ရုပ်ရည်နုပျိုလွန်းတာကြောင့် သူမရဲ့ခင်ပွန်းသည်ကို ဖခင်လို့တောင် ထင်မှားမိစေတဲ့ ၅၁ နှစ်အရွယ် အမျိုးသမီးရဲ့ အသွင်အပြင်

ဂျပန်နိုင်ငံက Nagoya မြို့မှ Masako Mizutani အမည်ရှိ အမျိုးသမီးဟာ အလှတရားပြိုင်ပွဲတစ်ခုမှာ ပါဝင်ပြီး သူမရဲ့မယုံနိုင်လောက်တဲ့ ရုပ်ရည်အသွင်အပြင်ကြောင့် အနိုင်ရရှိခဲ့ပါတယ် ။ ထိုအချိန်ကတည်းက Mizutani ဟာ ဂျပန်နိုင်ငံမှာ အဓိကအဝတ်အထည်နဲ့ အလှကုန်အမှတ်တံဆိပ်များမှ ဖျော်ဖြေပွဲများ ပြုလုပ်ရန် ကမ်းလှမ်းခံခဲ့ရပါတယ် ။ အံ့သြစရာကတော့ Mizutani ဟာ အသက် ၅၁ နှစ်အရွယ်ရှိပြီးဆိုတာဘဲဖြစ်ပါတယ် ။ သူမဟာ ငယ်ရွယ်တဲ့ အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ပြီး ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ် ။ သူမကို ကောလိပ်ကျောင်းသူတစ်ယောက်လို့တောင် မှားယွင်းမိပါတယ် ။ ကျေးဇူးတင်စရာမှာ Mizutani က အင်တာဗျူးတွေ နဲ့ Vlog တွေမှာ သူမရဲ့ လျှို့ဝှက်ချက်များကို ဝေမျှခဲ့ပါတယ် ။ ၎င်းဟာ ကျန်းမာတဲ့ကိုယ်ခန္ဓာနဲ့ ဆက်စပ်နေပါတယ် ။

အရက်နဲ့ ဆေးရွက်ကြီးကို ရှောင်ကြဉ်ပြီး သက်သတ်လွတ် အစားအစာများကို စားသုံးခြင်းအပြင် တစ်နေ့လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ရပါတယ် ။ အရေးအကြီးဆုံးကတော့ သူမဟာ အသားအရေနဲ့ ခန္ဓာကိုယ်ကို ပျော့ပျောင်းစေရန် တစ်နေ့လျှင် ၅ နာရီခန့် အနားယူပါတယ် ။ နံနက်ခင်းမှာ Mizutani ဟာ နိုးလာပြီး မျက်နှာသစ်အမည်းမှုတ်ဆေးရည် နဲ့ မျက်နှာသန့်စင်စေပြီး ၁၀ မိနစ် ‌လောက် အဖြူရောင် skincare ကို ကပ်ထားပါတယ် ။ ညနေပိုင်းတွေမှာ Mizutani ဟာ သူမမျက်နှာပေါ်ကမိတ်ကပ်ကို ဂရုတစိုက်ဖယ်ရှားပြီး skincare ကို ထပ်မံကပ်ထားခဲ့ပါတယ် ။

Mizutani ဟာ သူမရဲ့အသားအရေကို နေရောင်ခြည်မှကာကွယ်နိုင်တဲ့ ခရင်ကို အသုံးပြုခြင်းနဲ့ ဦးထုပ်ဆောင်းခြင်းတို့ဖြင့် မိမိကိုယ်ကို ကာကွယ်ခဲ့တာပါ ။ သူမက နေအရမ်းမပူလွန်းတဲ့အချိန်ဖြစ်တဲ့ နံနက် ၈ နာရီခန့်မှစပြီး ဥယျာဉ်ကိုသန့်ရှင်းရေးပြုလုပ်ရန် အိမ်အပြင်ဘက်ကို ထွက်ပါတယ် ။ Mizutani ဟာ နံနက် ၅ နာရီမှာထပြီး ည ၁၁ နာရီလောက်မှ အိပ်တာပါ ။ သူမမျက်နှာကို ဂရုစိုက်ရုံသာမက Mizutani က ကျန်းမာသန်စွမ်းအောင်လည်း ထိန်းသိမ်းထားပါတယ် ။ လူအချို့က Mizytani ရဲ့ခင်ပွန်းသည်ကို သူမရဲ့ ဖခင်လို့ ထင်နေမိကြပါတယ် ။

1

2

3

4

5

6

7

8

9

Credit-JRose (KB Chimmy One)

Reference : gtgoodtimes

Zawgyi

႐ုပ္ရည္ႏုပ်ိဳလြန္းတာေၾကာင့္ သူမရဲ႕ခင္ပြန္းသည္ကို ဖခင္လို႔ေတာင္ ထင္မွားမိေစတဲ့ ၅၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီးရဲ႕ အသြင္အျပင္

