အနုပညာဓာတ်ပုံဆရာတစ်ဦးဖြစ်သလို portrait loverလဲ ဖြစ်တဲ့ Pierre Semereဟာ လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပရောဂျက်မှာ ဓာတ်ပုံဆရာအဖြစ်ပါဝင်ခဲ့သူပါ။သူဟာ အနောက်အာဖရိက သို့ ခရီးဆက်ခဲ့ပြီး ၎င်းတို့ရဲ့နေ့စဉ်လူနေမှုဘဝအကြောင်းကို ပိုမိုသိရှိနိုင်စေဖို့ ဓာတ်ပုံတွေရိုက်ကူးစုဆောင်းခဲ့ပါတယ်။Pierre က အနောက်အာဖရိက လူမျိုးတစ်ဦးချင်းစီရဲ့ နွေးထွေးပျူဌာမှု၊တီထွင်ဖန်တီးနိုင်မှု နဲ့ ကြင်နာမှုတို့ဟာ သူ့ကို အံ့အားသင့်သွားစေခဲ့ပြီး သူတို့တွေက သူ့ရဲ့ကင်မရာကို စစ်မှန်တဲ့စိတ်နှလုံးသားဖွင့်ဟပေးခဲ့ကြကြောင်းလည်း ဆိုထားပါတယ်။တစ်ကယ်တမ်း ကမ္ဘာပေါ်က လူသားအားလုံးဟာ လူမျိုး၊ဘာသာတွေဘဲ ကွဲပြားသွားရုံသာရှိမယ် နွေးထွေးတဲ့နှလုံးသားတစ်စုံကိုတော့ အယောက်တိုင်းစီ ပိုင်ဆိုင်ထားတတ်ကြပါတယ်။အခုပုံတွေကတော့ Pierreရဲ့အကောင်းဆုံးရိုက်ချက်တွေပါတဲ့။ဒါဆို ဖော်ရွေပျူဌာတတ်တဲ့ အနောက်အာဖရိကသားတို့ရဲ့ဓာတ်ပုံအချို့ကို စာဖတ်သူတို့အဖို့ပါ ဖော်ပြပေးခဲ့လိုက်ပါတယ်နော်။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
Credit-Mia (Mckzone Daily)