အခုတစ်ခေါက်ဖော်ပြ မှာတော့ အသက်၇၀နားရောက်ကာနီးမှ ကလေးမွေးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတယ်ဆိုတာ အသက်အရွယ်အပိုင်းခြားလေးနဲ့ ယူမှသာ ကျန်းမာရေး၊လူမှု ရေးအဆင်ပြေစေတယ်ဆိုတာကို လက်ခံကြတယ်မဟုတ်ပါလား။ အသက်ကြီးမှ ကလေးယူတယ်ဆိုတာက တော့ ကျန်းမာရေးအရသာမက ကလေးကို ပြုစုပျိုးထောင်ဖို့အတွက်ပါ မလွယ်ကူတာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်ကတော့ ခံယူချက်ခြင်းလည်းမတူနိုင်ကြပြန်ပါဘူး။
အသက်ငယ် ရွယ်စဉ်အချိန်မှာ အခြေအနေမပေးလို့ ကလေးမယူလိုက်၊ မရခဲ့ရတဲ့ သူမျိုးတွေ အတွက်ကြပြန်တော့လဲ အသက်ကြီးမှ ကလေးယူတာ မမှားပြန်ပါဘူး။
အခုဖော်ပြမယ့် အယ်ဒရီနာ Adriana Iliescu ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ ပထမဆုံးကလေးကို အသက်၆၆ နှစ် မှ မွေးခဲ့တာဖြစ် ပါတယ်။ ကလေးငယ်ကို ၂၀၀၅ခုနှစ်မှာမွေးဖွားခဲ့တာပါ။ ကလေးကိုမွေးတဲ့အချိန်မှာ သူ့ရဲ့အသက်က ကြီးနေ ပြီဖြစ်တာကြောင့် ကမ္ဘာ့အသက်ကြီးဆုံးမိခင်အဖြစ် ဂင်းနစ်စံချိန်တောင် ဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမဘဝဟာ လွယ်ကူစွာနဲ့ ဖြတ်သန်းခဲ့ရတာမဟုတ်ပါဘူး။
အသက်ကြီးတဲ့မိခင်တစ်ယောက်၊ အသက်ရွယ်ကြီး ရင့်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ကို ဖေးမရမယ့် အစား ကဲ့ရဲ့ပြစ်တင်ရှုံ့ချမှုတွေကိုသာ တရစပ်ခံစားခဲ့ ရပါတယ်။ ဒီလိုတွေဖြစ်နေပေမယ့်လည်း အယ်ဒရီနာကတော့ သူမယုံကြည်ရာကိုပဲ ရှေ့ဆက်တိုးခဲ့ပြီး ချစ်ရတဲ့ သမီးလေး အဲလ်ဇာကို မွေးဖွားခဲ့ပါတယ်။ ဘာလို့ အသက်ကြီးမှ ကလေးယူသလဲလို့ သူ့ကိုမေးခဲ့ကြတဲ့အခါ မှာတော့ အယ်ဒရီနာက ပြန်လည်ရှင်းပြခဲ့ပါတယ်။
အယ်ဒရီနာဟာ သူမအသက်နှစ်ဆယ်အရွယ်မှာ အိမ်ထောင်ပြုခဲ့ပေမယ့် အဲဒီအိမ်ထောင်နဲ့ ကလေးမရရှိခဲ့ပါ ဘူး။ ဒါကြောင့် အိမ်ထောင်ကိုကွာရှင်းခဲ့ပြီး တက္ကသိုလ်ဆရာမအလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကျောင်းဆရာမတစ်ယောက်ဖြစ်တဲ့ အယ်ဒရီနာက ကလေးချစ်တဲ့သူတစ်ယောက်လည်းဖြစ်တာကြောင့် ကိုးနှစ် တိုင်တိုင် သူမကိုယ်ဝန်မဆောင်နိုင်ခဲ့ရတဲ့ အကြောင်းရင်းကို ရှာဖွေကုသပြီး ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားခဲ့ပါ တယ်။
