မေတြ႔ရတာၾကာၿပီျဖစ္တဲ့ သခင့္ကို ေပြ႔ဖက္လို႔မဝႏိုင္ေအာင္ျဖစ္ေနတဲ့ ငန္းထီးေလးရဲ႕ (႐ုပ္သံ)

အိမ္ေမြးတိရစာၦန္ေတြ နဲ႔ လူေတြၾကားကခ်စ္ျခင္းေမတၱာေတြဟာ အခ်ိဳ႕ဆိုရင္ တုႏႈိင္းယွဥ္စရာမ႐ွိေလာက္ေအာင္ ျဖဴ စင္လြန္းလွၿပီး ၊ သစၥာ႐ွိလြန္းလွပါတယ္ ။ လူအေတာ္မ်ားမ်ားက အိမ္ေမြးတိရစာၦန္ေတြဆိုရင္ ေခြးေလး ၊ ေၾကာင္ေလးေတြကိုသာ ေျပးျမင္ေနၾကေပမဲ့ ဒီတစ္ေခါက္ေဖာ္ျပမဲ့ အိမ္ေမြးအေကာင္ေလးကေတာ့ပံုမွန္အိမ္ေမြးအေကာင္ေလး မဟုတ္ေပမဲ့လည္း သခင္ျဖစ္သူနဲ႔ ျပန္ဆံုေတြ႔ရလို႔ ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ သူ႔ရဲ႕အျပဳအမႈေလးဟာ ခ်စ္ဖို႔ေကာင္းလြန္းလွပါတယ္ ။ Video ေလးမွာေတာ့ Seman အမည္႐ွိတဲ့ ငန္းထီးတစ္ေကာင္ဟာ သခင္ျဖစ္သူကို ေပြ႔ဖက္ေနခဲ့တာပါ ။

” ကြၽန္ေတာ္ Seman ဆီကို အလည္မလာတာ အေတာ္ေလးၾကာေနခဲ့ၿပီ ၊ သူကြၽန္ေတာ့္ကို အခုထိမွတ္မိေနေတာ့ အေတာ္ေလးေပ်ာ္ပါတယ္ ” ဆိုတဲ့ စာသားေလးနဲ႔ Video ကို သခင္ျဖစ္သူက Twitter စာမ်က္ႏွာေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ Seman သခင္ရဲ႕ ညီေလးျဖစ္သူကလည္း Seman ကိုေပြ႔ဖက္ျခင္ေပမဲ့လည္း Seman ကလက္မခံခဲ့ပါဘူး ။

ငန္းထီးေတြအေတာ္မ်ားမ်ားဟာ ဆိုးသြမ္းလြန္းတဲ့အတြက္ အခ်ိဳ႕ဆိုရင္ အိမ္ေစာင့္ ၊ ျခံဝန္းေစာင့္ဖို႔အတြက္သာ ေမြးျမဴထားေလ့႐ွိပါတယ္ ။ သို႔ေပမဲ့လည္း Seman ေလးရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့အျပဳအမႈေလးေၾကာင့္ Seman ေလးရဲ႕ video ဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Unicode

မတွေ့ရတာကြာပြီဖြစ်တဲ့ သခင့်ကို ပွေ့ဖက်လို့မဝနိုင်အောင်ဖြစ်နေတဲ့ ငန်းထီးလေးရဲ့ (ရုပ်သံ)

အိမ်မွေးတိရစ္ဆာန်တွေ နဲ့ လူတွေကြားကချစ်ခြင်းမေတ္တာတွေဟာ အချို့ဆိုရင် တုနှိုင်းယှဉ်စရာမရှိလောက်အောင် ဖြူ စင်လွန်းလှပြီး ၊ သစ္စာရှိလွန်းလှပါတယ် ။ လူအတော်များများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ခွေးလေး ၊ ကြောင်လေးတွေကိုသာ ပြေးမြင်နေကြပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ အိမ်မွေးအကောင်လေးကတော့ပုံမှန်အိမ်မွေးအကောင်လေး မဟုတ်ပေမဲ့လည်း သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့ရလို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ သူ့ရဲ့အပြုအမှုလေးဟာ ချစ်ဖို့ကောင်းလွန်းလှပါတယ် ။ Video လေးမှာတော့ Seman အမည်ရှိတဲ့ ငန်းထီးတစ်ကောင်ဟာ သခင်ဖြစ်သူကို ပွေ့ဖက်နေခဲ့တာပါ ။

” ကျွန်တော် Seman ဆီကို အလည်မလာတာ အတော်လေးကြာနေခဲ့ပြီ ၊ သူကျွန်တော့်ကို အခုထိမှတ်မိနေတော့ အတော်လေးပျော်ပါတယ် ” ဆိုတဲ့ စာသားလေးနဲ့ Video ကို သခင်ဖြစ်သူက Twitter စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပါတယ် ။ Seman သခင်ရဲ့ ညီလေးဖြစ်သူကလည်း Seman ကိုပွေ့ဖက်ခြင်ပေမဲ့လည်း Seman ကလက်မခံခဲ့ပါဘူး ။

ငန်းထီးတွေအတော်များများဟာ ဆိုးသွမ်းလွန်းတဲ့အတွက် အချို့ဆိုရင် အိမ်စောင့် ၊ ခြံဝန်းစောင့်ဖို့အတွက်သာ မွေးမြူထားလေ့ရှိပါတယ် ။ သို့ပေမဲ့လည်း Seman လေးရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အပြုအမှုလေးကြောင့် Seman လေးရဲ့ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment