ကြောင်ကလေးတွေကို အမွေတစ်ဝက်စီပေးထားတဲ့ မျက်နှာတစ်ခြမ်းစီမှာ အရောင်တစ်မျိုးစီရှိတဲ့ကြောင်

မျက်နှာမှာအရောင်နှစ်မျိုးရှိနေတဲ့ ချစ်စရာကြောင်းကလေးဟာ သူ့မျက်နှာက အရောင်တစ်မျိုးဆီနဲ့ ကလေးနှစ်ကောင် မွေးဖွားထားပါတယ်။ နာနီယာ လို့ ခေါ်တဲ့ ထိုကြောင်လေးဟာ ထူးခြားတဲ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်ကာ သူရဲ့မျက်နှာမှာတော့ အလယ်ကနေ အရောင်နှစ်မျိုးကို ခွဲထားတာတွေ့ရပါတယ်။

သူ့ရဲ့ မျက်နှာဟာ သင်္ချာနည်းအရ အသေအချာခွဲခြားထားတာလားလို့ ထင်ရလောက်အောင် အံ့ဩစရာကောင်းလှပါတယ်။ နာနီယာ ရဲ့မျက်နှာအသွင်ပြင်နဲ့ ပက်သက်လို့အတိအကျမှန်းဆလို့မရပေမယ့် ဒီအချက်ဟာ chimerism လို့ခေါ်တဲ့ မျိုးရိုးဗီဇကွဲလွဲမှုတစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် သူရဲ့ ပိုင်ရှင် Stephanie Jiminez က စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် သူ့ရဲ့ကြောင်ဟာ chimerism မဟုတ်ကြောင်း ပြောကြားခဲ့တာကြောင့် အရမ်းကို အံဩစရာဖြစ်ခဲ့ရပါတယ်။ နာနီယာဟာ ချစ်စဖွယ်ကောင်းလှတဲ့ ကြောင်ပေါက်လေးနှစ်ကောင်ကိုမွေးဖွားခဲ့ပြီး တစ်ကောင်မှာမီးခိုးရောင်နဲ့ နောက်တစ်ကောင်မှာ အမဲရောင်ဖြစ်ကာ သူ့ရဲ့မျက်နှာက အရောင်တစ်‌ရောင်ချင်းဆီနဲ့ မွေးခဲ့ပါတယ်။

အသက် ၃၄နှစ်အရွယ် ပိုင်ရှင် Jiminez ဟာ ပရော်ဖက်ရှင်နယ် ကြောင်မျိုးစပ်သူတစ်ခုဖြစ်ပါတယ်။ သူမရဲ့ပြောပြချက်အရ “မျိုးရိုးဗီဇပညာရှင်တစ်ဦးဟာ နာနီယာကိုစမ်းသပ်မှုတွေပြုလုပ်ခဲ့အခါမှာတော့ DNA တစ်မျိုးသာတွေ့ရှိခဲ့တာကြောင့် သိပ္ပံပညာအတွက် ခေါင်းစားစရာဖြစ်ခဲ့ရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူမက ” နာနီယာ ကိုမွေးလာတော့ ကျွန်မအရမ်းအံ့ဩသွားတယ်။ ဘာလို့ဆို နာနီယာဟာ အမဲရောင် နဲ့ မီးခိုးရောင် မျက်နှာ နဲ့ မွေးလာခဲ့ပြီး အရမ်းလည်းရှားတယ်လေ။ ပုံမှန်အားဖြင့် ကြောင်တွေက အနက်ရောင် မီးခိုးရောင် နှစ်မျိုးစပ် မမွေးကြဘူးလေ “လို့ ပြောဆိုခဲ့ပါတယ်။

နာနီယာရဲ့ မူလဇစ်မြစ် ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှဖြစ်ပြီး ယခုအခါမှာတော့ ပိုင်ရှင်နဲ့အတူ ဗြိတိန် မှာနေထိုင်နေပါတယ်။ နာနီယာရဲ့ အရောင် ဟာ ဘယ်လိုမျိုးရိုးဗီဇတွေ ဘာအကြောင်းတွေကြောင့် ဖြစ်လာတာလဲဆိုတာ နားမလည် နိုင်ပေမယ့်လို့ သူ့ရဲ့ ထူးခြားတဲ့ မျိုးရိုးဗီဇကြောင့် ချစ်စရာ ကြောင်လေးဖြစ်နေတာတော့ အမှန်ပါ။

Credit

Zawgyi

ေၾကာင္ကေလးေတြကို အေမြတစ္ဝက္စီေပးထားတဲ့ မ်က္ႏွာတစ္ျခမ္းစီမွာ အေရာင္တစ္မ်ိဳးစီရွိတဲ့ေၾကာင္

