ငွေရေးကြေးရေးအဆင်မပြေပေမဲ့ သားဖြစ်သူ online class တက်နိုင်ရန်အတွက် ဖုန်းတစ်လုံးဝယ်ပေးခဲ့ပြီး ဝမ်းသာပီတိဖြစ်ကာ ပြုံးရွှင်နေခဲ့တဲ့ မိခင်တစ်ဦး

အခုလို ကူးစက်ရောဂါ အကျပ်အတည်းကာလအတွင်းမှာ ပညာရေးဌာန(DepEd) ဟာ ကလေးများအား online class များတက်ရန် တွန်းအားပေးနေခဲ့ပါတယ်။မိမိတို့ကလေးများအတွက် online class တက်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာများကို မဝယ်ပေးနိုင်တာကြောင့် မိဘများအနေဖြင့် ၎င်းကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေခဲ့ကြရပါတယ်။အချို့များက ၎င်းပစ္စည်းကိရိယာများကို ဝယ်ယူနိုင်ပေမဲ့ လစဉ်အင်တာနက်ကြေးပေးဆောင်ရန်မှာ အခက်အခဲရှိနေခဲ့ရပါတယ်။

ထို့အပြင် ၎င်းတို့ရဲ့အလုပ်မှာသာ အာရုံစိုက်နေရကာ အလုပ်များနေခဲ့ပြီး သားသမီးဖြစ်သူတို့ရဲ့ပညာရေးအတွက် အချိန်မပေးနိုင်တာကြောင့် ကလေးများအား online class ဖြင့် စာသင်ပေးနိုင်ကြောင်းကိုတောင် မသိသေးတဲ့မိဘအချို့များလည်း ရှိနေခဲ့ပါတယ်။

သို့ပေမဲ့ supportive ဖြစ်တဲ့ ဒီမိခင်တစ်ဦးဟာ သူမရဲ့သားဖြစ်သူက online class တက်နိုင်ရန် စမတ်ဖုန်းလေးတစ်လုံးဝယ်ပေးခဲ့ပြီးနောက်မှတော့ သူမတို့ရဲ့သားအမိပုံဟာ social media ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကို ကူးစက်ရောဂါကာလမှာတောင် သားဖြစ်သူက online class တက်ရတော့မှာကို ကြည့်ရင်း ဝမ်းသာပီတိဖြစ်ကာ ရွှင်လန်းစွာ ပြုံးနေခဲ့တဲ့ အဆိုပါမိခင်နှင့် သားဖြစ်သူတို့ရဲ့sweet ဖြစ်လွန်းတဲ့ပုံရိပ်က သူ့ရဲ့နှလုံးသားထိမိသွားစေခဲ့ပုံရတဲ့ Mico Tan အမည်ရှိအမျိုးသားတစ်ဦးက ရိုက်ကူးပေးခဲ့တာပါ။၎င်းဓာတ်ပုံကို Tan က “ သူလေး online class တက်ရတော့မယ်…… ဒါဟာ မိခင်တစ်ဦးရဲ့ချစ်ခြင်းမေတ္တာဘဲ ” လို့ caption တပ်ထားပေးခဲ့ပါတယ်။

Tan ရဲ့ထုတ်ဖော်ပြောဆိုချက်အရ အဆိုပါမိခင်ဟာ အများပြည်သူစျေးကွက်မှာ စျေးရောင်းသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ကူးစက်ရောဂါအကျပ်အတည်းကြောင့် ယနေ့အချိန်အထိ ကလေးများက online class တက်ရန် လိုအပ်နေတာကြောင့် အဆိုပါမိခင်ဟာ ငွေကြေးအမြောက်အမြားမရှိသော်လည်းသူမရဲ့သားအတွက် စမတ်ဖုန်းတစ်လုံးကို မရရအောင် ဝယ်ပေးခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ Mandaluyong မြို့ရှိ Mall တစ်ခုရဲ့အပြင်ဘက်မှာ ထိုင်ရင်း ပထမဆုံးအကြိမ်အဖြစ် ဖုန်းအသစ်ကို ကိုင်ကြည့်နေခဲ့တဲ့သားဖြစ်သူအား ဘေးကနေ ကြည်နူးဖွယ်ကြည့်နေခဲ့တဲ့မိခင်ဖြစ်သူတို့ရဲ့ပုံရိပ်ကို Tan က အမိအရရိုက်ကူးပေးခဲ့ပါတယ်။

၎င်း post အောက်မှ အင်တာနက်သုံးစွဲသူများက အဆိုပါသားအမိကို အမျိုးမျိုးဆုတောင်းပေးခဲ့ကြပြီး “ သားအမိနှစ်ယောက်လုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ ၊ ကောင်လေးလည်း အရွယ်ရောက်လာရင် အမေ့ကို အကောင်းဆုံးနဲ့ စိတ်အချမ်းသာဆုံးဖြစ်အောင် ပြန်ကျွေးမွေးနိုင်ပါစေ ” လို့ netizen တစ်ဦးက ထို့ကဲ့သို့ မှတ်ချက်ပေးထားခဲ့ပါသေးတယ် ။မိဘရဲ့ချစ်ခြင်းမေတ္တာက ဘယ်အရာနဲ့မှ အစားထိုးမရပါဘူး။မိဘတွေဟာ ကိုယ့်သားသမီး လိုချင်၊ဖြစ်ချင်တဲ့အရာတွေကို မရရအောင် ဖြည့်ဆည်းပေးတတ်ကြတာတော့ အမှန်တရားတစ်ခုလိုပါဘဲ။

Credit-Mia (kbdailynews)

  • Leave a Comment

Categories