အားနည်းချက်တွေရှိပေမယ့် ကမ္ဘာ့ညှို့အားပြင်းဆုံးလူသားများအဖြစ်ရပ်တည်နိုင်ခဲ့သူများ

အလှတရားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဆိုတာ ဘာပါလဲ။ ပရိသတ်ကြီးတို့ကရော အလှတရားဆိုတာကို ဘယ်လိုမျိုးလက်ခံ ထားကြပါသလဲ။ များသောအားဖြင့်လူတွေဟာ ဆွဲဆောင်မှုရှိတဲ့ မျက်နှာ၊ ချောမောလှပလွန်းတဲ့ မျက်နှာ တွေကိုသာ အလှတရားအဖြစ်ခံယူထားကြလေ့ရှိပါတယ်။

ဒါပေမယ့်အခုဖော်ပြပေးသွားမယ့် လူတွေက တော့ သင်တို့ထင်မှတ်မထားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ညှို့ အားအပြင်းဆုံး လူသားတွေအဖြစ်တောင် သတ်မှတ်တင်စားခြင်းခံရတဲ့ လူတွေပါ။ သူတို့တွေဟာ သင်တို့သတ်မှတ်ထားတဲ့ သမာရိုးကျအလှအပပုံစံ တွေနဲ့ မဟုတ်ပဲ ထူးခြားမှုတွေနဲ့ မွေးဖွားလာခဲ့တဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ချို့တွေက မွေးရာပါလာတဲ့ အား နည်းချက်ကို လက်ခံပြီးတော့မှ အလှတရားက ဘာဆိုတာကို ပြသသွားခဲ့ကြတဲ့ လူတွေမို့ဆက်လက်ဖတ်ရှု ပေးပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။

(၁) Khoudia Diop

ဆီနီဂေါနိုင်ငံက မော်ဒယ် Khoudia Diop ကတော့ တော်တော်လေးကို ထူးဆန်းတဲ့သူလေးဖြစ်ပါတယ်။ အသားဖြူမှလှတယ်လို့ လက်ခံထားခဲ့ကြတဲ့ဒီနေ့ခေတ်မှာ သူမမှာတော့ ထူးထူးခြားခြား နက်မှောင်နေတဲ့ အသားအရေကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ဒီအသားအရေ၊ အရောင်ကြောင့် ကျောင်းမှာလည်း ခွဲခြားဆက် ဆံခံရမှုတွေ၊ စနောက်ခြင်းတွေနဲ့ အနိုင်ကျင့်ခြင်းတွေခံခဲ့ရပါတယ်။

ဒါပေမယ့်လည်းသူမက သူမကို နှိမ်ခဲ့တဲ့ အပြုအမူတွေ ကနေတဆင့် အားအဖြစ်ပြောင်းလဲပြီး စိတ်ဓာတ်ခွန်အားရယူခဲ့ပါတယ်။ သူမက အရေပြား အရောင်ချွတ်တဲ့လုပ်ငန်းတွေကို ဆန့်ကျင်ပြောဆိုပြီး အမျိုးသမီးတွေအနေနဲ့ ကိုယ်ရရှိထားတဲ့ ဘယ်လိုအ ရေပြားမျိုးကိုမဆို ချစ်တတ်အောင် ချစ်ဖို့လိုတယ်ဆိုပြီး တိုက်တွန်းပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

(၂) Maeva Giani Marshall

သူမကတော့ မျက်နှာပေါ်မှာ တင်းတိတ်နဲ့ မှဲ့ခြောက်တွေများစွာ ပေါက်နေခဲ့သူပါ။ အဲဒီလို တင်းတိတ်တွေ ထွက်တာကိုပဲ စိတ်ညစ်မနေပဲနဲ့ လိုက်လျောညီထွေမှုဖြစ်အောင် နေခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုဆို ရင်သူမဟာ ချစ်စရာကောင်းတဲ့ မော်ဒယ်တစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးကလက်ခံထားပြီလည်း ဖြစ် ပါတယ်။

