သြစတေးလျနိုင်ငံက စိတ်လှုပ်ရှားမှု အပြည့်အဝပေးစွမ်းနိုင်ကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

စိတ်ဝင်စားစရာကောင်းလှတဲ့ ပတ်ဝန်းကျင်၊ တစ်မူထူးခြားတဲ့ တိရစ္ဆာန်များ၊ ကွဲထွက်နေတဲ့ သဘာဝတရား စတာတွေက ခရီးသည်တွေအတွက် သြစတေးလျနိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် ဆွဲဆောင်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် သြစတေးလျနိုင်ငံကို သွားရောက်လည်ပတ်မယ့်အစား အဝေးကနေပဲ သဘောကျနေသင့်တဲ့ အကြောင်းပြချက်တွေလည်းရှိပါသေးတယ်။ ဘာကြောင့် သြစတေးလျနိုင်ငံကို အဝေးကပဲ သဘောကျနေသင့်တဲ့ အကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ဒီလောက်ကြီးတဲ့ ထင်းရှူးသီးကတော့ လူ့ခေါင်းပေါ်ကို ပြုတ်ကျခဲ့ရင်တော့ မတွေးဝံ့စရာပါပဲ။ခေါင်းပေါ်တည့်တည့်ကျလို့ လူသေမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

(၂)လင်းနို့တောင်မှ ဟုတ်ရဲ့လား…ပျောက်ကွယ်သွားတာကြာမြင့်နေပြီဖြစ်တဲ့တာရိုဒက်တိုင်း ပျံဝဲကောင်တွေလားလို့ အောက်မေ့ရတယ်။

(၃)သင့်အိမ်နားမှာ ဒီလို ပုတ်သင်ညိုတွေကိုလည်းပုံမှန်လို တွေ့ရတတ်ပါသေးတယ်။

(၄)သင်ရှိနေတဲ့အရပ် ရေချိုးခန်း၊အိမ်သာ စသဖြင့်အရောက်လာနိုင်ပါတယ်။

(၅)စိတ်ပြေလက်ပျောက်လမ်းလျှောက်နေရင်းနဲ့လည်းအိမ်ကို လှည့်ပြန်ချင်စိတ်တွေ ပေါ်လာစေပါလိမ့်မယ်။သြစတေးလျက နယ်စွန်နယ်ဖျားတွေမှာ တွေ့ရတတ်တဲ့ဆီးနှင်းတွေလို ကျရောက်လေ့ရှိတဲ့ ပင့်ကူမျှင်အိမ်များ

(၆)ညဘက်တွေမှာ သင့်ကို လာရောက်စူးစမ်းထောက်လှမ်းမယ့်ကိုအာလားကောင်းတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။

(၇)မထင်မှတ်ဘဲနဲ့လည်း ကမ်းခြေပေါ်မှာသောင်တင်နေတဲ့ ငါးလက်ထုံအုပ်စုတွေကို တွေ့နိုင်ပါသေးတယ်။

(၈)ဖိနပ်မစီးခင်လည်း ဖိနပ်အထဲကို ဘယ်လိုသူငယ်ချင်းတွေများ ရောက်နေလဲဆိုတာစစ်ဆေးကြည့်ဖို့အတွက် အကြံပေးချင်တယ်နော်.

(၉)ကားအတွင်းပိုင်းတွေကိုလည်းသေချာလိုက်စစ်ဆေးကြည့်သင့်ပါသေးတယ်။

(၁၀)လူတွေအများကြီးရှိတဲ့ စားသောက်ဆိုင်ဆိုပြီး စိတ်ချမနေပါနဲ့…သူတို့တွေက ဘယ်နေရာရယ်ဆိုပြီး ရွေးပြီးမှ ဝင်လာတတ်တာမဟုတ်ပါဘူး။

(၁၁)တကယ်လို့ စာတိုက်ပုံးကို ဖွင့်ပြီး စာအိတ်တွေ လှမ်းယူချိန်မှာဒီလိုအကောင်မျိုးနဲ့ တွေ့လိုက်ရမယ်ဆိုရင် ခံစားချက်က.

