လူဖြစ်ရပ်ကျိုးနပ်ဖို့အတွက် လူတိုင်း လူတိုင်းက မိမိလုပ်ချင်ရာတွေ အားလုံးကို လုပ်ဆောင်သွားဖို့ ဆန္ဒရှိကြမှာပါ။ တချို့လူတွေကတော့ ဘဝမှာ မိမိလုပ်ချင်တာတွေ၊ ဖြစ်ချင်ရာတွေကို မလုပ်မိဘဲ ကွယ်လွန်သွားလေ့ရှိပြီး တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မိမိဆန္ဒတွေကို လုပ်ဆောင်ခွင့်မရရှိခဲ့ကြပါဘူး။ ဒါပေမယ့် Dorothy Pollack လို့ ခေါ်တဲ့ အသက် ၁၀၃ နှစ်အရွယ်အဘွားတစ်ယောက်ကတော့ အသက်ရှင်သန်နေတဲ့ အချိန်အတွင်းမှာပဲ သူမ အင်မတန်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်သွားခဲ့ပါတယ်။
အဘွား Dorothy Pollack လုပ်ခဲ့တဲ့ အလုပ်က သူမရဲ့ ဘယ်ဘက်လက်ဖျံမှာ ဖားပြုတ်ပုံတက်တူးတစ်ခုထိုးခဲ့တာပဲဖြစ်ပါတယ်။ အဘွားဟာ “အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ၊ ဘယ်အရွယ်ရောက်ရောက် ဂေါ်နေမယ်”ဆိုတဲ့စကားကို အမှန်တကယ် သက်သေပြသွားခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
အဘွား Dorothy Pollackဟာ ရောဂါကပ်ဆိုးကြီးဖြစ်နေချိန်မှာ ဘိုးဘွားရိပ်သာလို သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တဲ့နေရာမှာ လပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။ ဒီလိုအချိန်ကြာမြင့်စွာ အပြင်လုံးဝမထွက်ရဘဲ အဲဒီအဆောက်အဦထဲမှာသာ နေနေရတာကြောင့် မလွတ်မလပ်နေထိုင်ခဲ့ရပြီး စိတ်ကျဉ်းကျပ်မှုတွေဖြစ်ကာ စိတ်ဓာတ်တွေကျဆင်းလာခဲ့တယ်လို့ မြေးဖြစ်သူ Teresa Zavitz-Jones က ဆိုပါတယ်။
အဲဒီလို သီးသန့်ထားထားတဲ့ အဆောက်အဦထဲကနေ အပြင်မထွက်ဘဲ နေနေရတာဟာ ထောင်ကျနေသလိုမျိုး ခံစားခဲ့ရကြောင်း၊ အဘွားရဲ့ ကျန်းမာရေးကို စောင့်ရှောက်နေတဲ့ သူနာပြုကတော့ အဘွားက စိတ်ဓာတ်ကျမှုအခြေအနေတွေဟာ တစ်နေ့တစ်ခြား ဆိုးဆိုးဝါးဝါးဖြစ်လာခဲ့ကြောင်း CNN ကိုပြောဆိုခဲ့ပါတယ်။
ဒီလိုမျိုး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အဘွားဆီကို မိတ်ဆွေတွေက ဖုန်းတွေလှမ်းဆက်ပြီး အားပေးစကားပြောကြားခဲ့ကြပေမယ့်လည်း အဘွားရဲ့ စိတ်ဓာတ်ကျမှု အခြေအနေက တိုးတက်မလာခဲ့ပါဘူး။ နောက်ဆုံးမှာတော့ အဘွားဖြစ်သူကို မြေးဖြစ်သူက သက်ကြီးရွယ်အိုတွေ သီးသန့်ထားရာ နေရာကနေ ပြန်ခေါ်လာခဲ့ရပါတော့တယ်။
အိမ်ပြန်ရောက်ရင်တော့ အဘွားက ဇာထိုးပန်းထိုးအလုပ်တွေ လုပ်ပြီး၊ ပန်းခြံထဲမှာ အေးအေးလူလူ လမ်းလျှောက်ရင်း စိတ်တင်းကြပ်မှုတွေကို ဖြေလျော့လောက်တယ်လို့ လူတိုင်းက ထင်ထားခဲ့ပေမယ့် အဘွား တကယ်လုပ်သွားခဲ့တဲ့ အလုပ်ကတော့ အားလုံးကို ရှော့ခ်ရသွားစေခဲ့ပါတယ်။ အသက် ၁၀၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်ဟာ သက်ကြီးရွယ်အိုတွေထားထားရာနေရာဆီကနေ အိမ်ပြန်ရောက်လာချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဆေးမင်ကြောင်ထိုးဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပြီး အမှန်တကယ်လည်း တက်တူးသွားထိုးခဲ့ပါတယ်။