မာရှယ်လ်မှာ တင်းတိတ်တွေ ဖြစ်နေတာအပြင် သူမဟာကျောက်ကပ်ရောဂါတစ်မျိုးကို ခံစားနေရ သူလည်း ဖြစ်ပေမယ့် အားမလျော့ပဲ သူလုပ်ရမယ့်အလုပ်တွေကို ခွန်အားအပြည့်နဲ့ ဆက်လက်လုပ်ဆောင်နေ ဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီလိုတင်းတိတ်တွေ မျက်နှာမှာ ရှိနေတာကိုက မာရှယ်လ်ရဲ့ ဆွဲဆောင်မှုဆိုပြီး လက်ခံအားပေးနေကြတာပဲ ဖြစ်ပါတယ်။

(၃) Anastasia Zhidkova

အန်နာစတေရှာကတော့ ရုရှားမော်ဒယ်တစ်ဦးဖြစ်ပြီး ကမ္ဘာပေါ်မှာအလှဆုံးနဲ့ အသားအဖြူဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ထားခြင်းခံရတဲ့သူပါ။ သူမ ကလေးဘဝတုန်းက တကိုယ်လုံးဖြူနေတဲ့လူမို့ အနိုင်ကျင့်ခံရဖူးပေမယ့် အခုချိန်မှာတော့လူတွေက သူမနဲ့တူချင်နေကြပြီလို့ ဆိုပါတယ်။

သူမရဲ့ ဆံပင်အရောင်ပုံစံမျိုးတွေလိုက်ဆိုးတာ၊ အန်နာစတေရှာရဲ့ စတိုင်၊ မိတ်ကပ်ပြင်နည်းစတာတွေကို လိုက်လုပ်နေပြီဖြစ်လို့ သူမအနေနဲ့ အောင်မြင်ခဲ့ပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။ အန်နာကတော့ အားလုံးကို အလှအပရေးရာတွေ ပညာပေးနေပြီး နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ဖို့လည်း ဦးစားပြောကြားနေတာပဲ ဖြစ်ပါတယ်။

(၄) Kgothi ”Iman” Dithebe

Kgothi ဆိုတဲ့နာမည်က ယုံကြည်မှုလို့ အဓိပ္ပါယ်ရပါတယ်။ သူကတော့ ပရီတိုရီးယား မှာကြီးပြင်း လာခဲ့ပြီး တော့ မြန်မာလိုဆိုရင် ခရုသင်းလိုရောဂါမျိုးမျက်နှာမှာမှ စွဲကပ်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

ဒါပေမယ့် သူမဟာ စိတ်ဓာတ်ကျခြင်းအလျင်းမရှိပဲ မော်ဒယ်တစ်ယောက်ဖြစ်လာအောင် လျှောက်ထားနိုင်ခဲ့ပါတယ်။ အခုဆိုရင် တော့ အားနည်းချက်ဆိုတာ လူ့စိတ်ထဲမှာပဲရှိပြီး အဲဒါကိုဘယ်လိုတိုက်ထုတ်ရမယ်ဆိုတာကို ကေဂေါ့သီက သက်သေပြနိုင်ခဲ့ပါပြီ။ သူမမျက်နှာအသားအရေက ပုံမှန်မဟုတ်ပေမယ့် အဲဒါကပဲ သူမရဲ့ထူးခြားတဲ့ ဆွဲဆောင် မှုတစ်ခုဖြစ်စေခဲ့တဲ့ ကေဂေါ့သီကို အတုယူဖို့ကောင်းတယ်လို့ သာပြောချင်ပါတော့တယ်။

(၅) Sarah McDaniel

ဆာရာကတော့ မော်ဒယ်လောကနဲ့ အင်စတာဂရမ်လောကမှာ ခေတ်စားလူသိများလွန်းတဲ့ သူတစ်ဦး ဖြစ်ပါ တယ်။ ရောဂါကြောင့် သူ့ရဲ့မျက်လုံးကဘယ်ဖက်က စိမ်းပြာရောင်ရှိနေပြီး ညာဖက် မျက်လုံးက အညိုရောင်ဖြစ်နေတာပါ။

