ကလေး အဆင်မပြေမှာ စိတ်ပူနေတဲ့မိခင်ကို ထိတ်လန့်စေတဲ့ဓာတ်ပုံအမြဲပေးပို့ခဲ့တဲ့ဖခင်

ဒီတစ်ခါတော့ အတော်လေးအစအနောက်သန်တဲ့အဖေနဲ့ သူ့သမီးတို့ရဲ့ပုံလေးတွေကို ဖော်ပြပေးသွားမှာပါ။Kennyအမည်ရှိတဲ့အမျိုးသားဟာ သူ့သမီးဖြစ်တဲ့Alixကို ၂နှစ်အကြာတစ်ကိုယ်တည်းထိန်းကျောင်းလာခဲ့ပြီး သူ့ဇနီးက သမီးလေးကို မြင်ချင်နေတာကြောင့် ဓာတ်ပုံတောင်းတော့ သူက ပျော်စရာကောင်းအောင် သမီးပုံကို အန္တရာယ်များသလို ကလေးငယ်နဲ့မအပ်စပ်တဲ့ပစ္စည်းတွေ နေရာတွေနဲ့ဓာတ်ပုံဖြတ်ညှပ်ကပ်လုပ်ပြီး စနောက်ကာ ပြန်ပို့ပေးလိုက်ပါတယ်။ဓာတ်ပုံတွေကိုကြည့်ရင် အဖေနဲ့သမီးရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတွေ့ရမှာပါ။သူတို့သားအဖဟာ တစ်ယောက်နဲ့တစ်ယောက်အတိုင်အဖောက်ညီနေပုံရပြီး Kennyလည်း သူ့သမီးကို အတော်လေးချစ်တာကို တွေ့နိုင်ပါတယ်။Kennyရဲ့ photoshop စကေးကတော့ တကယ့်တကယ်အတိုင်း ပြောစရာမလိုလောက်အောင်ပါဘဲ။

1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

Credit-Mia (Mckzone Daily)

  • Leave a Comment

Categories