ရုပ်ရှင်တွေထဲကလိုမျိုး ဝတ်စုံပြည့်ဝတ်ထားပြီး ဒုက္ခရောက်နေတဲ့ သူတွေကို စူပါစွမ်းအားတွေနဲ့ ကူညီနေသူတွေမှ စူပါဟီးရိုးတွေလို့ခေါ်တာမဟုတ်ပါဘူး။ ကျွန်မတို့နဲ့ အတူတကွ နေထိုင်နေတဲ့ သူတွေကြားထဲမှာ လူသားချင်းစာနာစိတ်အပြည့်နဲ့ ကူညီတတ်သူတွေဟာလည်းစူပါဟီးရိုးတွေပါပဲ။ စွမ်းအားတွေ မရှိပေမယ့် စူပါဟီးရိုးတွေလို့ ခေါ်ထိုက်တဲ့ သူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။
(၁)
လျင်မြန်ဖျက်လတ်လွန်းတဲ့ ဖေဖေ.
(၂)
ကိုယ်မသိလိုက်ဘဲ ဂျင်းမိလိုက်တဲ့ အရာကို နောက်လူတွေမခံလိုက်ရအောင် စေတနာနဲ့ သတိပေးသွားခဲ့သူတစ်ဦး အရသာက သိပ်ဆိုးလွန်းတယ်…ငါ့ကိုယုံပါတဲ့..
(၃)
ခေါင်းအငြိမ်နိုင်ဆုံးသူဆိုပြီး ကမ္ဘာ့စံချိန်ကိုတောင် ချိုးသွားလောက်တယ်။
(၄)
စက်ရဲ့ချို့ယွင်းချက်ကြောင့် ခလုတ်တွေရဲ့ အလုပ်လုပ်ပုံမမှန်ကြောင်းကို နောက်လူတွေအတွက် သတိပေးခဲ့သူ… တကယ်လို့ စိတ်လှုပ်ရှားစရာတွေကို ကြိုက်တယ်ဆိုရင်တော့ စမ်းလုပ်ကြည့်ပေါ့တဲ့
(၅)
ကြည့်ရတာ အန္တရာယ်များတဲ့ ပုံပေါက်ပေမယ့် သူလုပ်နိုင်လောက်မှာပါ။
(၆)
ဘယ်လို အခြေအနေတွေမှာပဲဖြစ်ပါစေ…အိမ်တိုင်ရာရောက် ပို့ပေးမယ်လို့ ပြောထားတာပဲ.. ရအောင် လုပ်ပေးရမှာပေါ့
(၇)
အခုလိုရအောင် ဘယ်လိုများလုပ်လိုက်တာပါလိမ့်.. ရမရ သိချင်ရင်တော့ စမ်းလုပ်ကြည့်နော်…
(၈)
မွေးထားတဲ့ ခွေးလေးတွေနဲ့ အတူတူ အပြင်ထွက်နိုင်ဖို့အတွက် ရထားတွဲလေးဖန်တီးခဲ့တဲ့ အသက် ၈၀နှစ်အရွယ် အဘိုး
(၉)
ဟူးမန်းတို့ကို တစ်ကွက်ပြလိုက်တဲ့ အာဝု
၁၀)
ကူညီပေးတတ်တဲ့ လက်တစ်စုံ
(၁၁)
ပီဇာဘူး ၄၇ ဘူးကို တစ်ပြိုင်နက်တည်း သယ်သွားပြီး ပို့ပေးတဲ့ အံ့ဖွယ်လူ
(၁၂)
ကိစ္စဝိစ္စတွေ မရှင်းခင်မှာ အိမ်သာသုံးတစ်ရှူး ကုန်နေလားဆိုတာကို အရင်စစ်ဆေးဖို့အတွက် အကြံပေးခဲ့သူ… သူ့အကြံက ဒုက္ခရောက်မယ့်သူတစ်ယောက်ကို ကယ်တင်လိုက်နိင်မှာပါ။
(၁၃)