တကယ်လို့များ မျက်လုံးတွေဟာ စိတ်ဝိဉာဉ်ရဲ့ ပြတင်းပေါက်တွေဆိုရင် သူမက ဘယ်လိုစိတ်ဝိဉာဉ်မျိုးရှိတဲ့လူပါလဲ။ ဒါပေမယ့် ဆာရာဟာ အမှန်တကယ် လှပသူလေးပါပဲ။ သူ့ဓာတ်ပုံလေးကို ကြည့်လိုက်မိတာနဲ့ ဘယ်လောက်ညှို့အားပြင်းပြင်းနဲ့ ဆွဲဆောင်နိုင်သူလေး ဖြစ်တယ်ဆို တာ သင်တို့ လက်တွေ့သာကြည့်ရှုလိုက်ပါတော့။

(၆) Laura Julie

သွားလေးတွေဆိုတာ ညီညာဖြောင့်ဖြူးလှပနေမှသာ အပြုံးတွေက ဆွဲဆောင်မှုရှိတယ်လို့ သင့်ကို ဘယ်သူ ပြောပါသလဲ။ ဘယ်သူမှမပြောပေမယ့် တော်တော်များများကတော့ ဒီလိုပဲယူဆကြပါတယ်။ ဒါကြောင့် သွားတွေကို မလှဘူးထင်ရင် ပိုက်ဆံတွေအများကြီး အကုန်အကျခံပြီး ပြုပြင်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကြီးမော်ဒယ် လော်ရာကို ကြည့်လိုက်မိမယ်ဆိုရင်တော့ လော်ရာဟာ စံနမူနာယူထိုက်သူ တစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့သွားတွေက ကျဲကျဲလေးပေါက်နေပြီး အဲဒါကသာ သူ့ကိုပံ့ပိုးပေးတဲ့ အလှတရား ဆိုတာ လက်ခံထားလိုက်တယ်လို့သူမက ပြောကြားထားပါတယ်။ တကယ်လည်း လော်ရာဟာ ဆွဲဆောင်မှု အကောင်းဆုံးမိန်းကလေးအဖြစ် ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်တယ်။ ကဲ အခုချိန်ထိ သင့်သွားတွေကို မလှဘူးလို့ ထင်နေတုန်းပဲလား။

(၇) Sophia Hadjipanteli

ဆိုဖီယာကတော့ ဆိုက်ပရပ်စ်နိုင်ငံသူ မော်ဒယ်တစ်ဦးဖြစ်ပြီး သူမရဲ့ ထူးခြားတဲ့မျက်ခုံးမွှေးအလှကြောင့် အင်တာနက်မှာ လှုပ်ခတ်လွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ မျက်ခုံးမွှေးတွေက မျိုးရိုးဗီဇလိုက်တာ ဖြစ်ပြီး သူမအမေဆီက အမွေရခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ဒီလိုမျက်ခုံးမွှေးကိုပိုင်ဆိုင်ထားရတာဟာ ဂုဏ်ကျက်သရေရှိပြီး သိက္ခာတရားကြီးမားတယ်လို့ ယူဆထားတဲ့လူဖြစ်ပါတယ်။

ဒီမျက်ခုံးမွှေးကြောင့် သူမကို လူပိုသိလာတာဖြစ်လို့ ဒီလိုမျက်ခုံးမွှေးမည်းမည်းထူထူနဲ့ လိုက်ဖက်အောင်၊ လှပမှုရှိအောင် ဘယ်လိုနေထိုင်ရ မလဲဆိုတာကို ရှာတွေ့ခဲ့တဲ့ လူတစ်ယောက်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

(၈) Cassandra Naud

ကတ်စန္ဒရာက ကနေဒါက အကကျွမ်းကျင်ပညာရှင်ဖြစ်ပါတယ်။ သူမရဲ့ညာဖက်ပါးက ထူးခြားတဲ့ အမွှေးမျှင် အမှတ်နဲ့ မွေးဖွားလာတာကြောင့် မျက်နှာတစ်ခြမ်းကမလှပဘူးဖြစ်နေပါတယ်။