ဂ်ပန္ႏိုင္ငံက Nagoya ၿမိဳ႕မွ Masako Mizutani အမည္ရွိ အမ်ိဳးသမီးဟာ အလွတရားၿပိဳင္ပြဲတစ္ခုမွာ ပါဝင္ၿပီး သူမရဲ႕မယုံႏိုင္ေလာက္တဲ့ ႐ုပ္ရည္အသြင္အျပင္ေၾကာင့္ အႏိုင္ရရွိခဲ့ပါတယ္ ။ ထိုအခ်ိန္ကတည္းက Mizutani ဟာ ဂ်ပန္ႏိုင္ငံမွာ အဓိကအဝတ္အထည္နဲ႔ အလွကုန္အမွတ္တံဆိပ္မ်ားမွ ေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္ရန္ ကမ္းလွမ္းခံခဲ့ရပါတယ္ ။ အံ့ၾသစရာကေတာ့ Mizutani ဟာ အသက္ ၅၁ ႏွစ္အ႐ြယ္ရွိၿပီးဆိုတာဘဲျဖစ္ပါတယ္ ။ သူမဟာ ငယ္႐ြယ္တဲ့ အသြင္အျပင္ကို ထိန္းသိမ္းထားႏိုင္ၿပီး ေကာင္းမြန္တဲ့ အသားအေရကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္ ။ သူမကို ေကာလိပ္ေက်ာင္းသူတစ္ေယာက္လို႔ေတာင္ မွားယြင္းမိပါတယ္ ။ ေက်းဇူးတင္စရာမွာ Mizutani က အင္တာဗ်ဴးေတြ နဲ႔ Vlog ေတြမွာ သူမရဲ႕ လွ်ိဳ႕ဝွက္ခ်က္မ်ားကို ေဝမွ်ခဲ့ပါတယ္ ။ ၎ဟာ က်န္းမာတဲ့ကိုယ္ခႏၶာနဲ႔ ဆက္စပ္ေနပါတယ္ ။

အရက္နဲ႔ ေဆး႐ြက္ႀကီးကို ေရွာင္ၾကဥ္ၿပီး သက္သတ္လြတ္ အစားအစာမ်ားကို စားသုံးျခင္းအျပင္ တစ္ေန႔လွ်င္ မိနစ္ ၃၀ ခန္႔ ေလ့က်င့္ခန္းပုံမွန္ ျပဳလုပ္ရပါတယ္ ။ အေရးအႀကီးဆုံးကေတာ့ သူမဟာ အသားအေရနဲ႔ ခႏၶာကိုယ္ကို ေပ်ာ့ေပ်ာင္းေစရန္ တစ္ေန႔လွ်င္ ၅ နာရီခန႔္ အနားယူပါတယ္ ။ နံနက္ခင္းမွာ Mizutani ဟာ ႏိုးလာၿပီး မ်က္ႏွာသစ္အမည္းမႈတ္ေဆးရည္ နဲ႔ မ်က္ႏွာသန႔္စင္ေစၿပီး ၁၀ မိနစ္ ‌ေလာက္ အျဖဴေရာင္ skincare ကို ကပ္ထားပါတယ္ ။ ညေနပိုင္းေတြမွာ Mizutani ဟာ သူမမ်က္ႏွာေပၚကမိတ္ကပ္ကို ဂ႐ုတစိုက္ဖယ္ရွားၿပီး skincare ကို ထပ္မံကပ္ထားခဲ့ပါတယ္ ။

Mizutani ဟာ သူမရဲ႕အသားအေရကို ေနေရာင္ျခည္မွကာကြယ္ႏိုင္တဲ့ ခရင္ကို အသုံးျပဳျခင္းနဲ႔ ဦးထုပ္ေဆာင္းျခင္းတို႔ျဖင့္ မိမိကိုယ္ကို ကာကြယ္ခဲ့တာပါ ။ သူမက ေနအရမ္းမပူလြန္းတဲ့အခ်ိန္ျဖစ္တဲ့ နံနက္ ၈ နာရီခန႔္မွစၿပီး ဥယ်ာဥ္ကိုသန႔္ရွင္းေရးျပဳလုပ္ရန္ အိမ္အျပင္ဘက္ကို ထြက္ပါတယ္ ။ Mizutani ဟာ နံနက္ ၅ နာရီမွာထၿပီး ည ၁၁ နာရီေလာက္မွ အိပ္တာပါ ။ သူမမ်က္ႏွာကို ဂ႐ုစိုက္႐ုံသာမက Mizutani က က်န္းမာသန္စြမ္းေအာင္လည္း ထိန္းသိမ္းထားပါတယ္ ။ လူအခ်ိဳ႕က Mizytani ရဲ႕ခင္ပြန္းသည္ကို သူမရဲ႕ ဖခင္လို႔ ထင္ေနမိၾကပါတယ္ ။

Credit-JRose (KB Chimmy One)

  • Leave a Comment

Categories