မိဘမဲ့ကလေး (၁၄)ယာက်ကို တစ်ဘဝလုံးစာ တာဝန်ယူဖို့ မွေးစားခဲ့တဲ့ အမျိုးသမီး

ဒီလောကကြီးမှာ ကိုယ်နဲ့သွေးမတော်သားမစပ်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ဆိုတော တော်ရုံတန်ရုံစိတ်နဲ့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ကုန်ဈေးနှုန်းတွေတက်နေတဲ့ ဒီခေတ်ကြီးထဲမှာ လူတစ်ယောက်ရဲ့ စားဝတ်နေရေးကို အကုန်တာဝန်ယူနိုင်ဖို့ဆိုတ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ကလေးတစ်ယောက်ကို ဒီအတိုင်းမွေးစားဖို့ဆိုတာ တော်တော်လေးကို တွေးရပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ အမျိုးသမီးကတော့ မိဘမဲ့ကလေး ၁၄ ယောက်ကို တစ်ဘဝလုံးစာ တာဝန်ယူဖို့ မွေးစားခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူမကတော့ အသက် (၂၆) နှစ်အရွယ်ရှိတဲ့ ဗြိတိန်သူ Letty McMaster အမည်ရ အမျိုးသမီးပဲ ဖြစ်ပါတယ်။ အသ်က ၂၆ နှစ်အရွယ်လေးနဲ့ မိဘမဲ့ကလေး ၁၄ ယောက်ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တဲ့ Letty ရဲ့ ဆုံးဖြတ်ချက်ကတော့ တစ်ကယ့်ကို လေးစားစရာပါပဲ။ ဒီထက်လေးစားစရာတစ်ခု ရှိပါသေးတယ်။ အဲဒါက ဘာလဲဆိုတော့ Letty ဟာ သူမအသက် ၁၈ နှစ်ကတည်းက အိမ်ကထွက်လာပြီး မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်းတစ်ခုထဲဝင်ကာ အာဖရိကတစ်ခွင်လှည့်ပြီး မိဘမဲ့ကလေးတွေကို လိုအပ်တဲ့နေရာကနေ တောက်လျှောက်အကူအညီပေးခဲ့တာဖြစ်ပြီး အခုဆိုရင် အဆိုပါအဖွဲ့အစည်းမှာ volunteer အဖြစ်လုပ်ကိုင်နေတာ ၈ နှစ်ကျော် ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

Letty မွေးစားခဲ့တဲ့ ကလေး ၁၄ ယောက်ဟာဆိုရင်လည်း Tanzania နိုင်ငံက ကလေးတွေဖြစ်ပြီး အကုန်လုံးက မိဘမဲ့ကလေးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါကလေးတော်တော်များများဟာ လမ်းပေါ်တွေမှာ လေလွင့်နေကြတဲ့ မိဘမဲ့ကလေးတွေဖြစ်တဲ့အပြင် တစ်ချို့ကလေးတွေဆိုရင် Gang အဖွဲ့တွေက လူရမ်းကားလေးတွေ ဖြစ်ပါတယ်။ Letty ဟာ အဆိုပါကလေးတွေကို နားဝင်အောင် သေသေချာချာ ဆုံးမကာ နောက်ဆုံးမှာတော့ အဆိုပါ ကလေး ၁၄ ယောက်စလုံးကို တရားဝင်မွေးစားခဲ့ပြီး သူတို့အားလုံးရဲ့ အမေအဖြစ် ခံယူခဲ့တာ ဖြစ်ပါတယ်။

“ဒီကလေးတွေဟာ ကျွန်မရဲ့ ဘဝပါပဲ။ သူတို့လေးတွေရဲ့ ဘဝကို တိုးတက်အောင် ကမန်မတက်နိုင်သမျှ တက်စွမ်းသမျှလေးတွေကို အဖက်ဖက်ကနေ ဖြည့်ညေ်းပေးချင်တာ ကျွန်မရဲ့ စိတ်ဆန္ဒအမှန်ပါပဲ။ ပြီးတော့ ကျန်ရှိနေသးတဲ့ ကျွန်မဘဝတောက်လျှောက်မှာလည်း သူတို့လေးတွေနဲ့ပဲ အချိန်ကုန်ပြီး တစ်ခြားမိဘမဲ့ကလေးတွေကိုလည်း ကိုယ်တက်နိုင်တဲ့ ဖက်ကနေ ကူညီပြီးတော့ပဲ ကျွန်မဘဝကို ကုန်ဆုံးသွားချင်ပါတယ်”လို့ Latty က News.com.au သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Zawgyi