ဒါပေမယ့် ဒီအမှတ်ကို ပလတ် စတစ်ဆာဂျရီနည်းနဲ့ ခွဲစိတ်ကုသမှုလုပ်ဖို့ လုံးဝမကြိုးစားခဲ့ပဲနဲ့ အမှတ်နဲ့ လိုက်လျောညီထွေစွာ နေနိုင်ခဲ့လို့ အခု ဆိုရင် သူမရဲ့ အများနဲ့မတူတဲ့ ဆွဲဆောင်မှုတစ်ခုအဖြစ် သူမဟာ ညှို့အားအပြင်းဆုံး အမျိုးသမီးစာရင်းထဲကို ဝင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီကို ပျော်ရွှင်စေလိုတာက သူ့ရင်ထဲက ဆန္ဒဖြစ်တယ်လို့လည်း သူကပြောကြားခဲ့ပါသေးတယ်။

(၉) Rose Geil

သူမကတော့ အမှန်တကယ်ကို အမွှေးအမျှင်တွေ နှစ်သက်တဲ့တစ်ဦးပဲဖြစ်ပါတယ်။ အင်စတာဂရမ်မှာ မုတ်ဆိတ် မွှေးရှိနေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် နာမည် ကြော်ကြားလာသူ တစ်ဦးလည်းဖြစ်ပါတယ်။

နေ့စဉ်မျက်နှာမှာ ထွက်လာတဲ့ မုတ်ဆိတ်မွှေးကို ရိတ်ပြစ်ရမယ့် အစား မုတ်ဆိတ်မွှေးတွေပိုသန်လာဖို့ သာ အမြဲကြိုးစားခဲ့ သူလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လို့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ဘူးလို့ သူမကပြောကြားခဲ့ပါတယ်။

(၁၀) Ralph Souffrant

ဆော့ဖရန့်က ဟေတီအမျိုးသား မော်ဒယ်လ်တစ်ဦးဖြစ်ပါတယ်။ သူ့ကိုယ်ခန္ဓာကိုယ်တစ်ခုလုံး တင်းတိတ်နဲ့ မှဲ့ ခြောက်များဖုံးလွှမ်းနေပြီး သူ့ကိုကြည့်ရတာ ရှက်စရာပဲလို့ လူတွေကထင်နေကြပါတယ်။ သို့ပေမယ့်လည်း သူက ဒီစကားတွေကို လုံးဝအလေးမထားခဲ့ပဲ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာအောင် ကြိုးစားခဲ့ပါ တယ်။

အခု ချိန်မှာတော့ သူ့ကို ကဲ့ရဲ့ခဲ့သူတွေ အံအားသင့်စေမယ့် မော်ဒယ်စာချုပ်တွေ တစ်ခုပြီးတစ်ခုချုပ် ဆိုနေရလောက်တဲ့အထိ အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်လို့နေပါပြီ။

(၁၁) Moffy

မော်ဖီက အလွန်အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူမက မျက်လုံးပြူးပြူး ဝိုင်းဝိုင်းတွေကို ပိုင်ဆိုင်ထားပေမယ့် မျက်လုံးအနည်းငယ် စောင်းနေပါတယ်။ သူမကပြောပါတယ်။

မော်ဒယ်တွေက အရာဝတ္ထု တစ်ခုကို သမာရိုးကျနေရာတစ်ခုတည်းကြည့်ရမယ်ဆိုတဲ့ စိန်ခေါ်တဲ့ အတွေး တွေရှိနေပါတယ်။ ဒီအတွေးကို ပြောင်းလဲပစ်ဖို့အတွက် သူမကိုကြည့်ပါလို့ဆိုပါတယ်။ တကယ်ပဲ မော်ဒယ် လောကမှ မော်ဖီက အောင်မြင်ထင်ရှားလာအောင် တည့်တည့်မကြည့်တဲ့ အကြည့်လှလှတွေကို ဖန်တီးနိုင်စွမ်း ရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၁၂) Diandra Forrest

