ကောင်မလေးနာမည်ကတော့ Maddie Pickering ပါ။ အသက်ကတော့ အခု ၁၉ နှစ်ရှိလို့နေပါပြီ။ အသက် ၁၉ နှစ်ဆိုပေမယ့်လည်း Maddie ဟာ အခုဆိုရင် ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ဝယ်လိုက်နိုင်ခဲ့ပါပြီ။
သူမရဲ့ အိမ်တန်ဖိုးကတော့ ဒေါ်လာ ၃ သိန်းရှိပါတယ်တဲ့။ Logan နားမှာရှိနေတဲ့ Pebble Creek ရပ်ကွက်ထဲက အိမ်တစ်လုံးကို Maddie ဟာ မျက်စိကျခဲ့ပြီး တော်တော်လေးကို လိုချင်ခဲ့မိပါတယ်။ ဒါကြောင့် အမြဲတမ်းလိုလို အမေဖြစ်သူနဲ့ အဲဒီအိမ်ကိုသွားသွားကြည့်ကာ ဓာတ်ပုံတွေလည်းရိုက်ပြီး သိမ်းထားတတ်ပါတယ်တဲ့။
Maddie ဟာ အသက် ၁၁ နှစ်အရွယ်ကတည်းကိုက ကိုယ်ပိုင်အိမ်တစ်လုံးနဲ့ အထက်တန်းပြီးတာနဲ့ ကိုယ်ပိုင်အိမ်လေးမှာ သီးသန့်နေနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရသမျှမုန့်ဖိုးတွေကိုစု၊ ကျောင်းတက်ပြီး ဘာဂါဆိုင်မှာစားပွဲထိုးတာလိုမျိုး အချိန်ပိုင်းအလုပ်လေးတွေလည်း ရမျှအကုန်လိုက်လုပ်ပြီး ပိုက်ဆံကို စုလာခဲ့တာပါတဲ့။
အခု ၁၉ နှစ်ရောက်တဲ့အချိန်မှာတော့ အိမ်တန်ဖိုးရဲ့တစ်ဝက်ကို စရံအဖြစ် အဲဒီအိပ်မက်အိမ်လေးကိုဝယ်လိုက်နိုင်ခဲ့ပါပြီ။ နောက်တစ်ဝက်ကတော့ ပြည့်ခါနီး နည်းနည်းလိုနေသေးတဲ့အတွက်ကြောင့် ဒီနှစ် ဒီဇင်ဘာလထဲမှပဲ အိမ်တန်ဖိုးရဲ့ ကျန်တဲ့တစ်ဝက်ကို ပေးချေမှာဖြစ်တယ်လို့ News. AU ကို ပြောပြလာခဲ့ပါတယ်။
Maddie ကို ကူညီတဲ့အနေနဲ့ အိမ်ပိုင်ရှင်ဟာ Maddie လေးကို ပိုက်ဆံအပြည့်ပေးမချစေဘဲ စစချင်း ရှိတဲ့ ဒေါ်လာ ၁၅၀၀၀၀ ကိုပဲ အရင်ယူထားပြီး အစိုးရဖက်ကလည်း Maddie ကို အထူးအခွင့်ရေးအပေးကာ ချေးငွေ ၂၅၀,၀၀၀ တောင်ချပေးခဲ့ပါတယ်တဲ့။
အခုအချိန်မှာတော့ စရံပေးထားတဲ့ အိမ်လေးကို စိတ်ကြိုက်ပြင်ဆင်မှုတွေလည်းလုပ်နေပြီး ပိုက်ဆံအပြည့်ချေပြီးတာနဲ့တပြိုင်နက် Maddie ဟာ မိခင်နဲ့အတူတူ အိပ်မက်အိမ်လေးကိုပြောင်းနေတော့မှာပါတဲ့။
Zawgyi