မ်က္ႏွာမွာအေရာင္ႏွစ္မ်ိဳးရွိေနတဲ့ ခ်စ္စရာေၾကာင္းကေလးဟာ သူ႔မ်က္ႏွာက အေရာင္တစ္မ်ိဳးဆီနဲ႔ ကေလးႏွစ္ေကာင္ ေမြးဖြားထားပါတယ္။ နာနီယာ လို႔ ေခၚတဲ့ ထိုေၾကာင္ေလးဟာ ထူးျခားတဲ့ရွားပါးမ်ိဳးစိတ္တစ္ခုျဖစ္ကာ သူရဲ႕မ်က္ႏွာမွာေတာ့ အလယ္ကေန အေရာင္ႏွစ္မ်ိဳးကို ခြဲထားတာေတြ႕ရပါတယ္။

သူ႔ရဲ႕ မ်က္ႏွာဟာ သခ်ၤာနည္းအရ အေသအခ်ာခြဲျခားထားတာလားလို႔ ထင္ရေလာက္ေအာင္ အံ့ဩစရာေကာင္းလွပါတယ္။ နာနီယာ ရဲ႕မ်က္ႏွာအသြင္ျပင္နဲ႔ ပက္သက္လို႔အတိအက်မွန္းဆလို႔မရေပမယ့္ ဒီအခ်က္ဟာ chimerism လို႔ေခၚတဲ့ မ်ိဳး႐ိုးဗီဇကြဲလြဲမႈတစ္ခုေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ဆိုပါတယ္။

ဒါေပမယ့္ သူရဲ႕ ပိုင္ရွင္ Stephanie Jiminez က စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ၿပီးေနာက္ သူ႔ရဲ႕ေၾကာင္ဟာ chimerism မဟုတ္ေၾကာင္း ေျပာၾကားခဲ့တာေၾကာင့္ အရမ္းကို အံဩစရာျဖစ္ခဲ့ရပါတယ္။ နာနီယာဟာ ခ်စ္စဖြယ္ေကာင္းလွတဲ့ ေၾကာင္ေပါက္ေလးႏွစ္ေကာင္ကိုေမြးဖြားခဲ့ၿပီး တစ္ေကာင္မွာမီးခိုးေရာင္နဲ႔ ေနာက္တစ္ေကာင္မွာ အမဲေရာင္ျဖစ္ကာ သူ႔ရဲ႕မ်က္ႏွာက အေရာင္တစ္‌ေရာင္ခ်င္းဆီနဲ႔ ေမြးခဲ့ပါတယ္။

အသက္ ၃၄ႏွစ္အ႐ြယ္ ပိုင္ရွင္ Jiminez ဟာ ပေရာ္ဖက္ရွင္နယ္ ေၾကာင္မ်ိဳးစပ္သူတစ္ခုျဖစ္ပါတယ္။ သူမရဲ႕ေျပာျပခ်က္အရ “မ်ိဳး႐ိုးဗီဇပညာရွင္တစ္ဦးဟာ နာနီယာကိုစမ္းသပ္မႈေတြျပဳလုပ္ခဲ့အခါမွာေတာ့ DNA တစ္မ်ိဳးသာေတြ႕ရွိခဲ့တာေၾကာင့္ သိပၸံပညာအတြက္ ေခါင္းစားစရာျဖစ္ခဲ့ရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး သူမက ” နာနီယာ ကိုေမြးလာေတာ့ ကြၽန္မအရမ္းအံ့ဩသြားတယ္။ ဘာလို႔ဆို နာနီယာဟာ အမဲေရာင္ နဲ႔ မီးခိုးေရာင္ မ်က္ႏွာ နဲ႔ ေမြးလာခဲ့ၿပီး အရမ္းလည္းရွားတယ္ေလ။ ပုံမွန္အားျဖင့္ ေၾကာင္ေတြက အနက္ေရာင္ မီးခိုးေရာင္ ႏွစ္မ်ိဳးစပ္ မေမြးၾကဘူးေလ “လို႔ ေျပာဆိုခဲ့ပါတယ္။

နာနီယာရဲ႕ မူလဇစ္ျမစ္ ကေတာ့ ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွျဖစ္ၿပီး ယခုအခါမွာေတာ့ ပိုင္ရွင္နဲ႔အတူ ၿဗိတိန္ မွာေနထိုင္ေနပါတယ္။ နာနီယာရဲ႕ အေရာင္ ဟာ ဘယ္လိုမ်ိဳး႐ိုးဗီဇေတြ ဘာအေၾကာင္းေတြေၾကာင့္ ျဖစ္လာတာလဲဆိုတာ နားမလည္ ႏိုင္ေပမယ့္လို႔ သူ႔ရဲ႕ ထူးျခားတဲ့ မ်ိဳး႐ိုးဗီဇေၾကာင့္ ခ်စ္စရာ ေၾကာင္ေလးျဖစ္ေနတာေတာ့ အမွန္ပါ။

  • Leave a Comment

Categories