ပျင်းတဲ့နေရာမှာ ဆရာခေါ်ထိုက်လောက်တဲ့ လူများ (ဓာတ်ပုံ ၂၂ပုံ)

လူတိုင်းကတော့ သက်တောင့်သက်သာနေချင်စိတ်ရှိကြပါတယ်။ တချို့တွေကတော့ ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ပျင်းတတ်ကြသူတွေဖြစ်ပါတယ်။ ပျင်းလွန်းလို့ အလွယ်ဖြတ်လမ်းနည်းတွေကို လိုက်ကြသူတွေရှိသလို အခုဖော်ပြပေးမယ့် လူတွေကတော့ ပျင်းရိခြင်း လယ်ဗယ်ကိုတောင်ကျော်လွန်သွားကြပြီဖြစ်တဲ့ သူတွေပဲဖြစ်ပါတယ်။

(၁)အရှေ့ဘက်ကို မြင်ရအောင် နည်းနည်းလောက် ရှင်းလင်းလိုက်ရင် ရပြီမဟုတ်လား….ဘာကြောင့် တစ်ကားလုံးပေါ်က နှင်းတွေကို ဖယ်နေအုံးမလဲနော်..ပျင်းစရာကြီး

(၂)အံ့သြစရာ မျက်လုံးပန်းချီဆွဲတာကလည်း….အကုန်လုံးကို မိတ္တူကူးလိုက်သလား အောက်မေ့ရတယ်။

(၃)အိမ်မှာရှိတဲ့ အာလူးထုပ်ကို ချက်ပြုတ်ရမှာ ပျင်းလို့ ပစ်ထားလိုက်တာ…ခုတော့ အာလူးအများကြီး ထပ်ပေါက်လာဖို့အတွက် အခွင့်အလမ်းများလာပြီလေ

(၄)ကိတ်မုန့်ဖုတ်တာ တူးသွားမှာစိုးလို စောင့်ကြည့်ပေးပါတဲ့ အရင်ဆုံး မိုက်ခရိုဝေဗ့်ကို ဖုန်းကင်မရာ နဲ့ မှတ်တမ်းတင်တယ်…

(၅)အမေတို့ ရှော့ပင်းထွက်တာကလည်း ပျင်းဖို့ကောင်းလိုက်တာ..သားဒီမှာပဲ အေးဆေးအနားယူပြီး ကျန်ခဲ့တော့မယ်။

(၆)၃လပဲကွာတဲ့ မွေးနေ့ရှင်နှစ်ယောက်ကို အကုန်အကျ သက်သာအောင် ဘယ်လိုကျင်းပပေးရမလဲဆိုတဲ့

(၇)မီးခလုတ် ထပိတ်ရမှာ ပျင်းလွန်းလို့ ကြောင်ကို ပိတ်ခိုင်းလိုက်တယ်…မယုံဘူးလား။

(၈)နာရီက ၁နာရီလောက် နောက်ကျနေတာပါ..ဒါပေမယ့် နံရံပေါ်က နာရီကို တက်ဖြုတ်ဖို့အတွက် အဆင့်တွေ အများကြီး ကြားထဲမှာ လုပ်နေရအုံးမှာ။

(၉)သစ်ပင်ကိုဖယ်လိုက်ပါလား…တော်ပါနော်…ပျင်းတတ်သူတွေရဲ့ ရာဇဝင်မှာ ထုံးစံမရှိဘူး။

(၁၀)ဖုန်းပြောနေရင်းနဲ့ ဖုန်းလည်း အားသွင်းပြီးသားဖြစ်ရမယ်…ပြီးတော့ လက်နဲ့လည်း ကိုင်စရာမလိုဘူး..တစ်ချက် လေးချက် ငါးချက် ပြတ်သွားပြီ။

(၁၁)လက်ပ်တော့ ကီးဘုတ်ကနေ ရိုက်ဖို့တောင်ရှေ့မတိုးချင်တော့ဘူး….

(၁၂)ထိုင်ခုံတစ်ခုံ တောင်ရေချိုးခန်းထဲ ထည့်ထားပြီးပြီပဲ…ဘာကြောင့် ရေစင်ပေါ်ကို မှီနေသေးလဲနော်

(၁၃)လူအများကြီးရှိတဲ့ ရှိုးပွဲမှာ အကြာကြီး မတ်တပ်ရပ်ရတော့မှာလေ…ဒီတော့ ပွဲမစခင် လှဲအိပ်ပစ်လိုက်တာလည်း မမှားပါဘူး။ ကိုယ့်ကိုကိုယ် အနားပေးထားတာပေါ့

(၁၄)ကြည့်ပါအုံး ကလေးနို့တိုက်ဖို့ကိုတောင် အကွက်တွေ ထုတ်သုံးတဲ့အထိပါလား

(၁၅)နံရံဆေးသုတ်ဖို့အတွက် တီဗီလေးကို တောင်မဖယ်ချင်တော့လို့ ချန်ထားခဲ့ကြသေးတယ်။

(၁၆)အပျင်းထူရင် အခွင့်ထူးပိုခံရတတ်တယ်ဆိုတာ မှန်နေမလား

(၁၇)ဆေးစရာပန်းကန်မရှိတော့ရင် ဆေးဖို့ ပျင်းရတာတွေဘာတွေ ရှိတော့မှာမဟုတ်ပါဘူး။

(၁၈)အမှိုက်သွားပစ်ရမယ့်နေရာက နီးပေမယ့်သွားရမှာ အရမ်းပျင်းလို့ပါ။

(၁၉)ပျင်းတတ်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် တီထွင်ကြံဆအားလည်းကောင်းတဲ့ သူပါနော်..

(၂၀)ကျောက်တုံး ၁တုံးတည်းနဲ့ ဌက် ၂ကောင်မိတာတို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုတဲ့ဆိုရိုးစကားတွေက ဒီအတွက် ထားခဲ့တာများလား

(၂၁)အားထုတ်မှု တစ်ခုမှ မရှိဘဲအလုပ်ပြီးမြောက်နိင်တယ်လို့ သက်သေပြနေသူ

(၂၂)အမျိုးသမီးကို သိတဲ့ သူတွေကိုယ့်ဘာသာကိုယ်ဖြည့်ဖတ်လိုက်ကြပေါ့နော်…သတင်းဌာနလည်း အလုပ်ရှုပ်ပြီး မေ့သွားတာနေမှာပါ။

ပျင်းရိခြင်းရဲ့ အဆုံးစွန်လယ်ဗယ်ကိုတောင် ကျော်သွားတတ်ကြသူတွေရဲ့ အိုင်ဒီယာတွေကတော့ တကယ့်ကို အလန်းတွေချည်းပဲ။…ပျင်းပေမယ့်လည်းဖြတ်ထိုးညဏ်လေးတွေ ကောင်းတော့ ဖြေရှင်းနည်းအသစ်တွေတောင် အိုင်ဒီယာယူလို့ရသေးတယ်လေ…နော်။ ပရိသတ်တွေရော ဓာတ်ပုံလေးတွေ ကြည့်ပြီး ဘယ်လိုလေးတွေ တွေးမိကြလဲဆိုတာ မျှဝေပေးခဲ့ကြပါအုံး

  • Leave a Comment

Categories