ကြောက်စရာကောင်းလွန်းတဲ့ ဖက်ရှင်တွေကိုအလှဆုံးထင်ပြီး စွဲလန်းခဲ့သူများ

အလှအပလို့ပြော လိုက်တာနဲ့ ဘယ်လိုအရာတွေကို လှတယ်လို့ သတ်မှတ်ပြီးဘယ်လိုအရာတွေရှိနေရင် အကျည်းတန်တယ် လို့သတ်မှတ်ထားကြပါသလဲ။ တကယ်တော့ အလှအပရေးရာ စံနှုန်းသတ်မှတ်ချက်တွေဆိုတာက လူတစ်ဦး နဲ့ တစ်ဦးတောင်တူကြတာ မဟုတ်ပါဘူး။

အထူးသဖြင့်နိုင်ငံ ကွဲပြားသွားတာနှင့်အမျှ အတွေးအခေါ်၊ ယဉ်ကျေးမှု တွေမတူတော့ပဲ အလှအပရေးရာစံနှုန်းသတ်မှတ်ချက်တွေက အစကွဲပြားခြားနားသွားကြတာမျိုးပါ။ အခုဖော် ပြပေးမှာကတော့ အများနဲ့မတူပဲ ကြောက်စရာဖက်ရှင်တွေကိုမှ အလှဆုံးလို့ ထင်ခဲ့ကြတဲ့ ကမ္ဘာ့ နိုင်ငံအသီး သီးက ထူးဆန်းတဲ့ အလှအပနှင့်ဖက်ရှင် စံနှုန်းများ အကြောင်းပဲဖြစ်ပါတယ်။

(၁) တရုတ်တို့ရဲ့ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ ထူးဆန်းတဲ့ မျက်ခုံးမွှေးဖက်ရှင်များ

တရုတ်နိုင်ငံရဲ့ အလှအပရေးရာ စံနှုန်းတွေမှာ ထူးဆန်းတာကတော့ မျက်ခုံးမွှေး ဆွဲအလှပြင်နည်းပါ။ မိန်းက လေးတစ်ယောက်က ဘယ်လောက်ပဲ ထူထဲလှပတဲ့ မျက်ခုံးကို ပိုင်ဆိုင်ထားပါစေ။ အကုန်လုံးကို ရိတ်ပြီး အများ နည်းတူ သတ်မှတ်ထားတဲ့ မျက်ခုံးမွှေးကို ပုံကျအောင် ဆွဲရပါမယ်။ ဒါပေမယ့်လည်း အခုခေတ်လိုမျိုး ဇင်ယော် တောင် မျက်ခုံးစတာမျိုး မဟုတ်ဘဲ အကွေ့အကောက်တွေ ဖြစ်နေတာမို့ ထူးဆန်းတဲ့အလှအပရေးရာ စံနှုန်း လို့ သတ်မှတ်နိုင်တာပဲဖြစ်ပါတယ်။

အပေါ်ကိုစုံတက်နေတဲ့ မျက်ခုံးမွှေး၊ အရင်းမှာစုပြီး အဖျားမှာ ဖျာထွက်သွားတဲ့ မျက်ခုံးမွှေး၊ လုံးနေတဲ့မျက်ခုံးမွှေးပုံစံ စတာတွေဟာ တကယ်တောင်ရှိခဲ့ပါ့မလားလို့ ထင်ရတာပဲဖြစ်ပါတယ်။ ဒါ တွေက တစ်ချိန်တုန်းက တရုတ်နိုင်ငံက အမျိုးသမီးတွေလုပ်ခဲ့ကြတဲ့ ဖက်ရှင်တွေဆိုတာ ယုံတောင်မှ မယုံနိုင် ကြပါဘူး။ ပရိသတ်တို့ရော အဲဒီလိုမျက်ခုံးမွှေးကို အကုန်ရိတ်ပြီး အဲဒီခေတ်တုန်းကအလှအပနှင့် ညီအောင် ဆွဲချင်ကြပါသလား။

(၂) ပြုံးအလှပိုင်ရှင်ဖြစ်ဖို့ မဖြစ်မနေထိုးရတဲ့ ဂျိုကာပုံစံတက်တူး

ဂျပန်ကျွန်းနှင့် ရုရှားနိုင်ငံနေရာအချို့မှာ နေထိုင်တဲ့ အီနူလို့ခေါ်တဲ့မျိုးနွယ်စုမှာ တော်တော်လေးကို အံ့သြစ ရာကောင်းတဲ့ အလှအပ စံနှုန်းတစ်ရပ်ရှိပါသေးတယ်။ အမျိုးသမီးတွေက သူတို့ရဲ့မျက်နှာကို အပြုံးလှလှ လေးတွေ ရှိဖို့အတွက် တက်တူးထိုးရတာပါပဲ။ ထိုးရတဲ့ တက်တူးပုံစံကတော့ ဂျိုကာနှင့်ဆင်ပြီး နှုတ်ခမ်း တစ်ဝိုက်မှာ ထိုးရတာပဲဖြစ်ပါတယ်။