မိဘမဲ့ကေလး (၁၄)ယာက္ကို တစ္ဘဝလံုးစာ တာဝန္ယူဖို႔ ေမြးစားခဲ့တဲ့ အမ်ိဳးသမီး

ဒီေလာကၾကီးမွာ ကိုယ္နဲ႔ေသြးမေတာ္သားမစပ္တဲ့ ကေလးတစ္ေယာက္ကို ေမြးစားဖို႔ဆိုေတာ ေတာ္ရံုတန္ရံုစိတ္နဲ႔ မျဖစ္ႏိုင္ပါဘူး။ အထူးသျဖင့္ ကုန္ေစ်းႏႈန္းေတြတက္ေနတဲ့ ဒီေခတ္ၾကီးထဲမွာ လူတစ္ေယာက္ရဲ႕ စားဝတ္ေနေရးကို အကုန္တာဝန္ယူႏိုင္ဖို႔ဆိုတ မလြယ္ကူပါဘူး။ ဒါ့ေၾကာင့္ ကေလးတစ္ေယာက္ကို ဒီအတိုင္းေမြးစားဖို႔ဆိုတာ ေတာ္ေတာ္ေလးကို ေတြးရပါတယ္။ ဒါေပမယ့္ အခုေျပာျပခ်င္တဲ့ အမ်ိဳးသမီးကေတာ့ မိဘမဲ့ကေလး ၁၄ ေယာက္ကို တစ္ဘဝလံုးစာ တာဝန္ယူဖို႔ ေမြးစားခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

သူမကေတာ့ အသက္ (၂၆) ႏွစ္အရြယ္ရွိတဲ့ ျဗိတိန္သူ Letty McMaster အမည္ရ အမ်ိဳးသမီးပဲ ျဖစ္ပါတယ္။ အသ္က ၂၆ ႏွစ္အရြယ္ေလးနဲ႔ မိဘမဲ့ကေလး ၁၄ ေယာက္ကို ေမြးစားဖို႕ ဆံုးျဖတ္ခဲ့တဲ့ Letty ရဲ႕ ဆံုးျဖတ္ခ်က္ကေတာ့ တစ္ကယ့္ကို ေလးစားစရာပါပဲ။ ဒီထက္ေလးစားစရာတစ္ခု ရွိပါေသးတယ္။ အဲဒါက ဘာလဲဆိုေတာ့ Letty ဟာ သူမအသက္ ၁၈ ႏွစ္ကတည္းက အိမ္ကထြက္လာျပီး မိဘမဲ့ကေလးမ်ား ေစာင့္ေရွာက္ေရးအသင္းတစ္ခုထဲဝင္ကာ အာဖရိကတစ္ခြင္လွည့္ျပီး မိဘမဲ့ကေလးေတြကို လိုအပ္တဲ့ေနရာကေန ေတာက္ေလွ်ာက္အကူအညီေပးခဲ့တာျဖစ္ျပီး အခုဆိုရင္ အဆိုပါအဖြဲ႕အစည္းမွာ volunteer အျဖစ္လုပ္ကိုင္ေနတာ ၈ ႏွစ္ေက်ာ္ ရွိခဲ့ျပီပဲ ျဖစ္ပါတယ္။

Letty ေမြးစားခဲ့တဲ့ ကေလး ၁၄ ေယာက္ဟာဆိုရင္လည္း Tanzania ႏိုင္ငံက ကေလးေတြျဖစ္ျပီး အကုန္လံုးက မိဘမဲ့ကေလးေတြ ျဖစ္ပါတယ္။ ဒါ့အျပင္ အဆိုပါကေလးေတာ္ေတာ္မ်ားမ်ားဟာ လမ္းေပၚေတြမွာ ေလလြင့္ေနၾကတဲ့ မိဘမဲ့ကေလးေတြျဖစ္တဲ့အျပင္ တစ္ခ်ိဳ႕ကေလးေတြဆိုရင္ Gang အဖြဲ႕ေတြက လူရမ္းကားေလးေတြ ျဖစ္ပါတယ္။ Letty ဟာ အဆိုပါကေလးေတြကို နားဝင္ေအာင္ ေသေသခ်ာခ်ာ ဆံုးမကာ ေနာက္ဆံုးမွာေတာ့ အဆိုပါ ကေလး ၁၄ ေယာက္စလံုးကို တရားဝင္ေမြးစားခဲ့ျပီး သူတို႔အားလံုးရဲ႕ အေမအျဖစ္ ခံယူခဲ့တာ ျဖစ္ပါတယ္။

“ဒီကေလးေတြဟာ ကၽြန္မရဲ႕ ဘဝပါပဲ။ သူတို႔ေလးေတြရဲ႕ ဘဝကို တိုးတက္ေအာင္ ကမန္မတက္ႏိုင္သမွ် တက္စြမ္းသမွ်ေလးေတြကို အဖက္ဖက္ကေန ျဖည့္ေည္းေပးခ်င္တာ ကၽြန္မရဲ႕ စိတ္ဆႏၵအမွန္ပါပဲ။ ျပီးေတာ့ က်န္ရွိေနသးတဲ့ ကၽြန္မဘဝေတာက္ေလွ်ာက္မွာလည္း သူတို႔ေလးေတြနဲ႔ပဲ အခ်ိန္ကုန္ျပီး တစ္ျခားမိဘမဲ့ကေလးေတြကိုလည္း ကိုယ္တက္ႏုိင္တဲ့ ဖက္ကေန ကူညီျပီးေတာ့ပဲ ကၽြန္မဘဝကို ကုန္ဆံုးသြားခ်င္ပါတယ္”လို႔ Latty က News.com.au သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

  • Leave a Comment

Categories