သူမရဲ့ ဘယ်ဘက်လက်ဖျံမှာ အစိမ်းရောင်ဖားပြုတ်တစ်ကောင်ပုံကို တက်တူးထိုးပြီးချိန်မှာတော့ အဘွား Dorothy က အခုလိုပြောခဲ့ပါတယ် –
“ဒီကိစ္စက တော်တော်လေးကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကိစ္စပဲ။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မ မြေးက ကျွန်မကို တက်တူးတစ်ခုလောက်ထိုးဖို့ ပြောတယ်။ အဲဒီအချိန်တုန်းကတော့ မထိုးဖြစ်လိုက်ခဲ့ဘူး။ ဒါပေမယ့် အခု ရုတ်တရက်ကြီး တက်တူးတစ်ခုလောက် ထိုးရင် ကောင်းမှာပဲလို့ ဆုံးဖြတ်ချက်ချမိလိုက်တယ်။ ပြီးတော့ တကယ်လို့ ငါ ထိုးဖြစ်ခဲ့ရင်လည်း ဖားပြုတ်တစ်ကောင်ပုံထိုးမယ် ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ဖားပြုတ်တွေကို ကြိုက်တယ်လေ”
အဆိုပါ တက်တူးကို Muskegon မြို့မှာ ရှိတဲ့ A.W.O.L ဆိုင်မှာ ရေးထိုးခဲ့ခြင်းဖြစ်ပြီး တက်တူးဆရာရဲ့ ပြောစကားအရတော့ အဘွားဟာ ကလေးလေးတစ်ယောက်လိုပဲ၊ ထိုးနေတုန်းမှာ မျက်တောင်တစ်ချက်မှတောင်မခတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
Credit-ShweNyanShin
Zawgyi
ဘဝရည္မွန္းခ်က္အတြက္ မေသခင္တက္တူးထိုးမယ္ဆိုၿပီး ဖားျပဳတ္ပုံထိုးခဲ့တဲ့ အသက္ ၁၀၃ ႏွစ္အ႐ြယ္ အဘြား
လူျဖစ္ရပ္က်ိဳးနပ္ဖို႔အတြက္ လူတိုင္း လူတိုင္းက မိမိလုပ္ခ်င္ရာေတြ အားလုံးကို လုပ္ေဆာင္သြားဖို႔ ဆႏၵရွိၾကမွာပါ။ တခ်ိဳ႕လူေတြကေတာ့ ဘဝမွာ မိမိလုပ္ခ်င္တာေတြ၊ ျဖစ္ခ်င္ရာေတြကို မလုပ္မိဘဲ ကြယ္လြန္သြားေလ့ရွိၿပီး တခ်ိဳ႕ကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိဆႏၵေတြကို လုပ္ေဆာင္ခြင့္မရရွိခဲ့ၾကပါဘူး။ ဒါေပမယ့္ Dorothy Pollack လို႔ ေခၚတဲ့ အသက္ ၁၀၃ ႏွစ္အ႐ြယ္အဘြားတစ္ေယာက္ကေတာ့ အသက္ရွင္သန္ေနတဲ့ အခ်ိန္အတြင္းမွာပဲ သူမ အင္မတန္လုပ္ခ်င္တဲ့ အလုပ္တစ္ခုကို လုပ္ေဆာင္သြားခဲ့ပါတယ္။
အဘြား Dorothy Pollack လုပ္ခဲ့တဲ့ အလုပ္က သူမရဲ႕ ဘယ္ဘက္လက္ဖ်ံမွာ ဖားျပဳတ္ပုံတက္တူးတစ္ခုထိုးခဲ့တာပဲျဖစ္ပါတယ္။ အဘြားဟာ “အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုပဲ၊ ဘယ္အ႐ြယ္ေရာက္ေရာက္ ေဂၚေနမယ္”ဆိုတဲ့စကားကို အမွန္တကယ္ သက္ေသျပသြားခဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။
အဘြား Dorothy Pollackဟာ ေရာဂါကပ္ဆိုးႀကီးျဖစ္ေနခ်ိန္မွာ ဘိုးဘြားရိပ္သာလို သက္ႀကီး႐ြယ္အိုေတြကို ေစာင့္ေရွာက္တဲ့ေနရာမွာ လေပါင္းမ်ားစြာေနထိုင္ခဲ့ရပါတယ္။ ဒီလိုအခ်ိန္ၾကာျမင့္စြာ အျပင္လုံးဝမထြက္ရဘဲ အဲဒီအေဆာက္အဦထဲမွာသာ ေနေနရတာေၾကာင့္ မလြတ္မလပ္ေနထိုင္ခဲ့ရၿပီး စိတ္က်ဥ္းက်ပ္မႈေတြျဖစ္ကာ စိတ္ဓာတ္ေတြက်ဆင္းလာခဲ့တယ္လို႔ ေျမးျဖစ္သူ Teresa Zavitz-Jones က ဆိုပါတယ္။