အဲဒီလိုမျိုး တက်တူးထိုးတဲ့ အမျိုးသမီးတိုင်းဟာ ပြုံးအလှပိုင်ရှင် လေး တွေလို့ သတ်မှတ်ထားကြတာတော့ တော်တော်ဆန်းကြယ်မှုကြီးပါပဲ။ ပြထားတဲ့ပုံတွေကိုသာ ကြည့်လိုက်ပါတော့လို့ ပြောလိုက်ပါရစေ။

(၃) ခေါင်းရှည်မှ ပိုလှလေလို့ မှတ်ယူထားတဲ့ ထူးဆန်းတဲ့ စံနှုန်

ခေါင်းရှည်ရှည်ရှိတဲ့ လူကမှ လှပါတယ်ဆိုတဲ့ တစ်ခေတ်လည်း ရှိခဲ့ပါသေးတယ်။ ၂၀ရာစုနှစ်က အလှအ ပရေးရာ စံနှုန်းတစ်ခုဖြစ်ပြီး ဟန်လူမျိုးများ၊အီတလီ၊စာမေးတီးယန်းများနှင့် အာဖရိက လူမျိုးများကြားထဲမှာ ခေတ်စားခဲ့တာပါ။ အဲဒီလူမျိုးတွေမှာ ကိုယ်မွေးလာတဲ့ ကလေးတွေကိုလှစေချင်ရင် ငယ်ငယ်လေးထဲက ခေါင်းကို ရှည်ပြီးသွယ်သွားအောင် အမျိုးမျိုး ပုံသွင်းကြခဲ့ပါတယ်။

ဒီလိုမျိုး ခေါင်းရှည်ရှည်နှင့်မှ လှတာဆိုတဲ့ အလှအပစံနှုန်းကို လက်ခံထားကြတာမို့ ခေါင်းကိုမရှည်ရှည်အောင် ပုံသွင်းခံရတဲ့ ကလေးတွေဘဝက ဒီဖက် ခေတ်အမြင်နဲ့ဆို တော်တော်လေးကို ဒုက္ခရောက်စေခဲ့တဲ့ ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။

(၄) ရှေးဂျပန်တို့ရဲ့သွားမည်းမှ လှတယ်လို့ခံယူတဲ့ စံနှုန်းတစ်ခု

ဂျပန်နိုင်ငံမှာပြသတဲ့ ပြဇာတ်နှင့် ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာ သွားမည်းအောင် ပြုလုပ်ထားတဲ့ ဂျပန်အမျိုး သမီးတွေကို မြင်ဖူးကြမယ်လို့ထင်ပါတယ်။ ၁၉ ရာစု မတိုင်ခင်က ခေတ်စားခဲ့တဲ့ အလှအပစံနှုန်းဖြစ်ပြီး အခုချိန် မှာတော့ ပျောက်ကွယ်သွားပြီဖြစ်တဲ့ ထူးထူးဆန်းဆန်း အလှအပပြင်ဆင်နည်းဖြစ်ပါတယ်။

အိုဟဂုရိုဆိုတဲ့ ဆေး အမည်းနဲ့ သွားတွေကို တမင်တကာမည်းနက်နေအောင်အလှဆင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိုဟဂုရိုဟာ သွားကို လှပအောင် ဆိုးရတဲ့ ဆိုးဆေးအမည်းတွေအဖြစ်သာမက သွားတွေကိုခိုင်မာစေတဲ့ဆေးအဖြစ်လည်း အသုံးဝင်ခဲ့ တယ်လို့ သိရပါတယ်။

(၅) ဥရောပမှာ ခေတ်စားခဲ့တဲ့ အမွှေးမရှိမှလှတယ်လို့ ခံယူခဲ့တဲ့ စံနှုန်းတစ်ခု

ဆံပင်နှင့် ခန္ဓာကိုယ်မှာ အမွှေးရှိနေရင် ဥရောပသားတွေအတွက် လှတယ်လို့ မသတ်မှတ် ထားကြပါဘူး။ ဒါကြောင့် ဥရောပမှာရှိတဲ့ လှချင်တဲ့ သူကတော့ တစ်ကိုယ်လုံးမှာရှိတဲ့ အမွှေးအမျှင်တွေ ရိတ်ကြရ တာပဲဖြစ် ပါတယ်။ ဒါပေမယ့် အဆိုးဆုံးကတော့ နဖူးကျယ်ကျယ်လွင့်လွင့်ရှိအောင် ရိတ်ထားတာမျိုး၊ မျက်ခုံးမွှေး၊ မျက် တောင်မွှေးတွေမရှိအောင် ရိတ်ထားတာမျိုးပဲဖြစ်ပါတယ်။