နည်းလမ်းပေါင်းစုံ သုံးပြီးကုသပေမယ့်လည်း ကိုယ်ဝန်ဆောင်နိုင်ခြင်းမရရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ဖန်ပြွန် သန္ဓေသား နည်းလမ်းနဲ့ ကလေးရဖို့ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ ဒီနည်းလမ်းကို ကြိုးစားတဲ့ အချိန်မှာ သူမရဲ့ အသက်ဟာ ၆၆ နှစ် ရှိနေပြီ ဖြစ်တာကြောင့် သူမအတွက် အတော်လေးစိန် ခေါ်မှုလည်းဖြစ်ခဲ့ ပါတယ်။
ဘယ်လောက်ပဲ စိန်ခေါ်မှုတွေ ရှိနေပါစေ ကလေးချစ်တတ်သူ အယ်ဒရီနာဟာ မိခင်ဖြစ်ရတဲ့ ခံစားချက် ကို အလွန်ပဲမြတ်နိုးတန်ဖိုးထားပြီးသားသမီးပိုင်ဆိုင်လိုစိတ်တွေသာ ကြီးစိုးနေခဲ့တာပါ။နောက်ဆုံးမှာတော့ သူ့ရဲ့ ဆန္ဒကြီးမားမှုကြောင့်ပဲ လိုချင်တဲ့ ရင်သွေးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ သူမကိုယ်ဝန်ရတဲ့အချိန်မှာ သူမဗိုက် ထဲမှာ သန္ဓေသား လောင်းတွေက စုစုပေါင်း သုံးမွှာရှိခဲ့ပါတယ်။ ဒါပေမဲ့ကလေးနှစ်ယောက်ဟာ မမွေးခင်က တည်းကသေဆုံးသွားပြီး သမီးလေးတစ်ယောက်တည်းကိုပဲ မွေးဖွားနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မွေးဖွားခဲ့တဲ့ ကလေးလေး အဲလ်ဇာ ဟာလည်း ကျန်းကျန်းမာမာနှင့် မွေးလာတာတော့ မဟုတ်ပါ ဘူး။ အရေးပေါ်ခန်းထဲမှာ အချိန်ကြာမြင့်စွာ ကုသခြင်းကို ခံယူခဲ့ရပါတယ်။အခုလိုဖြစ်ရတဲ့ အကျိုးဆက်ကိုတော့ လူတိုင်းလည်း ရိပ်မိကြမှာပါ။အသက်အရွယ်ရနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်အနေနှင့် ကိုယ်ဝန် ဆောင်ခြင်းနှင့် မီးဖွားခြင်းဆိုတာ ကိုယ်တိုင်လည်း အသက်အန္တရာယ် ထိခိုက်နိုင်သလို ရင်သွေးရဲ့ ကျန်းမာ ရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။
ကံကောင်းထောက်မစွာနှင့်ပဲ ကလေးက ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့ပြီး ဆေးရုံကနေ ဆင်းခွင့်ရရှိသွားခဲ့ပါတယ်။ အခုချိန်မှာတော့ အယ်ဒရီနာဟာ အသက်ဟာ ၈၁ ပြည့်အဘွားအိုတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်လည်း ကျန်းကျန်းမာမာနဲ့ပဲသူမရဲ့အသက် ၁၅ နှစ်အရွယ် သမီးေလေး အဲလ်ဇာကိုပြုစုပျိုးထောင်ရင်း ပျော်ပျော်ရွှင်ရွှင နေထိုင်နေတယ်လို့သိရပါတယ်။
ပရိသတ်တွေရော အယ်ဒရီနာကို ဘယ်လိုမြင်ပါသလဲ။ အင်မတန် မှမိခင်စိတ်ရှိတဲ့ အမျိုးသမီးကြီးအယ်ဒရီနာအတွက် သဘောထားမှတ်ချက်လေးတွေလည်း ဝေမျှပေးခဲ့ပါဦးလို့ ပြောလိုက်ပါရစေ။ အားလုံးပဲ စိတ်ချမ်းသာမှုနဲ့ပြည့်စုံကြပါစေ။
Credit -shwenyanshin