ယနေ့ခေတ်မှာ သင့်ရဲ့ဖုန်းထဲရှိ Food service app ကို အသာလေးနှိပ်လိုက်ရုံနဲ့ သင် ဆာလောင်နေတဲ့အစားအစာ သို့မဟုတ် လိုချင်နေတဲ့ပစ္စည်းများကို လွယ်ကူစွာ ရယူနိုင်ပေမဲ့လည်း သင်တို့မှာလိုက်တဲ့ အရာကို အလွယ်တကူ cancel လုပ်လိုက်တာကတော့ Delivery သမားများအတွက် အတော်လေး အခက်တွေ့စေပါတယ်။အခုလည်း စင်္ကာပူနိုင်ငံရှိ Jollibee အမည်ရှိဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်မှာ အစားထိုင်စားနေတဲ့ Grab Food Delivery Rider တစ်ဦးရဲ့ဓါတ်ပုံများကို Pascua အမည်ရှိအမျိုးသားတစ်ဦးက ရိုက်ယူပြီး Facebook ပေါ်မှာ ပြန်လည်မျှဝေခဲ့ပြီးနောက် ၎င်းဓာတ်ပုံဟာ အတော်လေး လူသိများသွားခဲ့ပါတယ်။၎င်းဓာတ်ပုံထဲမှာ Delivery Rider တစ်ဦးဟာ ဖောက်သည်တစ်ဦးက cancel လုပ်လိုက်တဲ့ အစားအစာကို စားသုံးနေခဲ့ခြင်းဘဲဖြစ်ပါတယ်။
အဆိုပါ Delivery Rider ဟာ ၎င်းအစားအစာကိုလည်း ပြန်မပေးနိုင်တော့တာကြောင့် ငြီးတွားနေမဲ့အစား သူဟာ စားပစ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်ပုံရပါတယ်။အစားအစာဖြန့်ဝေရေး၀န်ဆောင်မှုများအဆင်ပြေစေရန် Food service app များကလည်း ဖောက်သည်များအား ၎င်းတို့ရဲ့accများအား အတည်ပြုရန်နှင့် ၎င်းတို့ရဲ့ဓါတ်ပုံများကို တင်ပေးရန် (သို့) ပို့ပေးရန်စတဲ့နည်းလမ်းများသုံးကာ ကိုယ့်ရဲ့ဖောက်သည်များကို တောင်းဆိုသင့်ပါတယ်။သို့မှသာ အမှာစာအတုများ(သို့)တရားမမျှတတဲ့ cancel လုပ်မှုများဖြစ်ပေါ်လာတဲ့အခါ ၎င်းတို့ရဲ့အထောက်အထားများကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။
Food service app အများစုမှာ ဖောက်သည်များက ငွေကြိုရှင်းရတဲ့စနစ်ကိုသာ အသုံးပြုကြပေမဲ့ အချို့ Food service app ကလည်း သင်က ငွေကြိုတင်ပေးချေနိုင်တာကို သိပေမဲ့လည်း အိမ်ရောက်မှငွေပေးချေရတဲ့စနစ်ကို အသုံးပြုတတ်ကြပါတယ်။အခုလည်း အဆိုပါ Delivery သမားက အိမ်ရောက်ငွေချေစနစ်ဖြင့် အစားအသောက်လိုက်ပို့ပေးပုံရပါတယ်။ဝမ်းနည်းစရာကောင်းတာကတော့ Delivery Rider တော်တော်များများဟာ သူတို့ပို့ပေးလို့ရမဲ့မြို့များက သိပ်မရှိတာကြောင့် ရှိနေတဲ့မြို့မှာသာ ပို့ဆောင်နေကြရပါတယ်။ထို့ကြောင့် အကယ်၍ ဖောက်သည်တစ်ဦးက ၎င်းရဲ့အမှာစာကို cancel လုပ်လိုက်ရင်တော့ မှာယူထားတဲ့အစားအစားအတွက် သူတို့ရဲ့တစ်နေ့တာဝင်ငွေက ၎င်းcancel လုပ်လိုက်တဲ့အစားအစာအတွက် လုံလောက်စွာ ပြနလည်ပေးချေနိုင်မှာမဟုတ်ပါဘူး။
Credit-Mia (kbdailynews)
Zawgyi
ဖောက်သည်က cancel လုပ်လိုက်တဲ့အစားအစာကို ပြန်တိုင်ကြားရမယ့်အစား ၎င်းကို ထိုင်စားနေခဲ့တဲ့ Food Delivery တစ်ဦး