မင်္ဂလာပွဲသို့လာသော ဧည့်သည်တော်များကို ဧည့်မခံပဲ ပစ်ထားပြီး အခန်းထဲတွင် နှစ်ယောက်သား ဂိမ်းသွားခိုးဆော့နေခဲ့သော ဇနီးမောင်နှံ

လူသားတိုင်းအတွက် ကိုယ်ချစ်တဲ့သူနှင့်အတူ မင်္ဂလာပွဲကျင်းပရသော နေ့လေးသည် ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရကောင်းနေ့လေးအဖြစ် ပျော်ရွှင်စွာ ဖြတ်သန်းကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မင်္ဂလာစုံတွဲသည် ဂိမ်းချစ်သူလေးတွေဖြစ်ပြီး ဂိမ်းအပေါ်စွဲလမ်းမှုက ဖြတ်မရပဲ ဖြစ်ကာ မင်္ဂလာဆောင်သည့်နေ့လေးတွင်ပင် ဂိမ်းအဆော့မပြတ်ဖြစ်နေခဲ့သည်။

အခြားသူတို့မှာ မင်္ဂလာဆောင်သည့်နေ့တွင် ခန်းမတွင်သာ ရှိနေပြီး ဧည့်သည်များနှင့်အတူ ပျော်ရွှင်စွာ စကားလေးတွေပြောကြရင်း ရင်ခုန်စိတ်လှုပ်ရှားကာ ကြည်နူးခဲ့ကြသည်။

သို့သော်လည်း ထိုဇနီးမောင်နှံသည် မင်္ဂလာပွဲသို့ လာရောက်သော မိတ်ဆွေအပေါင်းအား ဧည့်ဝတ်မခံပဲ အချိန်လေးနည်းနည်းရသည်နှင့် နှစ်ယောက်သား အခန်းထဲသွားပြီး ဂိမ်းသွားဆော့နေခဲ့ရင်း သူတို့နှစ်ယောက်ဧ။် မင်္ဂလာပွဲကိုပင် မေ့နေခဲ့ကြသည်။

ဧည့်သည်များမှာ သတို့သားနှင့် သတို့သမီးမျက်နှာလေးအား မြင်ချင်၍ စောင့်နေကာ အချိန်တော်ကြာထိ မထွက်လာသေး၍ အခန်းထဲ လိုက်ခေါ်ရသည့် အဆင့်ပင် ရောက်ရှိသွားခဲ့သည်။

Credit-Hlaing (Love Feeling )

Zawgyi

မဂၤလာပြဲသို႔လာေသာ ဧည့္သည္ေတာ္မ်ားကို ဧည့္မခံပဲ ပစ္ထားၿပီး အခန္းထဲတြင္ ႏွစ္ေယာက္သား ဂိမ္းသြားခိုးေဆာ့ေနခဲ့ေသာ ဇနီးေမာင္ႏွံ

@hyanh.photoước mơ của các anh em game thủ đây chứ đâu😍 #photographer #chupanhcuoi #chupanh #hyanh #photography #lienminhhuyenthoai

♬ nhạc nền – Hy Anh – Hy Anh 📸

လူသားတိုင္းအတြက္ ကိုယ္ခ်စ္တဲ့သူႏွင့္အတူ မဂၤလာပြဲက်င္းပရေသာ ေန႔ေလးသည္ ဘယ္ေတာ့မွမေမ့ႏိုင္တဲ့ အမွတ္တရေကာင္းေန႔ေလးအျဖစ္ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းၾကသည္။

သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ မဂၤလာစုံတြဲသည္ ဂိမ္းခ်စ္သူေလးေတြျဖစ္ၿပီး ဂိမ္းအေပၚစြဲလမ္းမႈက ျဖတ္မရပဲ ျဖစ္ကာ မဂၤလာေဆာင္သည့္ေန႔ေလးတြင္ပင္ ဂိမ္းအေဆာ့မျပတ္ျဖစ္ေနခဲ့သည္။

အျခားသူတို႔မွာ မဂၤလာေဆာင္သည့္ေန႔တြင္ ခန္းမတြင္သာ ရွိေနၿပီး ဧည့္သည္မ်ားႏွင့္အတူ ေပ်ာ္႐ႊင္စြာ စကားေလးေတြေျပာၾကရင္း ရင္ခုန္စိတ္လႈပ္ရွားကာ ၾကည္ႏူးခဲ့ၾကသည္။

သို႔ေသာ္လည္း ထိုဇနီးေမာင္ႏွံသည္ မဂၤလာပြဲသို႔ လာေရာက္ေသာ မိတ္ေဆြအေပါင္းအား ဧည့္ဝတ္မခံပဲ အခ်ိန္ေလးနည္းနည္းရသည္ႏွင့္ ႏွစ္ေယာက္သား အခန္းထဲသြားၿပီး ဂိမ္းသြားေဆာ့ေနခဲ့ရင္း သူတို႔ႏွစ္ေယာက္ဧ။္ မဂၤလာပြဲကိုပင္ ေမ့ေနခဲ့ၾကသည္။

ဧည့္သည္မ်ားမွာ သတို႔သားႏွင့္ သတို႔သမီးမ်က္ႏွာေလးအား ျမင္ခ်င္၍ ေစာင့္ေနကာ အခ်ိန္ေတာ္ၾကာထိ မထြက္လာေသး၍ အခန္းထဲ လိုက္ေခၚရသည့္ အဆင့္ပင္ ေရာက္ရွိသြားခဲ့သည္။

Credit-Hlaing (Love Feeling )

  • Leave a Comment

Categories