ဒီလိုမျိုး ထူးဆန်းတဲ့ အလှအပစံနှုန်းကတော့ ရှေးရိုးစွဲ လူတွေ အဆင့်ဆင့် လက်ကမ်းလာတဲ့ စံနှုန်းဖြစ်တာကြောင့် အချိန်ကြာတာနှင့် အမျှ ပျောက်ကွယ်သွားလို့သာ လူတွေဟာ ပြောင်စပ်စပ်ဖြစ်နေခြင်းရန်က ကင်းဝေးခဲ့ရတာဖြစ်ပါတယ်။

(၆) လက်သည်းကို အရှည်ဆုံးဖြစ်အောင်ထားကြတဲ့ ရှေးခေတ်တရုတ်လူမျိုးတွေရဲ့စံနှုန်း

ဖက်ရှင်နှင့်ပတ်သတ်ပြီး ထူးဆန်းတဲ့ဆင်ယင်မှုတွေက တရုတ်တွေထံမှာ တော်တော်များများ ရှိခဲ့တယ်လို့ ပြောရမလိုပါပဲ။ လက်သည်းကို မရှည်ရှည်အောင်ကို တစ်သီးတစ်သန့် တမင်မွေးမြူ ထားခြင်းဟာ ဂုဏ်တစ်ခုသာ မကလှပခြင်းလို့ပါ လက်ခံထားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုရှည်လျားလှတဲ့ လက်သည်းတွေက ချမ်းသာကြွယ်ဝခြင်းကို ရည်ညွှန်းတယ်လို့လည်း ခံယူထားခဲ့ကြတာဖြစ်ပါတယ်။

(၇) မော်ရီလူမျိုးတို့ ရဲ့ မျက်နှာကို တက်တူးဖြင့် အလှဆင်ခြင်း

မော်ရီလူမျိုးတွေက တက်တူးထိုးအလှဆင်ရတာကို သိပ်ကြိုက်ကြတဲ့ လူမျိုးတွေပါ။ အမျိူးသားတွေက သူတို့ရဲ့ တစ်ကိုယ်လုံးကို တက်တူးတွေနှင့် ဖုံးလွှမ်းပြီး အလှဆင်ကြသလို အမျိုးသမီးတွေကလည်း သူတို့ရဲ့ မျက်နှာလေးတွေကို အလှဆင်ဖို့ ရည်ရွယ်ပြီး တက်တူးတွေ ထိုးခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးတွေ အများဆုံး တက်တူးထိုးတဲ့နေရာတွေကတော့ သူတို့ရဲ့မေးစေ့၊ လည်ပင်းနဲ့ နှုတ်ခမ်းတွေကို ထိုးကြတာပဲ ဖြစ်ပါတယ်။

(၈) ခြေသလုံးဖော်ပြမှ လှပတယ်လို့ခံယူထားတဲ့ အမျိုးသားများ

၁၈ရာစုနှစ် မတိုင်ခင်က ခေတ်စားခဲ့တဲ့ အလှအပရေးရာ စံနှုန်းတစ်ခုကလည်း ထူးဆန်းပါသေးတယ်။ အဲဒီခေတ်က အမျိုးသမီးတွေအနေနှင့် သူတို့ရဲ့ ခြေသလုံးတွေကို ဖုံးကွယ်ဖို့အတွက် စကပ်အရှည်ကြီးတွေကို ဝတ်ဆင်ကြပေမယ့် အမျိုးသားတွေကတော့ လှပပြီး ကြံခိုင်သန်မာကြောင်း ပြသဖို့ စကပ်အတိုတွေကို ဝတ်ဆင် ရ တာပဲဖြစ်ပါတယ်။ သူတို့ရဲ့ခြေသလုံးတွေကို မမြင်မြင်အောင်ဖော်ထားခဲ့ပြီး အခုခေတ်လို အသားကပ်ပုံစံမျိုး တွေလည်း ဝတ်ခဲ့ကြပါသေးတယ်။

(၉) လက်မှာနေရောင် သင်္ကေတ တက်တူးအလှဆင်ကြသူများ

အသက်အရမ်းကြီးတဲ့ အဘွားအရွယ်တွေမှာ တက်တူးထိုးတာတာကို တွေ့ရင် မအံ့သြသွားကြပါနဲ့နော်။ဘော့ စနီးယား၊အယ်လ်ဘေးနီးယားနဲ့ခရိုအေးရှား အမျိုသမီးတွေက သူတို့ခန္ဓာကိုယ်မှာ တက်တူးထိုးမှလှတယ်လို့ ထင်ထားကြတာဖြစ်တဲ့အတွက် တက်တူးထိုးကြလေ့ရှိပါတယ်။

