စစ်မှန်သောအချစ်ရဲ့ အပြုအမူလုပ်ရပ်ကို သင်စဉ်းစားမိပါသလား။လူအချို့အတွက် ပစ္စည်းလက်ဆောင်များပေးခြင်း ၊ ၎င်းတို့အတွက်အရေးပါတဲ့ special person တစ်ဦးနှင့် အချိန်ဖြုန်းခြင်းသာဖြစ်ပါတယ်။သို့ပေမဲ့ အချို့တွေအဘို့ ချစ်ခြင်းမေတ္တာလုပ်ရပ်ဟာ သူတို့ရဲ့မိသားစုမဟုတ်သောပုဂ္ဂိုလ်တစ်ဦးသို့မဟုတ် အသိအကျွမ်း၊ မိတ်ဆွေများဖြင့် အတူတူ မျှဝေခံစားတတ်ကြပါတယ်။လူတို့ဟာ ချစ်ခြင်းမေတ္တာဝေမျှခြင်းနှင့် ပတ်သက်၍ လမ်းဘေးခွေးများ သို့မဟုတ် ကြောင်များ ကဲ့သို့သောတိရိစ္ဆာန်များကို စဉ်းစားခဲကြပါတယ်။
၎င်းတို့ဟာ ကျွန်ုပ်တို့အား ဖော်ထုတ်ပြသနိုင်သည့်သတ္တဝါများဖြစ်သောကြောင့် ခွေး၊ကြောင်လေးတွေဟာ ခြွင်းချက်မရှိတဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားကြပါတယ်။အခုဖော်ပြထားတဲ့ဓာတ်ပုံထဲက ကလေးငယ်ဟာ မိဘများ သို့မဟုတ် မွေးစားမိဘများထံမှ စွန့်ပစ်ခံခဲ့ရခြင်းရှိ မရှိကို သေချာမသိရသေးပါဘူး။ထို့အတူ ကံမကောင်းစွာနဲ့ဘဲ လမ်းပေါ်ရှိကလေးငယ်များဟာ အစာစားရဖို့အတွက် တစ်နေ့ကို တစ်နေရာမှတစ်နေရာသို့ အမြဲလှည့်ပတ်သွားလာနေကြရပါတယ်။
မကြာသေးခင်က လမ်းဘေးမှာ သူ့ရဲ့သစ္စာစောင့်သိသော တစ်ကောင်တည်းသော မိသားစုဝင်ခွေးလေးနှင့်အတူ ဖက်အိပ်နေခဲ့တဲ့ အိုးမဲ့အိမ်မဲ့ကလေးငယ်ရဲ့ဓာတ်ပုံတစ်ပုံဟာ social media သို့ ပျံ့နှံ့ကာ လူသိများသွားခဲ့ပါတယ်။လမ်းပေါ်ဖြတ်သန်းသွားလာသူများက ကြမ်းပြင်ပေါ်အိပ်ရင်း အသံတိတ်အကူအညီတောင်းနေခဲ့ကြတဲ့ အဆိုပါကလေးနှင့်ခွေးလေးကို မကူညီဘဲ မသိသလို ဖြတ်သွားခဲ့ကြတာကြောင့် ၎င်းပုံရိပ်ဟာ ပို၍ပင် ဝမ်းနည်းကြေကွဲဖွယ်ပုံရိပ်အလား ဖြစ်ပေါ်စေခဲ့ပါတယ်။အဆိုပါကလေးငယ်ရဲ့အကြောင်းကို မစုံစမ်းနိုင်ခဲ့သေးသလို သူဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာရထားဘူတာအနီးရှိလမ်းဘေးတွင် သူ၏အိမ်မွေးတိရိစ္ဆာန်နှင့်အတူ အိပ်ခဲ့သည်ကိုသာ သိခဲ့ရပါတယ်။
၎င်းအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် အဆိုပါကလေးဟာ ဘယ်လောက်ပင် ခက်ခဲနေပါစေ သူ၏ခွေးလေးကို မစွန့်ခွါဘဲ ကြီးမားတဲ့နှောင်ကြိုး၊ ချစ်ခြင်းမေတ္တာနှင့်သစ္စာစောင့်သိမှု၏အဓိပ္ပာယ်အမှန်ကို ပြသခဲ့ပါတယ်။
အခုဓာတ်ပုံတွေကို မြို့ထဲမှာနေထိုင်တဲ့ Jem Villomo က ဓာတ်ပုံရိုက်ယူခဲ့ပြီး ၎င်းတို့ကိုသူ့ရဲ့Facebook accမှာ ဖော်ပြကာ လူအများက ကလေးနှင့်ခွေးလေးတို့နဲ့ထိုက်တန်တဲ့အကူအညီအားလုံးကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ပါတယ်။“ကောင်လေးက လမ်းပေါ်မှာခွေးနဲ့အတူနေတယ်။ သူကပိုက်ဆံမတောင်းဘဲသူတို့နှစ်ယောက်အတွက်စားစရာတွေပဲ တောင်းခဲ့တယ် ” လို့ Jem Villomo က ပြောပြခဲ့ပါသေးတယ်။
Credit-Mia (kbdailynews)
Zawgyi
