဖက်ထားပေးလိုက်သေးသည်။

ထိုအဖြစ်ကို မြင်တွေ့သူများမှာ သမီးငယ်လေးဧ။် မိဘအပေါ် သိတတ်လိမ်မာပြီး ဂရုစိုက်ပေးနေသော ချစ်စဖွယ်အပြုအမူလေးကြောင့် ချီးမွမ်းခဲ့ကြသည်။

Credit-Hlaing (Love Feeling)

Zawgyi







  • Leave a Comment

Categories