ယခုလို ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ဆိုင်ထိုင်စားလို့မရလို့ ၊ လူတွေဟာ နေအိမ်အတွင်းမှာပဲ ကိုယ်စားသောက်ချင်တဲ့ အစားအစာတွေကို မှာစား ၊ ချက်စားလေ့ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အိမ်မွေးတိရစ္ဆာန်တွေမွေးထားတဲ့ သူတွေအသိဆုံး အချက်လို့ပြောရမှာပါ ။ အကြောင်းကတော့ နေအိမ်မှာ ဟော့ပေါ့လုပ်စားကြရင် အိမ်မွေးကြောင်တွေက များလွန်းလို့ သခင်ဖြစ်သူတွေက လွတ်လွတ်လပ်လပ် စားသောက်ခွင့်မရကြတာပါပဲ ။ ဒါကြောင့် သခင်ဖြစ်သူက ကြောင်လေးတွေကို နေအိမ်အတွင်မှာ သော့ခတ်ထားခဲ့ပြီး ၎င်းတို့လင်မယားကတော့ နေအိမ်အပြင်ဖက်ခြံလေးထဲမှာ ဖျာလေးခင်ပြီး ဟော့ပေါ့လုပ်စားခဲ့ကြတာပါ ။ အဆိုပါအဖြစ်အပျက်ကို မှန်ပြတင်းပေါက်ကနေ တွေ့မြင်နေရတဲ့ ကြောင်လေးတွေက လုံးဝမခံစားနိုင်ဘဲ သခင့်ကိုအလွန်အမင်းဒေါသထွက်နေကြတာကို ဓာတ်ပုံထဲမှာ အထင်းသားကြီး မြင်တွေ့ရမှာပါ ။ လွတ်လပ်စွာစားသောက်ချင်တဲ့ သခင် နဲ့ သူတို့ကိုချန်ထားလို့ စိတ်ဆိုးဒေါသထွက်နေကြတဲ့ ကြောင်လေးတွေရဲ့အဖြစ်ဟာ အတော်လေးကို ရယ်မောဖွယ်ရာ ကောင်းလွန်းလှပါတယ်လေ ။
1
2
3
4
Credit-Mia (Mckzone Daily)
Zawgyi
အုပ္စုလိုက္ သခင့္ကို မေက်မနပ္ေဒါသထြက္ခဲ့ၾကတဲ့ ေၾကာင္အုပ္စုေလးရဲ႕အျဖစ္
ယခုလို ကူးစက္ေရာဂါျဖစ္ပြားေနတဲ့ ကာလမွာ ဆိုင္ထိုင္စားလို႔မရလို႔ ၊ လူေတြဟာ ေနအိမ္အတြင္းမွာပဲ ကိုယ္စားေသာက္ခ်င္တဲ့ အစားအစာေတြကို မွာစား ၊ ခ်က္စားေလ့ရွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အိမ္ေမြးတိရစာၦန္ေတြေမြးထားတဲ့ သူေတြအသိဆုံး အခ်က္လို႔ေျပာရမွာပါ ။ အေၾကာင္းကေတာ့ ေနအိမ္မွာ ေဟာ့ေပါ့လုပ္စားၾကရင္ အိမ္ေမြးေၾကာင္ေတြက မ်ားလြန္းလို႔ သခင္ျဖစ္သူေတြက လြတ္လြတ္လပ္လပ္ စားေသာက္ခြင့္မရၾကတာပါပဲ ။ ဒါေၾကာင့္ သခင္ျဖစ္သူက ေၾကာင္ေလးေတြကို ေနအိမ္အတြင္မွာ ေသာ့ခတ္ထားခဲ့ၿပီး ၎တို႔လင္မယားကေတာ့ ေနအိမ္အျပင္ဖက္ၿခံေလးထဲမွာ ဖ်ာေလးခင္ၿပီး ေဟာ့ေပါ့လုပ္စားခဲ့ၾကတာပါ ။ အဆိုပါအျဖစ္အပ်က္ကို မွန္ျပတင္းေပါက္ကေန ေတြ႕ျမင္ေနရတဲ့ ေၾကာင္ေလးေတြက လုံးဝမခံစားႏိုင္ဘဲ သခင့္ကိုအလြန္အမင္းေဒါသထြက္ေနၾကတာကို ဓာတ္ပုံထဲမွာ အထင္းသားႀကီး ျမင္ေတြ႕ရမွာပါ ။ လြတ္လပ္စြာစားေသာက္ခ်င္တဲ့ သခင္ နဲ႔ သူတို႔ကိုခ်န္ထားလို႔ စိတ္ဆိုးေဒါသထြက္ေနၾကတဲ့ ေၾကာင္ေလးေတြရဲ႕အျဖစ္ဟာ အေတာ္ေလးကို ရယ္ေမာဖြယ္ရာ ေကာင္းလြန္းလွပါတယ္ေလ ။
Credit-Mia (Mckzone Daily)