ဒီရန်ဒရာက အစိမ်းရောင်မျက်လုံး၊ ပုလဲရောင်အသားအရေ၊ တောက်ပတဲ့ဆံပင်တွေရှိပေမယ့် သူ့ရဲ့နှာခေါင်းနဲ့ နှုတ်ခမ်းတွေကတော့ အာဖရိကန်လူမျိုးဆိုတာကို ပြသနေပါတယ်။ အာဖရိကန် အမေရိကန်မိဘနှစ်ပါးက မွေး ဖွားလာတာဖြစ်ပါတယ်။

သူက အခုဆိုရင် ဖက်ရှင်လောကကို မြေလှန်လိုက်သလိုမျိုး မျက်လှည့်ပြ သွားတဲ့ ဆွတ်ဆွတ်ဖြူနေတဲ့ လူမည်းအမျိုးသမီးတစ်ဦးဖြစ်တယ်လို့ အားလုံးကလက်ခံထားကြတာပဲ ဖြစ်ပါတယ်။

(၁၃) Catherine Loewe

ကက်သရင်းကတော့ ဆွစ်ဇာလန်မော်ဒယ်လ်တစ်ဦးဖြစ်ပါတယ်။ သူ့ထူးခြားချက်ကတော့ မော်ဒယ်လ်လုပ်ငန်း အသက်မွေးဝမ်းကျောင်းအလုပ်ကို အသက်ငါးဆယ်မှ စတင်ခဲ့သူဖြစ်တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့လှပတဲ့ မျက်နှာနဲ့ ငွေရောင်ဆံပင်တို့ဟာ ပရိသတ်တွေကို ညှို့ယူဖမ်းစားနိုင်လွန်းနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ကို ဘယ်အချိန်စသင့်သလဲမမေးလိုက်ပါနဲ့။ ကိုယ်စတင်တဲ့အချိန်ဟာ ကိုယ့်ရဲ့ အကောင်းဆုံးအချိန်ပဲဖြစ် ပါတယ်။

(၁၄) Chantelle Brown-Young

Chantelle Brown-Young က ကနေဒါနိုင်ငံမှဖြစ်ပြီးမော်ဒယ်တစ်ဦးလည်း ဖြစ်သလို စံပြု ထိုက်သူတစ်ဦး လည်းဖြစ်ပါတယ်။ ဘယ်လိုစံပြုထိုက်သူလဲဆိုတော့ သူမအသက်လေးနှစ်အရွယ်လောက်မှာ စတင်ပြီး အရေပြာ းအသားအရောင် မညီတာမျိုးဖြစ်လာပါတယ်။

အချိန်နဲ့အမျှ ကိုယ့်ကိုယ်ကို ဘယ်လိုလက်ခံရမလဲဆိုတာကို လေ့လာခဲ့ပြီး သူမရဲ့ ပုံသက်သေနဲ့ အမျိုးသမီးများစွာကို စိတ်ဓာတ်ခွန်အား တက်ကြွစေဖို့ လှုံ့ဆော်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

(၁၅) Stephen Thompson

စတီဖင်က နယူးယောက်မှာ နေထိုင်တဲ့ လက်ထောက်ဆရာတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ မော်ဒယ်နဲ့သ ရုပ်ဆောင်တစ်ဦးဖြစ်လို့နေပါပြီ။ စတီဖင်ကလည်း အဖြူရောင်စွဲတဲ့ ရောဂါတစ်မျိုးရှိပြီးသူက ဒီရောဂါအတွက် စိတ်ဓာတ်ကျခဲ့ခြင်းမရှိပါဘူး။

အခုချိန်မှာတော့ သူ့ရဲ့ပုံစံကိုက အလွန်ကို အံ့အားသင့်စရာဖြစ်စေပြီး ပရိသတ် တွေက သူဟာအရမ်းကိုပြည့်စုံတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်လို့လည်း အားပေးထားကြပါတယ်။

Credit-Shwenyanshin

  • Leave a Comment

Categories