သူတို့အများဆုံးထိုးတဲ့ တက်တူးပုံသဏ္ဍာန် တွေကတော့ လက်နှစ်ဖက်မှာ နေရောင်သင်္ကေတတွေကို တက်တူးထိုးလေ့ရှိတာလည်း ဖြစ်ပါတယ်။ ဒီပုံကို အလှအပအတွက်သာမက အဆောင်အနေနဲ့လည်း ယုံကြည်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(၁၀) နှာခေါင်းဖောက်တဲ့ အိန္ဒိယအမျိုးသမီးများ

နှာခေါင်းဖောက်ထားတဲ့ အိန္ဒိယ အမျိုးသမီးတွေကို အခုချိန်ထိ မြင်တွေ့ရနိုင်ပါသေးတယ်။အခုချိန်ထိလည်း ခေတ်စားနေတဲ့ အလှအပရေးရာစံနှုန်းလို့ ဆိုနိုင်ပါတယ်။

နှာခေါင်းချည်းပဲ သီးသန့်ဖောက်တဲ့ အလှအပဆင် ယင်နည်းရှိသလိုမျိုး နှာခေါင်းပေါက်နှင့် နားကို ချိတ်ဆက်ပြီး ဖောက်တဲ့ အလှဆင်ယင်နည်းကိုလည်း အိန္ဒိယ အမျိုးသမီးတွေလုပ်ကြလေ့ရှိပါတယ်။

(၁၁) အမျိုးသားတွေ လှဖို့ပိုလိုအပ်တဲ့ နိုင်ဂျီရီးယား

အလှအပလို့ ပြောလိုက်ရင် အမျိုးသမီးတွေက ပိုပြီး ကြိုက်ကြတာကို သိကြမှာပါ။ နိုင်ဂျီးယားမှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။ အမျိုးသားတွေ က အလှအပကို ပိုကြိုက်ကြပြီး သူတို့အနေနဲ့ ဆွဲဆောင်မှုရှိဖို့ကို ပိုကြိုးစားကြ ပါတယ်။ အမျိုးသားတွေက ဘယ်သူပိုလှလည်းဆိုတဲ့ ပြိုင်ပွဲမျိုးတွေကို ဝင်ပြိုင်ကြပါတယ်။

ပြိုင်ပွဲ မှာအနိုင်ရဖို့ အတွက် မျက်နှာမှာ ဆေးရောင်စုံတွေကို အမျိုးမျိုး ခြယ်သရပါတယ်။ ပြိုင်ပွဲမှာ အနိုင်ရတဲ့ အမျိုးသား တွေရဲ့ဘေးမှာ အမျိုသမီးတွေကလည်း ဝိုင်းဝိုင်းလည်နေလေ့လည်း ရှိတာဖြစ်ပါတယ်။

(၁၂) ဆံပင်အဆမတန်ရှည်မှ လှတယ်လို့ခံယူထားတဲ့ တရုတ်က ရောင်လူမျိုးများ

တရုတ်ပြည်မှာရှိတဲ့ ဟွမ်းလော့ကျေးရွာမှာလည်း ထူးဆန်းတဲ့ အလှအပရေးရာ စံနှုန်းရှိပါတယ်။အဲ့ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေက မွေးကတည်းက အရွယ်ရောက်တဲ့ အထိ ဆံပင်လုံးဝမညှပ်ကြပါဘူး။ ၁၆ နှစ်ပြည့်မှသာ တစ်ကြိမ်လောက်ပဲ ညှပ်ကြလေ့ရှိပါတယ်။ဒါကြောင့်လည်း အဲဒီရွာမှာ ရှိကြတဲ့ အမျိုးသမီးတွေရဲ့ ဆံပင်တွေက ရှည်နေကြတာပဲဖြစ်ပါတယ်။

သူတို့ရဲ့ ဆံပင်တွေကို အကုန်စုသိမ်းထားကြရပြီး အမျိုးသမီး တစ်ယောက် ဆံပင်ပြေနေတာကို အမျိုးသားတစ်ယောက် မြင်မိတဲ့အခါမှာ အဲဒီအမျိုးသမီးကို လက်ထပ်ရ တော့မှာပဲဖြစ်ပါတယ်။ ဒါကတော့ ရှေးတုန်းက အယူအဆဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဒီဓလေ့ ထုံးတမ်းမရှိ တော့ပါဘူး။

Credit-Shwenyanshin

  • Leave a Comment

Categories