တစ်ချို့သောသူတွေက ကံကြမ္မာကို ယုံကြည်ကြပါတယ်။ ဘဝမှာ အရာအားလုံးဟာ အကျိုးကြောင့် အကြောင်းတွေ ဖြစ်တယ်ဆိုတာ လက်ခံရမှာပါ။ ဘယ်လိုထူးဆန်းတာတွေဖြစ်ဖြစ် တစ်ချို့လူတွေကတော့ တိုက်ဆိုင်မှုတစ်ခုလို့သာ လက်ခံ လိုက်ကြတာလည်း ရှိပါတယ်။
အခုဖော်ပြပေးမယ့် တိုက်ဆိုင်မှုရှိတဲ့ ဓာတ်ပုံတွေဟာ ယုံကြည်ဖို့ ခဲယဉ်း လွန်းတယ်လို့တောင် ဆိုရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေပါမလဲဆိုတာ ဆက် လက်ကြည့်လိုက်ကြရအောင်ပါ။
(၁)လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လေကြောင်းပြပွဲတစ်ခု ပြုလုပ်ခဲ့စဉ်က ကလေးလေးတစ်ယောက်ဟာ OH58 Kiowa လေယာဉ်ထဲမှာ ထိုင်နေခဲ့တာပါ။
(၂)ဒီလို ကျောက်ပုစွန်မျိုးကတော့ အခါ တစ်သန်းမှာတောင် တစ်ကောင်လောက် တွေ့ရတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။
(၃)ဒီ ပက်စီသံဘူးထဲကနေ ဖျော်ရည်တွေက ဘယ်လိုလုပ်ပြီး ခုလို ကွေးကောက်နေတဲ့ ပုံစံ ဖြစ်နေသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။
(၄)တစ်ကောင်ရဲ့ ကျောကုန်းပေါ်တစ်ကောင်က တက်ပြီးရပ်နားနေတဲ့ စင်ရော်ငှက်လေး
(၅)ဒီလိုပုံမျိုးကိုရဖို့ဆိုတာ သူ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ တစ်ချိန်၊တစ်ခါတည်းသာရနိုင်ဖို့ အခွင့်အရေးရှိတဲ့ ဓာတ်ပုံလေးတစ်ခုဖြစ်ပါတယ်။
(၆)
(၇)ဇာတိမြို့ ဇစ်ကုတ်နဲ့ ပြိုင်ပွဲဝင်တီရှပ်နံပတ်လည်း တူနေပြီး ပန်းဝင်တဲ့အချိန်ကပါ 33607 ဖြစ်နေတာတော့ အတော့်ကိုထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။
(၈) သက်တန့်သုံးခုတပြိုင်တည်း ဖြစ်ထွန်းနေတဲ့ ပုံရိပ်လေးကလည်း အတော်လေးကို ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခု လို့ ဆိုနိုင်ပါတယ်။
(၉)လိပ်ပြာလေးကလည်း သူ့ပုံကို သူလာကြည့်ပြန်ပါတယ်။အပေါ်မှာဖော်ပြခဲ့တဲ့ ငှက်ကလေးလိုပဲ လိပ်ပြာလေးကလည်း သူ့ပုံကို သူလာကြည့်ပြန်တာပဲ ဖြစ်ပါတယ်။
(၁၀)တကယ့်ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။
(၁၁)ခြင်တစ်ကောင်ကို ဖောက်စက်နဲ့ သတ်ဖူးလား။
(၁၂)ကြိုးကြာနီလေးတွေ စုစည်းပြီးနေတဲ့ ပုံလေးကကို ကြိုးကြာနီတစ်ကောင်ပုံစံ တိုက်တိုက်ဆိုင်ဆိုင် တူနေတာပါ။
(၁၃)သူမက ဒီအလုပ်အတွက်မွေးဖွားခဲ့တာများလား။သူမရဲ့နာမည်အရင်းနဲ့ သူမအလုပ်လုပ်ကိုင်တဲ့ နေရာရဲ့ နာမည်တူနေတာပါ။
