ကမ္ဘာကြီးက ဘယ်လောက်လှပသလည်းဆိုရင် အတော်ဆုံး အနုပညာရှင်တွေတောင်မှ ညွှန်းဖွဲ့လို့ မှီမယ်မထင်ပါဘူး။ တစ်ခါတစ်လေ သဘာဝအတိုင်း ဖြစ်တည်နေတာမျိုးတွေကတောင် အလွန်ဆန်းကြယ်နေတတ်ပြီး ကမ္ဘာကြီးမှာရှင်သန်နေထိုင်ရတာကို အလိုလိုနေရင်း ပျော်ရွှင်သွားနေနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ နေထိုင်ရာကမ္ဘာကြီးက ဘယ်လောက်တောင် လှပလိုက်သလည်းဆို ဆက်လက်ပြီးတော့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။
(၁)
တရုတ်ပြည်ယွန်နမ်မြို့မှာရှိတဲ့ သဘာဝရှုခင်းအလှအပ ကိုဖော်ကျုးထားတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်.။
ဘာနှင့်မှ ဓာတ်ပုံကိုပြုပြင်ထားခြင်းမရှိဘဲ စီစဉ်ရိုက်ကူးထားခြင်းမရှိတာတောင် မြင်ကွင်းထဲမှာရှိတဲ့ အရာရာတိုင်းက သင့်ကို အဆန်းတကြယ်ဖြစ်နေစေတာပဲဖြစ်ပါတယ်။
(၂)
အမေရိကန်နိုင်ငံမှာရှိတဲ့ အိုလံပစ်အမျိုးသားပန်းခြံအတွင်းပိုင်းမှာရှိတဲ့ မြင်ကွင်းတစ်ခု…
ဓာတ်ပုံထဲမှာတောင်မှ တိတ်ဆိတ်ငြိမ်သက်ပြီး အုပ်အုပ်ဆိုင်းဆိုင်းရှိလှတဲ့အငွေ့အသက်တွေကို ခံစားနေရပါတယ်။
ကိုယ်တိုင်သာ ဒီပန်းခြံကို သွားခွင့်ရမယ်ဆိုရင်တော့ ဘယ်လောက်တောင် စိတ်ကြည်နူးဖို့ကောင်းလိုက်မလည်းနော်။
(၃)
ဂျပန်နိုင်ငံရဲ့ မြစ်တစ်ခုထဲမှာ ညဘက်ရောက်မှာ ထိန်ထိန်လင်းနေတဲ့ ကိုယ်ပိုင်အလင်းလေးတွေရှိတဲ့ ကင်းမွန်ငါးလေးတွေ…
သူတို့ရဲ့ ကိုယ်ပိုင်အလင်းလေးတွေနှင့် ညဘက်မှာ မြစ်ကို အလှဆင်ပေးနိုင်ပါတယ်။
(၄)
အမေရိကန်နိုင်ငံရှိ ပန်ဆာကိုကာ ကမ်းခြေကနေ လှမ်းမြင်ရတဲ့ နေဝင်ချိန်မြင်ကွင်း..
