ယာဥ်မောင်းလိုင်စင်မရှိ၍ ယာဥ်ထိန်းရဲထံအဖမ်းခံရသော်လည်း စိတ်မညစ်သည့်အပြင် ပျော်ရွှင်စွာဖြင့် ဆယ်ဖီပုံလေးပါ ရိုက်ခဲ့သော မိန်းကလေးနှစ်ဦး

မည်သူမဆို ရုတ်တရက် ရဲလက်ထဲတွင် အဖမ်းအဆီးခံရလျှင် အနည်းငယ် စိတ်လှုပ်ရှားရပြီး ထိတ်လန့်မိမှာ အမှန်ပါ။

သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ ကောင်မလေးနှစ်ယောက်သည် လမ်းမပေါ်တွင် ထရပ်ကားတစ်စီးအား မောင်းနှင်ခဲ့ရာ နှစ်ယောက်စလုံးမှာ ယာဥ်မောင်းလိုင်စင် မရှိခဲ့၍ ယာဥ်ထိန်းရဲနှင့် တည့်တည့်တိုးကာ အဖမ်းခံခဲ့ရသည်။

ထိုစဥ် ကောင်မလေးနှစ်ယောက်သည် အခြားသူများလို စိတ်ရှုပ်ခြင်း အနည်းငယ် တုန်လှုပ်သွားခြင်းမျိုး မရှိသည့်အပြင် နှစ်ယောက်သား ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ပြီး ယာဥ်ထိန်းရဲနှင့်ပင် အမှတ်တရ ဆယ်ဖီဆွဲခဲ့သေးသည်။

ထို့နောက် လိုင်စင်မဲ့ မောင်းနှင်ခြင်းအတွက် ဒဏ်ငွေပေးဆောင်ခဲ့ပြီး သူတို့ကြုံတွေ့ခဲ့သော အဖြစ်အပျက်နှင့်အတူ ပုံများတင်ပြီးနောက် အများမှ သူတို့နှစ်ဦးဧ။် စိတ်ထားအား နားလည်ရန် ခက်ခဲစေခဲ့သည်။

Credit-Hlaing (Love Feeling )

Zawgyi







  • Leave a Comment

Categories