(၁၄)ယင်ကောင်လေးတစ်ကောင်က ရှားစောင်းပင်က အစူးမှာ မတော်တဆ လာစိုက်နေခဲ့တယ်ဆိုတာက ဖြစ်နိုင်ခြေက အရမ်းကို နည်းပါးလွန်းပါတယ်။
(၁၅)အဖေက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပြီး Attersee ရေကန်ထဲမှာ ငါးမျှားရင်း ပိုက်ဆံအိတ်တစ်ခု ငါးဖမ်းပိုက်မှာ ငြိပြီးပါလာခဲ့ပါတယ်။
(၁၆)အလွန်ရှားပါးတဲ့ အခြေအနေမျိုးမှာ ဆိုရင်လေယာဉ်စီးရင်းကနေ ဒီလို၃၆၀ ဒီဂရီမြင်နိုင်တဲ့ သက်တန့် ပုံမျိုးကို မြင်တွေ့နိုင်တာပါ။
(၁၇)ဆွီဒင်နိုင်ငံသား Guyက မြောက်ပိုင်းအလင်းတန်းတွေ ရှာဖွေနေတုန်း အစိမ်းရောင် ဥက္ကာခဲကို မြင်လိုက်ရတဲ့အတွက် ဓာတ်ပုံရိုက်ကူးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
(၁၈)ရဲမှုခင်းဓာတ်ပုံနှစ်ပုံထဲက လူနှစ်ဦးက တစ်ယောက်တည်းမဟုတ်ပါဘူး။
(၁၉)မျက်လုံးမမြင်တဲ့ ကလေးလေးတစ်ဦးက အရွက်လေးခုပါတဲ့ အပင်သေးသေးလေးကို တွေ့ရှိခဲ့ပါတယ်။
(၂၀)ခွေးလေးရဲ့ လည်ပင်းက အဖြူရောင်အစင်းလေးနဲ့ ကမ်းစပ်က ရေလှိုင်းလေး ဆင်တူဖြစ်နေပုံကလည်း တော်ရုံတိုက်ဆိုင်မှုမျိုးတော့ မဖြစ်နိုင်ပါဘူး။
(၂၁)အရှေ့ ဗစ်တိုးရီးယားပြည်နယ်..သြစတြေးလျက ရှားပါးတိမ်တိုက်ဖြစ်စဉ်ရဲ့ ဓာတ်ပုံတစ်ခုပဲ ဖြစ်ပါတယ်။
(၂၂)ကျည်ဆန်နှစ်ခုက မယုံနိုင်စရာကောင်းလောက်အောင်ပဲ တကယ့်ကို တိုက်မိခဲ့တာပဲ ဖြစ်ပါတယ်။
(၂၃)မီးမှုတ်ထုတ်သူတစ်ယောက်ရဲ့ ပါးစပ်ကထွက်လာတဲ့ မီးတွေက နဂါးတစ်ကောင်ပုံစံနဲ့ တူနေတာပါ။
(၂၄)အဖြူရောင်ဆိုတာကလည်း အင်မတန်မှရှားပါးလွန်းတာပါ။
(၂၅)ဘယ်လောက်ကံကောင်းလိုက်တဲ့ ကားပိုင်ရှင်လဲဆိုတာ…။ ကံကောင်းမှုကြီးကတော့ ပြောစရာတောင် မရှိတော့ပါဘူးနော်။
(၂၆)လေးမြွှာပူးကြက်ဥ…ဒီတစ်ခုကတော့ အတော်လေးထူးဆန်းပါတယ်။
(၂၇)တိတိပပ ကွဲနေတဲ့ ပန်းကန်တစ်ချပ်
(၂၈)စာမျက်နှာထက်က သူ့ပုံကို လာကြည့်တဲ့ ငှက်ကလေးဖြစ်ပါတယ်။
(၂၉)ခွေးလေးသုံးကောင်မွေးဖွားခဲ့တယ်။ ကျောကုန်းပေါ်က အကွက်လေးတွေက နံပတ်စဉ်အလိုက် ဖြစ်နေတာလေးက ထူးဆန်းလွန်းမနေဘူးလား။
(၃၀)သစ်ပင်ရဲ့ ကောက်နေတဲ့အပိုင်းက ကားခေါင်မိုးကို အတိ အကျခွပြီးကျလို့သာ ဘာမှမထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီပုံလေးတွေ အားလုံးဟာ မတော်တဆတိုက်ဆိုင်မှု ရှိတဲ့ ဖြစ်ရပ်လေးတွေကို အမိအရ ရိုက်ကူးမိထားတဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးကို ဘယ်နံပတ်က အံသြစေသလဲဆိုတာကိုလည်း ဝေမျှပေးပါဦးလို့ ပြောချင်ပါတယ်။