ဘာမှပြုပြင်ဖန်တီးထားခြင်းမရှိဘဲနှင့်ကို လက်ရာမြောက်ပန်းချီကားတစ်ချပ်ကို ထိုင်ကြည့်နေရသလိုပါပဲ။
(၅)
ဂျပန်နိုင်ငံ ဟိုခိုင်ဒါရှိ ရေပြာကန်လေးရဲ့ ပုံရိပ်…
ကောင်းကင်ပြာနှင့်တစ်ဆက်တည်း တူညီတဲ့အရောင်လေးနှင့် တကယ့်ကိုလှပတဲ့ရေပြာကန်လေးပဲဖြစ်ပါတယ်။
(၆)
ရုတ်တရက်ကြည့်လိုက်ရင် ပန်းချီကားတစ်ချပ်လို့ ထင်မှတ်မှားမိကြမှာပါပဲ…
တကယ်တော့ ဒီမြင်ကွင်းက ပန်းချီကားထက်တောင်လှပနေသေးတဲ့ အာဖရိက နိုင်ငံက Namib သဲကန္တာရရဲ့ သဘာဝအတိုင်းလှပနေတဲ့ မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်။
(၇)
အခုမြင်နေရတဲ့ ပုံရိပ်မျိုးက အပြင်မှာမြင်ရဖို့ဆိုတာ တကယ့်ကို ရှားပါးလွန်းလှပါတယ်။
အရောင်စုံနေတဲ့ သစ်ပင်မျိုးစုံ၊တစ်သီးတစ်သန့်လေးတည်ရှိတဲ့ ရေကန်ဘေးက ကျောင်းဆောင်လေး..အေးအေးဆေးဆေးလေး အပန်းဖြေချင်တဲ့ သူတွေ အပြေးလေးသွားရောက်ချင်မယ့် နေရာဆိုတာ အသေအချာကို ပြောနိုင်ပါတယ်။
နေရာကတော့ ဂျပန်နိုင်ငံမှာရှိတဲ့ Daigo-ji ဘုရားကျောင်းပဲဖြစ်ပါတယ်။
(၈)
မြင်ရခဲ့တဲ့ မီးတောင်မိုးကြိုး..ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ပေမယ့် အခုလို ကြည့်နေရတော့လည်း မီးရှူးမီးပန်းဖောက်သလိုကို လှပနေတာပဲဖြစ်ပါတယ်။
မီးတောင်းမိုးကြိုး ဖြစ်စဉ်ကတော့ မီးတောင်ပေါက်ကွဲခြင်းကနေ ထွက်ပေါ်လာတဲ့ လျှပ်စီးတဲ့ ဖြစ်ရပ်မျိုးပါ.
(၉)
Tanzania မှာတည်ရှိတဲ့ ဆိုဒါသတ္တုဓာတ်တွေ အများအပြားပျော်ဝင်နေတဲ့ Natron ရေကန်ကို အပေါ်စီးကနေ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
သေချာကြည့်ရင်တောင် ဒီဓာတ်ပုံထဲကအရာဟာ ရေကန်တစ်ကန်ဖြစ်တယ်လို့ ပြောရခက်ပါတယ်။
သဘာဝတရားကြီးက ဆန်းကျယ်သားနော်။
(၁၀)
ဂျပန်နိုင်ငံက ဖူဂျီတောင်ကို လူတိုင်းသိကြမယ်ထင်ပါတယ်။
ဒီဓာတ်ပုံကတော့ ဖူဂျီတောင်ရဲ့ အရိပ်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ဖူဂျီတောင်ရဲ့ အရိပ်က စုစုပေါင်း ၁၅မိုင်တောင်ရှည်လျားလှပါတယ်။
(၁၁)
လှိုင်းလုံးတွေကြားထဲမှာ အချင်းချင်းပွေ့ဖက်ရင်းနှင့်ချစ်ခြင်းမေတ္တာကိုဖော်ပြနေကြတဲ့ လင်းပိုင်လေးနှစ်ကောင်မြင်ကွင်း..
သက်ရှိတိုင်းမှာ ချစ်ခြင်းမေတ္တာရှိကြပါတယ်နော်…
(၁၂)
ရုရှားနိုင်ငံက အဆုံးရှာမတွေ့နိုင်တဲ့ တောအုပ်ကြီး…
ဒီလိုမြင်ကွင်းမျိုးကို အထူးပြုလုပ်ချက်တွေနှင့် မြင်တွေ့နိုင်ပေမယ့် အပြင်မှာ တကယ်ရှိနေတယ်ဆိုတာက ယုံရခက်ပါတယ်။
(၁၃)
မှော်ဆန်လှတဲ့ Namib သဲကန္တာရ ရဲ့ အဆုံး ပင်လယ်နှင့်ထိစပ်နေတဲ့ နယ်နိမတ်မျဉ်းကွင်း..
ဘယ်လောက်လှလိုက်သလဲဆို အသက်ရှုမှားလောက်အောင်ကို လှလွန်းပါတယ်။
(၁၄)
Rapeseedလို့ ခေါ်တဲ့အဝါရောင်ပန်းမျိုးစိတ်ကို အများကြီးစိုက်ပျိုးထားတဲ့ တရုတ်ပြည်က စိုက်ခင်း…
အဝါရောင် လွင်ပြင်ကြီးကို ကြည့်ပြီး စိတ်ပျော်ရွှင်ဖို့အတွက် အပန်းဖြေနိုင်ပါတယ်။
တရုတ်ပြည်ကိုရောက်ရင် Rapeseed စိုက်ခင်းကို မြင်ရမယ့် အမြင့်တစ်နေရာကို သွားလည်ဖို့လည်း မမေ့ပါနဲ့နော်။
(၁၅)
ဂရင်းလန်းမှာရှိတဲ့ ရေခဲပြင်ပေါ်မှာ စွတ်ဖားနှင့်လိုရာကိုလိုက်ပို့ပေးနေတဲ့ ခွေးအုပ်လေး..