ဘယ္သူမွ အေရးမလုပ္တဲ့လမ္းေဘးတစ္ေနရာမွာ ေႏြးေထြးတဲ့ခ်စ္ျခင္းေမတၱာျဖင့္ အခ်င္းခ်င္း ဖက္အိပ္ေနခဲ့ၾကတဲ့ အိမ္ရာမဲ့ကေလးႏွင့္ေခြးေလး
စစ္မွန္ေသာအခ်စ္ရဲ႕ အျပဳအမူလုပ္ရပ္ကို သင္စဥ္းစားမိပါသလား။လူအခ်ိဳ႕အတြက္ ပစၥည္းလက္ေဆာင္မ်ားေပးျခင္း ၊ ၎တို႔အတြက္အေရးပါတဲ့ special person တစ္ဦးႏွင့္ အခ်ိန္ျဖဳန္းျခင္းသာျဖစ္ပါတယ္။သို႔ေပမဲ့ အခ်ိဳ႕ေတြအဘို႔ ခ်စ္ျခင္းေမတၱာလုပ္ရပ္ဟာ သူတို႔ရဲ႕မိသားစုမဟုတ္ေသာပုဂၢိဳလ္တစ္ဦးသို႔မဟုတ္ အသိအကြၽမ္း၊ မိတ္ေဆြမ်ားျဖင့္ အတူတူ မွ်ေဝခံစားတတ္ၾကပါတယ္။လူတို႔ဟာ ခ်စ္ျခင္းေမတၱာေဝမွ်ျခင္းႏွင့္ ပတ္သက္၍ လမ္းေဘးေခြးမ်ား သို႔မဟုတ္ ေၾကာင္မ်ား ကဲ့သို႔ေသာတိရိစာၦန္မ်ားကို စဥ္းစားခဲၾကပါတယ္။
၎တို႔ဟာ ကြၽႏ္ုပ္တို႔အား ေဖာ္ထုတ္ျပသႏိုင္သည့္သတၱဝါမ်ားျဖစ္ေသာေၾကာင့္ ေခြး၊ေၾကာင္ေလးေတြဟာ ႁခြင္းခ်က္မရွိတဲ့ခ်စ္ျခင္းေမတၱာကို ပိုင္ဆိုင္ထားၾကပါတယ္။အခုေဖာ္ျပထားတဲ့ဓာတ္ပုံထဲက ကေလးငယ္ဟာ မိဘမ်ား သို႔မဟုတ္ ေမြးစားမိဘမ်ားထံမွ စြန္႔ပစ္ခံခဲ့ရျခင္းရွိ မရွိကို ေသခ်ာမသိရေသးပါဘူး။ထို႔အတူ ကံမေကာင္းစြာနဲ႔ဘဲ လမ္းေပၚရွိကေလးငယ္မ်ားဟာ အစာစားရဖို႔အတြက္ တစ္ေန႔ကို တစ္ေနရာမွတစ္ေနရာသို႔ အၿမဲလွည့္ပတ္သြားလာေနၾကရပါတယ္။
မၾကာေသးခင္က လမ္းေဘးမွာ သူ႔ရဲ႕သစၥာေစာင့္သိေသာ တစ္ေကာင္တည္းေသာ မိသားစုဝင္ေခြးေလးႏွင့္အတူ ဖက္အိပ္ေနခဲ့တဲ့ အိုးမဲ့အိမ္မဲ့ကေလးငယ္ရဲ႕ဓာတ္ပုံတစ္ပုံဟာ social media သို႔ ပ်ံ႕ႏွံ႔ကာ လူသိမ်ားသြားခဲ့ပါတယ္။လမ္းေပၚျဖတ္သန္းသြားလာသူမ်ားက ၾကမ္းျပင္ေပၚအိပ္ရင္း အသံတိတ္အကူအညီေတာင္းေနခဲ့ၾကတဲ့ အဆိုပါကေလးႏွင့္ေခြးေလးကို မကူညီဘဲ မသိသလို ျဖတ္သြားခဲ့ၾကတာေၾကာင့္ ၎ပုံရိပ္ဟာ ပို၍ပင္ ဝမ္းနည္းေၾကကြဲဖြယ္ပုံရိပ္အလား ျဖစ္ေပၚေစခဲ့ပါတယ္။အဆိုပါကေလးငယ္ရဲ႕အေၾကာင္းကို မစုံစမ္းႏိုင္ခဲ့ေသးသလို သူဟာ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာရထားဘူတာအနီးရွိလမ္းေဘးတြင္ သူ၏အိမ္ေမြးတိရိစာၦန္ႏွင့္အတူ အိပ္ခဲ့သည္ကိုသာ သိခဲ့ရပါတယ္။
၎အျဖစ္အပ်က္ကိုၾကည့္ျခင္းအားျဖင့္ အဆိုပါကေလးဟာ ဘယ္ေလာက္ပင္ ခက္ခဲေနပါေစ သူ၏ေခြးေလးကို မစြန္႔ခြါဘဲ ႀကီးမားတဲ့ေႏွာင္ႀကိဳး၊ ခ်စ္ျခင္းေမတၱာႏွင့္သစၥာေစာင့္သိမႈ၏အဓိပၸာယ္အမွန္ကို ျပသခဲ့ပါတယ္။
အခုဓာတ္ပုံေတြကို ၿမိဳ႕ထဲမွာေနထိုင္တဲ့ Jem Villomo က ဓာတ္ပုံ႐ိုက္ယူခဲ့ၿပီး ၎တို႔ကိုသူ႔ရဲ႕Facebook accမွာ ေဖာ္ျပကာ လူအမ်ားက ကေလးႏွင့္ေခြးေလးတို႔နဲ႔ထိုက္တန္တဲ့အကူအညီအားလုံးကို ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနခဲ့ပါတယ္။“ေကာင္ေလးက လမ္းေပၚမွာေခြးနဲ႔အတူေနတယ္။ သူကပိုက္ဆံမေတာင္းဘဲသူတို႔ႏွစ္ေယာက္အတြက္စားစရာေတြပဲ ေတာင္းခဲ့တယ္ ” လို႔ Jem Villomo က ေျပာျပခဲ့ပါေသးတယ္။
Credit-Mia (kbdailynews)