(၁၂)တိရစ္ဆာန်မျိုးစိတ်ပေါင်းစုံကတင် သင့်ကို အန္တရာယ်ပေးနိုင်တာမဟုတ်ပါဘူး။ သစ်ပင်ပန်းမန်တွေကနေလည်း အန္တရာယ်တွေကို ရှောင်ကြဉ်ရပါသေးတယ်။အထူးသဖြင့် ဘယ်ကနေ ကျလာမယ်မှန်းမသိလိုက်နိင်တဲ့ အုန်းသီးကြွေကျလို့ ခေါင်းထိတာမျိုးပေါ့

(၁၃)ရာသီဥတုအခြေအနေ ဘယ်လိုလဲမေးရရင်တော့ဘိလိယက်ဘောလုံးနဲ့ အရွယ်အစားတူ မိုးသီးတွေကိုသာ ကြည့်လိုက်ပါတော့…

(၁၄)အချိန်မရွေးသင့်ကို ခြောက်လှန့်နိုင်တဲ့ကြောက်စရာကောင်းတဲ့ တိမျိုးစိတ်တွေ

(၁၅)ညဘက်ရောက်မှ အခုလို

(၁၆)သန့်စင်ခန်းကို အတူတူမျှဝေသုံးစွဲနိုင်တယ်လို့ စိတ်ဆုံးဖြတ်ချက်ချပြီးရင်တော့သြစတေးလျက ပျော်စရာနေရာတစ်ခုပါပဲ။

(၁၇)ကိုယ်တိုင် မကြုံရသေးလို့ မယုံပါဘူးဆိုတဲ့ သူတွေအတွက်လည်း သြစတေးလျကအန္တရာယ်ရှိသက်ရှိတွေက စောင့်ကြိုနေပါလိမ့်မယ်။

(၁၈)သြစတေးလျနိုင်ငံမှာဆိုရင် ပိုးဖလံတောင်မှ အခုလို ဧရာမ အကြီးကြီးထိ မြင်တွေ့နိုင်ပါတယ်။ဒီဓာတ်ပုံအပေါ်မှာ မှတ်ချက်ပြုတဲ့ ကောမန့်တစ်ခုဆိုရင် ဒီလောက်ကြီးနေတာ ပိုးဖလံမှ မဟုတ်တာ…(velociraptor) ဒိုင်နိုစော မျိုးစိတ်လို့တောင် ပြောလို့ရနေပြီလို့ပြောထားပါသေးတယ်။

(၁၉)အိမ်ခေါင်မိုးပေါက်ကနေ ဒီလို မြွေတွေလည်းပြုတ်ကျလာတတ်ပါသေးတယ်။

(၂၀)ကဲ … ဂျင်ဆော့ထားတဲ့ သားပိုက်ကောင်နဲ့ လမ်းမှာတွေ့ရင်ဘယ်ပြေးမလဲနော်။

(၂၁)တစ်ခါတစ်လေ သင့်ကို နှလုံးခုန်ရပ်သွားစေမယ့် ဒီလို လင်းနို့်တွေကိုလည်း တွေ့ရတတ်ပါသေးတယ်။

(၂၂)ဒါလေးကတော့ ချစ်စရာတိလေးနှစ်ကောင်ပေါ့..သူတို့လို့ ချစ်ဖို့ကောင်းတဲ့ တိလေးတွေသာ သြစတေးလျမှာအပြည့်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။

(၂၃)ဒီလို အဖြစ်မျိုးကတော့တွေးတောင် မကြည့်ရဲပါဘူးနော်။

(၂၄)အရွယ်အစားကြီးမားလွန်းတဲ့ မိချောင်းကြီးတွေကိုလည်းအစာကျွေးရဲ့ကြလား

အခုလိုမျိုး အန္တရာယ်အပြည့်နဲ့ တခြားနိုင်ငံတွေအကြောင်းကော ပရိသတ်တွေသိပါသလား…ကိုယ့်ရဲ့ အတွေးအမြင်တွေကိုလည်း ပြောပြပေးခဲ့ပါအုံး

  • Leave a Comment

Categories