နဂိုထက် ပိုမိုလှပရန် ပလက်စတစ်ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းဖြင့် အသက်ပါပေးလိုက်ရသော ဖက်ရှင်ဘလော့ဂါမလေး

ယနေ့ခေတ်တွင် ငွေရှိပြီး ခွဲစိတ်မှုခံယူရုံဖြင့် ကိုယ်ကြိုက်သည့် ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲလာနိုင်ခြင်းသည် အလွန်ရေပန်းစားလျက်ရှိသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ Xiaoran အမည်ရှိသော အသက် ၃၃နှစ်အရွယ် မိန်းကလေးသည် ဖက်ရှင်နှင့် ပက်သက်၍ ဘလော့ဂါမလေးတစ်ဦးဖြစ်ကာ လူမှုကွန်ယက်တွင် နာမည်ကြီးသူတစ်ယောက်လည်းဖြစ်သည်။

မိန်းကလေးသည် Hangzhouရှိ Huayan Medical Cosmetics ဆေးရုံတွင် ဝမ်းဗိုက် လက်မောင်းအပေါ်ပိုင်းနှင့် ရင်သားတို့အား အဆီထုတ်ခြင်းဖြင့် ပလပ်စတစ်ခွဲစိတ်မှုကို အချိန် ၅နာရီကြာ ပြုလုပ်ခဲ့သည်။

ကံမကောင်းစွာပဲ မိန်းကလေးသည် အငယ်တန်းဆရာဝန်မှ ခွဲစိတ်ပေးခဲ့ရာ မှားယွင်းမှုကြောင့် နာကျင်သည့် ဝေဒနာကိုခံစားရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးတွင် အရည်ကြည်ဖုများစွာ ပေါက်လာပြီးနောက် ပိုးဝင်ကာ သေဆုံးသွားခဲ့သည်။

Credit-Hlaing (Love Feeling)

Zawgyi







  • Leave a Comment

Categories