ပြီးပြည့်စုံတဲ့ မြင်ကွင်းလေးတစ်ခုပါပဲ။
(၁၆)
ဂျော်ဂျီယာနိုင်ငံမှာရှိတဲ့ ကာဘီဂျီဒေသတစ်နေရာကို အရမ်းလှတဲ့ နှင်းတောင်ကြီးနောက်ခံထားပြီးတွေ့ရစဉ်
(၁၇)
မြောက်ပင်လယ်နှင့် ဘဲလ်တစ်ပင်လယ်တို့ လာဆုံပြီး ထိစပ်ရာ နေရာလေး..
ပင်လယ်ရေခြင်းတူပေမယ့် ကိုယ်အပိုင်နယ်နိမိတ်ထဲမှာ ကိုယ်ပိုင်အလှတရားနှင့် ရပ်တည်ပြီး မရောယှက်တာကလည်း သိပ်ကို ကြည့်လို့ကောင်းလှပါတယ်။
(၁၈)
ဗီယက်နမ် နိုင်ငံတွင်နေထိုင်တဲ့ လယ်သမားတစ်ဦးရဲ့ အလုပ်လုပ်နေတဲ့ မြင်ကွင်းဓာတ်ပုံ..
ဓာတ်ပုံကိုကြည့်လိုက်ရုံနှင့်တင် လယ်သမားတို့ရဲ့ ဘဝကို စာနာနိင်ပြီး စိမ်းစိုနေတဲ့သဘာဝအလှကိုပါ ခံစားနိုင်အောင် အသက်ဝင်လွန်းလှပါတယ်။
(၁၉)
ရေအောက်ထဲမှာသူတို့ကို လာရောက်မှတ်တမ်းနေတဲ့ သူတွေကို စပ်စုနေတဲ့ ဖျံလေး..
(၂၀)
ရုရှားနိုင်ငံမှာရှိတဲ့ကန်ချမ်ကာ လမ်းမပေါ်မှ ဆောင်းရာသီနှင်းတွေ အပြည့်ဖုံးလွှမ်းနေတာပဲဖြစ်ပါတယ်.
ဆုတ်ချက်တွေနှင့် သေချာဆွဲထားသလိုမျိုး ကိုလှချင်တိုင်း လှနေတာပါပဲ။
(၂၁)
ဆီနီဂယ်မှာရှိတဲ့ သဘာဝအတိုင်းပန်းရောင်သန်းနေတဲ့ ရက်တ်ဘာ ရေကန်..
ပန်းရောင်တွေ အပြည့်နှင့် ရေကန်ထဲမှာ လှေစီးရဖို့ဆိုတာကလည်း စိတ်ကူးယဉ်ဆန်လွန်းလှပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေအားလုံး ဟာဖန်တီးပြုပြင်ထားတာမျိုးနှင့် စိတ်ကူးယဉ်ပုံဖော်ထားတဲ့ ပုံရိပ်တွေ လုံးဝမဟုတ်ရပါဘူး။ ကမ္ဘာပေါ်မှာတကယ်ရှိတဲ့ အဆန်းကျယ်ဆုံးနှင့် အလှဆုံးနေရာတွေပဲဖြစ်ပါတယ်။
ဒီလောက်လှပတဲ့ ကမ္ဘာကြီးပေါ်မှာ အသက်ရှင်နေရတာကို ဂုဏ်ယူစရာလို့ တွေးတတ်ရင်တောင် ဂုဏ်ယူလို့ရနေပါပြီနော်.. ပရိသတ်တို့ သွားရောက်လည်ပတ်ချင်ဆုံး နေရာလေးတွေကို ရွေးပေးခဲ့ကြပါအုံး
Credit-Shwenyanshin