ဘတ်စ်ကားပေါ်က ထိုင်ခုံပြဲနေတာကို ချုပ်ပေးနေခဲ့တဲ့ ခရီးသွား အမျိုးသမီး… သူ့ရဲ့ ကူညီမှုကြောင့် ထိုင်ခုံလေးကြည့်ရဆိုးနေတာကို ပြုပြင်နိုင်ခဲ့ပါတယ်။
(၁၄)
သမင်လေးတစ်ကောင်ဟာ စတိုးဆိုင်တစ်ဆိုင်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့ပါတယ်။ ဆိုင်ရှင်က သမင်ကို မောင်းမထုတ်ခဲ့ဘဲ ချောကလက်နှင့် ကွတ်ကီးတွေတောင် ကျွေးခဲ့ပါတယ်။
(၁၅)
မီးလောင်မှုတစ်ခုကြောင့် မျက်နှာပျက်စီးခဲ့တဲ့ ကလေးမလေးတစ်ယောက်ဟာ ခရစ်စမတ် ဆုတောင်းကတ်လေးတွေ ပို့ပေးပါလို့ အင်တာနက်ပေါ်မှာ တောင်းဆိုခဲ့ပါတယ်။ လူသားဆန်တဲ့ လူအများကြီးက သူမထံကို ခရစ်စမတ်လက်ဆောင်တွေအများကြီး ပို့ပေးခဲ့ကြပါတယ်။
(၁၆)
ပါတီပွဲတိုင်းမှာ လိုအပ်တဲ့ စူပါဟီးရိုး
(၁၇)
ပီဇာမှာ နာနတ်သီးမပါတာကြောင့် တောင်းပန်စာလေးနဲ့အတူ ပိုက်ဆံပါ ပြန်ထည့်ပေးလိုက်တဲ့ စားဖိုမှူး
(၁၈)
ရဲကား ရှိနေကြောင်းကို ကားသမားအချင်းချင်း အလျင်မှီအောင် သတိပေးနေတဲ့ သူ
(၁၉)
စာမေးပွဲမဖြေခင် ကျောင်းသားတွေ စိတ်တည်ငြိမ်စေဖို့ ကျောင်းကို ခွေးလေး ယူလာခဲ့တဲ့ ဆရာ
(၂၀)
ဘယ်လိုကိစ္စတွေပဲဖြစ်ပျက်နေပါစေ.မေတ္တာနဲ့ပေးတဲ့လက်ဆောင်ကတော့ အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ။
(၂၁)
ချစ်သူကောင်မလေး ခြေထောက်နာနေလို့ သူ့ရဲ့ ဖိနပ်ကို ချွတ်ပေးခဲ့ပြီး သူကိုယ်တိုင်ကျ ခြေဗလာနှင့် လမ်းလျှောက်နေတဲ့ အမျိုးသား
(၂၂)
အိမ်ကခွေးလေးဟာ ကားတိုက်ခံခဲ့ရပြီး သေလုမျောပါးခံစားခဲ့ရတာပါ။ သူ့ခွေးလေးကို သိပ်ချစ်တဲ့ ကျွန်မကလေးကတော့ သူပါ လက်ကျိုးချင်ယောင်ဆောင်ပြီး ခွေးလေးကို နှစ်သိမ့်ပေးခဲ့ပါတယ်။
(၂၃)
ရဲတစ်ဦးဟာ ခွေးလေးတစ်ကောင်ကို မွေးစားခဲ့ပြီး ထိုခွေးလေးကို ကြင်ကြင်နာနာ ကို ဖက်ပေးထားတာပါ။
ပရိသတ်တွေရော ကိုယ့်ကို ကူညီပေးခဲ့တဲ့ ဟီးရိုးတွေကို မှတ်မိသေးရဲ့လား..ကိုယ့်ဘဝရဲ့ ဟီးရိုးတွေကရော ဘယ်သူတွေဖြစ်မလဲဆိုတာကို ပြောပြပေးခဲ့ပါအုံးနော်။
Credit-Shwenyanshin