ဆယ္ေက်ာ္သက္အ႐ြယ္မွာ အိမ္ဝယ္ႏိုင္ဖို႔ (၁၁)ႏွစ္အ႐ြယ္ထဲက ပိုက္ဆံရွာခဲ့သူ
ေကာင္မေလးနာမည္ကေတာ့ Maddie Pickering ပါ။ အသက္ကေတာ့ အခု ၁၉ ႏွစ္ရွိလို႔ေနပါၿပီ။ အသက္ ၁၉ ႏွစ္ဆိုေပမယ့္လည္း Maddie ဟာ အခုဆိုရင္ ကိုယ္ပိုင္အိမ္တစ္လုံးကို ကိုယ့္အစြမ္းအစနဲ႔ကိုယ္ ဝယ္လိုက္ႏိုင္ခဲ့ပါၿပီ။
သူမရဲ႕ အိမ္တန္ဖိုးကေတာ့ ေဒၚလာ ၃ သိန္းရွိပါတယ္တဲ့။ Logan နားမွာရွိေနတဲ့ Pebble Creek ရပ္ကြက္ထဲက အိမ္တစ္လုံးကို Maddie ဟာ မ်က္စိက်ခဲ့ၿပီး ေတာ္ေတာ္ေလးကို လိုခ်င္ခဲ့မိပါတယ္။ ဒါေၾကာင့္ အၿမဲတမ္းလိုလို အေမျဖစ္သူနဲ႔ အဲဒီအိမ္ကိုသြားသြားၾကည့္ကာ ဓာတ္ပုံေတြလည္း႐ိုက္ၿပီး သိမ္းထားတတ္ပါတယ္တဲ့။
Maddie ဟာ အသက္ ၁၁ ႏွစ္အ႐ြယ္ကတည္းကိုက ကိုယ္ပိုင္အိမ္တစ္လုံးနဲ႔ အထက္တန္းၿပီးတာနဲ႔ ကိုယ္ပိုင္အိမ္ေလးမွာ သီးသန႔္ေနႏိုင္ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ရသမွ်မုန႔္ဖိုးေတြကိုစု၊ ေက်ာင္းတက္ၿပီး ဘာဂါဆိုင္မွာစားပြဲထိုးတာလိုမ်ိဳး အခ်ိန္ပိုင္းအလုပ္ေလးေတြလည္း ရမွ်အကုန္လိုက္လုပ္ၿပီး ပိုက္ဆံကို စုလာခဲ့တာပါတဲ့။
အခု ၁၉ ႏွစ္ေရာက္တဲ့အခ်ိန္မွာေတာ့ အိမ္တန္ဖိုးရဲ႕တစ္ဝက္ကို စရံအျဖစ္ အဲဒီအိပ္မက္အိမ္ေလးကိုဝယ္လိုက္ႏိုင္ခဲ့ပါၿပီ။ ေနာက္တစ္ဝက္ကေတာ့ ျပည့္ခါနီး နည္းနည္းလိုေနေသးတဲ့အတြက္ေၾကာင့္ ဒီႏွစ္ ဒီဇင္ဘာလထဲမွပဲ အိမ္တန္ဖိုးရဲ႕ က်န္တဲ့တစ္ဝက္ကို ေပးေခ်မွာျဖစ္တယ္လို႔ News. AU ကို ေျပာျပလာခဲ့ပါတယ္။
Maddie ကို ကူညီတဲ့အေနနဲ႔ အိမ္ပိုင္ရွင္ဟာ Maddie ေလးကို ပိုက္ဆံအျပည့္ေပးမခ်ေစဘဲ စစခ်င္း ရွိတဲ့ ေဒၚလာ ၁၅၀၀၀၀ ကိုပဲ အရင္ယူထားၿပီး အစိုးရဖက္ကလည္း Maddie ကို အထူးအခြင့္ေရးအေပးကာ ေခ်းေငြ ၂၅၀,၀၀၀ ေတာင္ခ်ေပးခဲ့ပါတယ္တဲ့။
အခုအခ်ိန္မွာေတာ့ စရံေပးထားတဲ့ အိမ္ေလးကို စိတ္ႀကိဳက္ျပင္ဆင္မႈေတြလည္းလုပ္ေနၿပီး ပိုက္ဆံအျပည့္ေခ်ၿပီးတာနဲ႔တၿပိဳင္နက္ Maddie ဟာ မိခင္နဲ႔အတူတူ အိပ္မက္အိမ္ေလးကိုေျပာင္းေနေတာ့မွာပါတဲ့။