အဲဒီလို သီးသန႔္ထားထားတဲ့ အေဆာက္အဦထဲကေန အျပင္မထြက္ဘဲ ေနေနရတာဟာ ေထာင္က်ေနသလိုမ်ိဳး ခံစားခဲ့ရေၾကာင္း၊ အဘြားရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ေနတဲ့ သူနာျပဳကေတာ့ အဘြားက စိတ္ဓာတ္က်မႈအေျခအေနေတြဟာ တစ္ေန႔တစ္ျခား ဆိုးဆိုးဝါးဝါးျဖစ္လာခဲ့ေၾကာင္း CNN ကိုေျပာဆိုခဲ့ပါတယ္။
ဒီလိုမ်ိဳး အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတဲ့ အဘြားဆီကို မိတ္ေဆြေတြက ဖုန္းေတြလွမ္းဆက္ၿပီး အားေပးစကားေျပာၾကားခဲ့ၾကေပမယ့္လည္း အဘြားရဲ႕ စိတ္ဓာတ္က်မႈ အေျခအေနက တိုးတက္မလာခဲ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ အဘြားျဖစ္သူကို ေျမးျဖစ္သူက သက္ႀကီး႐ြယ္အိုေတြ သီးသန႔္ထားရာ ေနရာကေန ျပန္ေခၚလာခဲ့ရပါေတာ့တယ္။
အိမ္ျပန္ေရာက္ရင္ေတာ့ အဘြားက ဇာထိုးပန္းထိုးအလုပ္ေတြ လုပ္ၿပီး၊ ပန္းၿခံထဲမွာ ေအးေအးလူလူ လမ္းေလွ်ာက္ရင္း စိတ္တင္းၾကပ္မႈေတြကို ေျဖေလ်ာ့ေလာက္တယ္လို႔ လူတိုင္းက ထင္ထားခဲ့ေပမယ့္ အဘြား တကယ္လုပ္သြားခဲ့တဲ့ အလုပ္ကေတာ့ အားလုံးကို ေရွာ့ခ္ရသြားေစခဲ့ပါတယ္။ အသက္ ၁၀၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အဘြားအိုတစ္ေယာက္ဟာ သက္ႀကီး႐ြယ္အိုေတြထားထားရာေနရာဆီကေန အိမ္ျပန္ေရာက္လာခ်ိန္မွာေတာ့ သူမရဲ႕ ခႏၶာကိုယ္ေပၚမွာ ေဆးမင္ေၾကာင္ထိုးဖို႔ ဆႏၵရွိတယ္လို႔ ေျပာခဲ့ၿပီး အမွန္တကယ္လည္း တက္တူးသြားထိုးခဲ့ပါတယ္။
သူမရဲ႕ ဘယ္ဘက္လက္ဖ်ံမွာ အစိမ္းေရာင္ဖားျပဳတ္တစ္ေကာင္ပုံကို တက္တူးထိုးၿပီးခ်ိန္မွာေတာ့ အဘြား Dorothy က အခုလိုေျပာခဲ့ပါတယ္ –
“ဒီကိစၥက ေတာ္ေတာ္ေလးကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ကိစၥပဲ။ ဘာေၾကာင့္လဲဆိုေတာ့ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ကြၽန္မ ေျမးက ကြၽန္မကို တက္တူးတစ္ခုေလာက္ထိုးဖို႔ ေျပာတယ္။ အဲဒီအခ်ိန္တုန္းကေတာ့ မထိုးျဖစ္လိုက္ခဲ့ဘူး။ ဒါေပမယ့္ အခု ႐ုတ္တရက္ႀကီး တက္တူးတစ္ခုေလာက္ ထိုးရင္ ေကာင္းမွာပဲလို႔ ဆုံးျဖတ္ခ်က္ခ်မိလိုက္တယ္။ ၿပီးေတာ့ တကယ္လို႔ ငါ ထိုးျဖစ္ခဲ့ရင္လည္း ဖားျပဳတ္တစ္ေကာင္ပုံထိုးမယ္ ကြၽန္မ ဆုံးျဖတ္ခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မက ဖားျပဳတ္ေတြကို ႀကိဳက္တယ္ေလ”
အဆိုပါ တက္တူးကို Muskegon ၿမိဳ႕မွာ ရွိတဲ့ A.W.O.L ဆိုင္မွာ ေရးထိုးခဲ့ျခင္းျဖစ္ၿပီး တက္တူးဆရာရဲ႕ ေျပာစကားအရေတာ့ အဘြားဟာ ကေလးေလးတစ္ေယာက္လိုပဲ၊ ထိုးေနတုန္းမွာ မ်က္ေတာင္တစ္ခ်က္မွေတာင္မခတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
Credit-ShweNyanShin