Annabelle ဇာတ်ကောင်ဟာ ရုပ်ရှင်ကားတွေထဲမှ အကြိုက်ဆုံးတစ်ခုဖြစ်ပါတယ်။ အခုဖော်ပြပေးမှာက Annabelle ဇာတ်ကောင်ကို ကြိုက်နှစ်တဲ့မိခင်တစ်ဦးဟာ သူမရဲ့သားလေးကို ပြီးခဲ့တဲ့ နှစ်က Halloween ပွဲအတွက် Annabelle အဖြစ် ဝတ်ဆင်စေခဲ့ပါတယ်။ Halloweeကို Annabelle ဇာတ်ကောင် အဖြစ်ပွဲတက်ခဲ့ပြီး သူတို့သားအမိက ဆရာဝန်နဲ့ ချိန်းဆိုတာလည်း ရှိခဲ့တာကြောင့် အလျင်လိုပြီး ကောင်လေးက Annabelle ပုံစံဖြင့် သွားခဲ့ပါတယ်။ ကောင်လေးဟာ ဆေးခန်းသို့ရောက်တဲ့အခါမှာ လူတိုင်းက သူ့ကိုကြည့်ပြီး ရယ်မောနေကြတာကို မရပ်တန့်နိုင်အောင်ဖြစ်နေကြပါတယ်။ ဆရာဝန်ကလည်း ထိုသူငယ်လေးကို အူနာရလောက်အောင် ရယ်မောနေခဲ့ပါတယ်။
မိခင်ဖြစ်သူက ထိုကောင်လေးရဲ့ ဓါတ်ပုံကို သူမရဲ့Facebook အကောင့်မှာ တင်ထားလိုက်ပြီး လူအများက သူတို့ထင်မြင်ချက်ကို မျှဝေပေးတာကြောင့် လူမှုမီဒီယာမှာလည်း လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။ Netizen တစ်ဦးက ထိုသူငယ်ရဲ့ ရှုထောင့်မှ ကောင်လေးဟာ ဘယ်လောက်ပင် စိတ်ပျက်စရာကောင်းတာကိုမှတ်ချက်ချခဲ့ပေးခဲ့ပါတယ်။ “ သွားဆရာဝန်က ဒီလူနာကို ကြောက်သင့်တယ်” တခြား Netizen တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
Credit-JRose (KB Chimmy)
Zawgyi
မိခင် ဆင်ပေးလိုက်တဲ့ Annabella ဝတ်စုံနဲ့ သွားဆေးခန်းသို့အမှတ်မထင်ရောက်သွားခဲ့တဲ့ ကောင်လေးကြောင့် ဆရာဝန်တွေရယ်ပွဲကျခဲ့ရတဲ့အဖြစ်
Credit-JRose (KB Chimmy)