အခြားအလုပ်တွေနဲ့ယှဉ်လိုက်ရင် ခက်ခဲလွန်းပြီး အန္တရာယ်များလွန်းတဲ့ ချောက်ကမ်းပါးတွေမှာ လမ်းဖောက်လုပ်ပြီး ဝမ်းစာရှာနေရတဲ့ လုပ်သားများ

တရုတ်နိုင်ငံ၊ Hunan တောင်က Pingjiang ဒေသရှိဆောက်လုပ်ရေးလုပ်သားတွေဟာ အန္တရာယ်များတဲ့အလုပ်ကို နေ့စဉ်ကြုံတွေ့လုပ်ဆောင်နေရပါတယ် ။ Pingjiang ဒေသငယ်ဟာ Mufu တောင်တန်းဒေသဖြစ်ပါတယ် ။ Adrenaline ရှာဖွေနေတဲ့ ကမ္ဘာလှည့်ခရီးသည်များရဲ့ အာရုံကို ဆွဲဆောင်ရန် တောင်စောင်းရှိ ခက်ခဲပြီး အန္တရာယ်များတဲ့ လူကူးလမ်းကြောင်းများဖန်တီးခြင်းအားဖြင့် ထိုတောင်များကို သူတို့ရဲ့အကျိုးအတွက် အသုံးချမယ်လို့ ဒေသခံများက ဆုံးဖြတ်ခဲ့ပါတယ် ။ တရုတ်အာဏာပိုင်များက ထိုလမ်းကြောင်းများပြီးဆုံးသွားပါက ထိုဒေသကို ထောင်နဲ့ ချီတဲ့ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ် ။ Pingjiang ခရိုင်ဟာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် များပြားတဲ့အံ့မခန်းဖွယ်ရာအမြင်များကို ပိုင်ဆိုင်ထားပါတယ် ။ ထို ရှုခင်းများကို မြင့်မားတဲ့နေရာကနေ ကြည့်ရှုမှသာ အကောင်းဆုံးမြင်နိုင်တာကြောင့် ချောက်ကမ်းပါးလမ်းကြောင်းများအတွက် ဖောက်လုပ်စေခဲ့ပါတယ် ။

Pingjiang ဒေသမှာ Mufu တောင်တန်းနဲ့ ၎င်းရဲ့အမျိုးသားဥယျာဉ်အပြင် လူသိများကြပါတယ် ။ ထိုတည်နေရာများဟာ နှစ်များတစ်လျှောက်လူကြိုက်များတဲ့နေရာဖြစ်ပြီး ဒေသခံအာဏာပိုင်တွေက တောင်ရဲ့ဘေးပတ်လှည်တွေမှာ လမ်းကြောင်းများတည်ဆောက်ခြင်းအားဖြင့် ၎င်းတို့ရဲ့လူကြိုက်များမှုအပေါ် အမြတ်ထုတ်ရန် ကြိုးစားနေကြပါတယ် ။ ပြီးတာနဲ့လူတွေဟာ တောင်စောင်းကိုလမ်းလျှောက်ပြီး သူတို့ရဲ့နှလုံးသားကို ဆွဲဆောင်နိုင်မယ့် မြင်ကွင်းကို ကြည့်ရှုနိုင်ပါတယ် ။ Yu Ji အမည်ရှိ အင်ဂျင်နီယာတစ်ဦးဟာ ထိုလမ်းကို ဆယ်စုနှစ်တစ်ခုကျော်လောက်က စတင်ဆောက်လုပ်ခဲ့ပါတယ် ။ သူက ” ငါက ဒီအလုပ်ကို အခြားအလုပ်နဲ့ ကွဲပြားခြားနားတယ်လို့ မခံစားရဘူး။ ဒါဟာ လူတွေထင်သလို အန္တရာယ်မရှိပါဘူး။ ကြိုးတွေဝတ်လိုက်တာနဲ့ အားလုံးကအဆင်ပြေသွားပြီ ”လို့ ဆိုပါတယ် ။ ၎င်းဒေသက လူနေမှုအတွက် သူတို့တွေအလုပ်လုပ်နေပုံကိုကြည့်ပြီး ကိုလက်ရှိလုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး ကြိုးစားလုပ်နေဖို့လိုပါတယ် ။

1

2

3

4

5

6

7

8

Credit-JRose (KB Chimmy One)

Zawgyi

အျခားအလုပ္ေတြနဲ႔ယွဥ္လိုက္ရင္ ခက္ခဲလြန္းၿပီး အႏၲရာယ္မ်ားလြန္းတဲ့ ေခ်ာက္ကမ္းပါးေတြမွာ လမ္းေဖာက္လုပ္ၿပီး ဝမ္းစာရွာေနရတဲ့ လုပ္သားမ်ား

