တောမီးလောင်ရာမှ ကျန်ရစ်ခဲ့တဲ့ တိရိစ္ဆာန်တွေကို လေယာဉ်ပျံနဲ့ အစာဖြန့်ပေးနေကြတဲ့ သစ်တောထိန်းသိမ်းရေးသမားများ (ရုပ်သံ)

အခုဖော်ပြပေးမဲ့ ဖြစ်ရပ်တစ်ခုဟာ New South Wales ပြည်နယ် မှ တာဝန်ရှိသူတွေက သြစတြေးလျနိုင်ငံရှိ တောမီးလောင်ကျွမ်းမှုဒဏ်ခံရနေရတဲ့ တိရိစ္ဆာန်များကို အကျိုးပြုရန် ရည်ရွယ်ပြီး စိတ်အားတက်ကြွဖွယ်ကောင်းတဲ့တာဝန်ကိုထမ်းဆောင်ခဲ့ကြပါတယ် ။ ငတ်မွတ်ပြီး ကျန်ရစ်တဲ့တိရစ္ဆာန်များကို အစာကျွေးဖို့ သူတို့က လေယာဉ်ကိုအသုံးပြုပြီး လေယာဥ်ပေါ်ကနေ မုန်လာဥနဲ့ ချိုမြိန်အာလူး တွေကို အပေါ်ကနေ ဖြန့်ဖြူးပေးကြပါတယ် ။

New South Wales ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေ ဝန်ကြီးဖြစ်တဲ့ Matt Kean က wallaby တွေဟာ အဆိုးရွားဆုံးသောမျိုးစိတ်များအနက်တစ်ခုအပါအဝင်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ် ။ “ ဖြည့်စွက်အစားအစာများကို ဖြန့်ဖြူးရခြင်းဟာ မျိုးသုဉ်းသွားနိုင်တဲ့ မျိုးစိတ်များကို ရှင်သန်ရန်နဲ့ ပြန်လည်ထူထောင်ရေးကို မြှင့်တင်ရန် ကျွန်ုပ်တို့အသုံးပြုတဲ့ အဓိကနည်းဗျူဟာများထဲမှ တစ်ခုဖြစ်ပါတယ် ။ အဆိုပါ wallaby တွေဟာ ပုံမှန်အားဖြင့် မီးလောင်ရာမှ လွန်မြောက်ခဲ့တယ်ဆိုပေမယ့် သူတို့ကျောက်တောင်ကျက်စားရာနေရာပတ်လည်က အသီးအရွက်တွေမရှိခြင်းကြောင့် သဘာဝအစားအစာနဲ့ ငတ်မွတ်နေရပါတယ် ။ ” လို့ Keane က ရှင်းပြခဲ့ပါတယ် ။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF) ရဲ့အဆိုအရ တောမီးလောင်မှုကြောင့် တိရိစ္ဆာန်ပေါင်း ၁.၂၅ ဘီလီယံခန့် သေဆုံးခဲ့ပါတယ် ။ လောင်ကျွမ်းနေတဲ့နေရာတွေမှာ သန်းနဲ့ ချီတဲ့တိရိစ္ဆာန်များကို အစာကျွေးခြင်းအားဖြင့် ထို (WWF) အဖွဲ့တွေက နောက်ထပ်သေဆုံးမှုများကိုကာကွယ်ရန် မျှော်လင့်နေကြပါတယ် ။

Credit-JRose (KB Chimmy)

Reference : elitereaders

Zawgyi

ေတာမီးေလာင္ရာမွ က်န္ရစ္ခဲ့တဲ့ တိရိစာၦန္ေတြကို ေလယာဥ္ပ်ံနဲ႔ အစာျဖန္႔ေပးေနၾကတဲ့ သစ္ေတာထိန္းသိမ္းေရးသမားမ်ား (႐ုပ္သံ)

အခုေဖာ္ျပေပးမဲ့ ျဖစ္ရပ္တစ္ခုဟာ New South Wales ျပည္နယ္ မွ တာဝန္ရွိသူေတြက ၾသစေၾတးလ်ႏိုင္ငံရွိ ေတာမီးေလာင္ကြၽမ္းမႈဒဏ္ခံရေနရတဲ့ တိရိစာၦန္မ်ားကို အက်ိဳးျပဳရန္ ရည္႐ြယ္ၿပီး စိတ္အားတက္ႂကြဖြယ္ေကာင္းတဲ့တာဝန္ကိုထမ္းေဆာင္ခဲ့ၾကပါတယ္ ။ ငတ္မြတ္ၿပီး က်န္ရစ္တဲ့တိရစာၦန္မ်ားကို အစာေကြၽးဖို႔ သူတို႔က ေလယာဥ္ကိုအသုံးျပဳၿပီး ေလယာဥ္ေပၚကေန မုန္လာဥနဲ႔ ခ်ိဳၿမိန္အာလူး ေတြကို အေပၚကေန ျဖန္႔ျဖဴးေပးၾကပါတယ္ ။

New South Wales ရဲ႕ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရ ဝန္ႀကီးျဖစ္တဲ့ Matt Kean က wallaby ေတြဟာ အဆိုး႐ြားဆုံးေသာမ်ိဳးစိတ္မ်ားအနက္တစ္ခုအပါအဝင္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္ ။ “ ျဖည့္စြက္အစားအစာမ်ားကို ျဖန႔္ျဖဴးရျခင္းဟာ မ်ိဳးသုဥ္းသြားႏိုင္တဲ့ မ်ိဳးစိတ္မ်ားကို ရွင္သန္ရန္နဲ႔ ျပန္လည္ထူေထာင္ေရးကို ျမႇင့္တင္ရန္ ကြၽႏ္ုပ္တို႔အသုံးျပဳတဲ့ အဓိကနည္းဗ်ဴဟာမ်ားထဲမွ တစ္ခုျဖစ္ပါတယ္ ။ အဆိုပါ wallaby ေတြဟာ ပုံမွန္အားျဖင့္ မီးေလာင္ရာမွ လြန္ေျမာက္ခဲ့တယ္ဆိုေပမယ့္ သူတို႔ေက်ာက္ေတာင္က်က္စားရာေနရာပတ္လည္က အသီးအ႐ြက္ေတြမရွိျခင္းေၾကာင့္ သဘာဝအစားအစာနဲ႔ ငတ္မြတ္ေနရပါတယ္ ။ ” လို႔ Keane က ရွင္းျပခဲ့ပါတယ္ ။

ကမာၻ႔ေတာ႐ိုင္းတိရစာၦန္ရန္ပုံေငြအဖြဲ႕ (WWF) ရဲ႕အဆိုအရ ေတာမီးေလာင္မႈေၾကာင့္ တိရိစာၦန္ေပါင္း ၁.၂၅ ဘီလီယံခန႔္ ေသဆုံးခဲ့ပါတယ္ ။ ေလာင္ကြၽမ္းေနတဲ့ေနရာေတြမွာ သန္းနဲ႔ ခ်ီတဲ့တိရိစာၦန္မ်ားကို အစာေကြၽးျခင္းအားျဖင့္ ထို (WWF) အဖြဲ႕ေတြက ေနာက္ထပ္ေသဆုံးမႈမ်ားကိုကာကြယ္ရန္ ေမွ်ာ္လင့္ေနၾကပါတယ္ ။

Credit-JRose (KB Chimmy)

  • Leave a Comment

Categories