တ႐ုတ္ႏိုင္ငံ၊ Hunan ေတာင္က Pingjiang ေဒသရွိေဆာက္လုပ္ေရးလုပ္သားေတြဟာ အႏၲရာယ္မ်ားတဲ့အလုပ္ကို ေန႔စဥ္ႀကဳံေတြ႕လုပ္ေဆာင္ေနရပါတယ္ ။ Pingjiang ေဒသငယ္ဟာ Mufu ေတာင္တန္းေဒသျဖစ္ပါတယ္ ။ Adrenaline ရွာေဖြေနတဲ့ ကမာၻလွည့္ခရီးသည္မ်ားရဲ႕ အာ႐ုံကို ဆြဲေဆာင္ရန္ ေတာင္ေစာင္းရွိ ခက္ခဲၿပီး အႏၲရာယ္မ်ားတဲ့ လူကူးလမ္းေၾကာင္းမ်ားဖန္တီးျခင္းအားျဖင့္ ထိုေတာင္မ်ားကို သူတို႔ရဲ႕အက်ိဳးအတြက္ အသုံးခ်မယ္လို႔ ေဒသခံမ်ားက ဆုံးျဖတ္ခဲ့ပါတယ္ ။ တ႐ုတ္အာဏာပိုင္မ်ားက ထိုလမ္းေၾကာင္းမ်ားၿပီးဆုံးသြားပါက ထိုေဒသကို ေထာင္နဲ႔ ခ်ီတဲ့ ကမာၻလွည့္ခရီးသည္မ်ားကို ဆြဲေဆာင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္ ။ Pingjiang ခ႐ိုင္ဟာ ရင္သပ္ရႈေမာဖြယ္ေကာင္းေလာက္ေအာင္ မ်ားျပားတဲ့အံ့မခန္းဖြယ္ရာအျမင္မ်ားကို ပိုင္ဆိုင္ထားပါတယ္ ။ ထို ရႈခင္းမ်ားကို ျမင့္မားတဲ့ေနရာကေန ၾကည့္ရႈမွသာ အေကာင္းဆုံးျမင္ႏိုင္တာေၾကာင့္ ေခ်ာက္ကမ္းပါးလမ္းေၾကာင္းမ်ားအတြက္ ေဖာက္လုပ္ေစခဲ့ပါတယ္ ။

Pingjiang ေဒသမွာ Mufu ေတာင္တန္းနဲ႔ ၎ရဲ႕အမ်ိဳးသားဥယ်ာဥ္အျပင္ လူသိမ်ားၾကပါတယ္ ။ ထိုတည္ေနရာမ်ားဟာ ႏွစ္မ်ားတစ္ေလွ်ာက္လူႀကိဳက္မ်ားတဲ့ေနရာျဖစ္ၿပီး ေဒသခံအာဏာပိုင္ေတြက ေတာင္ရဲ႕ေဘးပတ္လွည္ေတြမွာ လမ္းေၾကာင္းမ်ားတည္ေဆာက္ျခင္းအားျဖင့္ ၎တို႔ရဲ႕လူႀကိဳက္မ်ားမႈအေပၚ အျမတ္ထုတ္ရန္ ႀကိဳးစားေနၾကပါတယ္ ။ ၿပီးတာနဲ႔လူေတြဟာ ေတာင္ေစာင္းကိုလမ္းေလွ်ာက္ၿပီး သူတို႔ရဲ႕ႏွလုံးသားကို ဆြဲေဆာင္ႏိုင္မယ့္ ျမင္ကြင္းကို ၾကည့္ရႈႏိုင္ပါတယ္ ။ Yu Ji အမည္ရွိ အင္ဂ်င္နီယာတစ္ဦးဟာ ထိုလမ္းကို ဆယ္စုႏွစ္တစ္ခုေက်ာ္ေလာက္က စတင္ေဆာက္လုပ္ခဲ့ပါတယ္ ။ သူက ” ငါက ဒီအလုပ္ကို အျခားအလုပ္နဲ႔ ကြဲျပားျခားနားတယ္လို႔ မခံစားရဘူး။ ဒါဟာ လူေတြထင္သလို အႏၲရာယ္မရွိပါဘူး။ ႀကိဳးေတြဝတ္လိုက္တာနဲ႔ အားလုံးကအဆင္ေျပသြားၿပီ ”လို႔ ဆိုပါတယ္ ။ ၎ေဒသက လူေနမႈအတြက္ သူတို႔ေတြအလုပ္လုပ္ေနပုံကိုၾကည့္ၿပီး ကိုလက္ရွိလုပ္ေနတဲ့အလုပ္ကို တန္ဖိုးထားၿပီး ႀကိဳးစားလုပ္ေနဖို႔လိုပါတယ္ ။

Credit-JRose (KB Chimmy One)

  • Leave a Comment

Categories