အိမ်ခြေယာမဲ့ အမျိုးသားရဲ့ဆံပင်ညှပ်ပြီးနောက် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေကို စာဖတ်သူတို့အတွက် ဝေမျှပေးလိုက်ပါတယ်နော် ။ ဖြစ်စဉ်ကတော့ Kiet Duy Nguyen အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ လမ်းမပေါ်မှာ မမျှော်လင့်ထားတဲ့ အိမ်ခြေမဲ့တစ်ဦးကိုတွေ့ရှိခဲ့ပြီး ၊ ခေါ်ဆောင်သွားခဲ့ပြီးနောက် အစားအသောက်တွေကျွေးပြီး ဆံပင်ပါညှပ်ပေးခဲ့ပါတယ် ။ ဆံပင်ညှပ်ပြီးနောက်မှာတော့ လုံးဝ လူကြီးလူကောင်ပုံစံသို့ ပြောင်းလဲသွားခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ social media မှာ အဆိုပါအိမ်ခြေမဲ့တစ်ဦးရဲ့အဖြစ်ကို ဝေမျှခဲ့ပြီး အလုပ်တစ်ခုပေးဖို့ကိုပါ တောင်းဆိုပေးခဲ့ပါတယ် ။
နောက်တစ်ရက်မှာပဲ အိမ်ခြေမဲ့ဟာ တိတ်တဆိတ် Kiet ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ် ။ Kiet ကတော့ အနည်းငယ်စိုးရိမ်ပူပန်ခဲ့ပြီး အိမ်ခြေမဲ့အတွက် လုံခြုံစိတ်ချရတဲ့အဖြစ်ကိုသာ မျှော်လင့်နေခဲ့လို့ ၊ အိမ်ခြေမဲ့ကို တွေ့ရှိခဲ့ရင် သူ့ကိုဆက်သွယ်ပေးဖို့ လူအတော်အများကို အကူအညီတောင်းခံခဲ့ပါတယ် ။
ရက်အတော်ကြာတဲ့အချိန်ရောက်မှ အိမ်ခြေမဲ့ဟာ အလုပ်အကိုင်လိုက်လံရှာဖွေနေခဲ့ပေမဲ့ လုံးဝအဆင်မပြေနေဘူး ဆိုတဲ့သတင်းကို Kiet က ကြားသိသွားခဲ့ရပါတယ် ။ ထို့ကြောင့် Kiet ဟာ အိမ်ခြေမဲ့ကို ချက်ချင်းသွားခေါ်ပြီး နေအိမ်မှာ ထမင်းကျွေးမွေးဧည့်ခံကာ အလုပ်အကိုင်အသစ်တစ်ခုကိုပါ ရှာဖွေပေးခဲ့ပါတယ် ။ ယခုချိန်မှာတော့ အိမ်ခြေမဲ့ဟာ ကား ရေဆေးဆီလိုက်ဆိုင်မှာ အလုပ်အကိုင်ရရှိခဲ့ပြီး နေရေး ၊ စားရေးပါ လုံးဝအဆင်ပြေနေခဲ့ပြီး အိမ်ခြေယာမဲ့မဟုတ်တော့ဘဲ တရားဝင်အလုပ်အကိုင်ရရှိနေခဲ့ပြီဖြစ်ကြောင်း သိရပါတယ် ။
Credit-Jasmine (Mckzone Daily)
Zawgyi
ဆံပင္ညႇပ္လိုက္ၿပီးေနာက္ လူရာဝင္ၿပီး အလုပ္ပါရသြားခဲ့တဲ့ အိမ္ေျခယာမဲ့တစ္ဦး
အိမ္ေျခယာမဲ့ အမ်ိဳးသားရဲ႕ဆံပင္ညႇပ္ၿပီးေနာက္ ေျပာင္းလဲသြားတဲ့ ဘဝအေျခအေနေတြကို စာဖတ္သူတို႔အတြက္ ေဝမွ်ေပးလိုက္ပါတယ္ေနာ္ ။ ျဖစ္စဥ္ကေတာ့ Kiet Duy Nguyen အမည္ရွိတဲ့ အမ်ိဳးသားတစ္ဦးဟာ လမ္းမေပၚမွာ မေမွ်ာ္လင့္ထားတဲ့ အိမ္ေျခမဲ့တစ္ဦးကိုေတြ႕ရွိခဲ့ၿပီး ၊ ေခၚေဆာင္သြားခဲ့ၿပီးေနာက္ အစားအေသာက္ေတြေကြၽးၿပီး ဆံပင္ပါညႇပ္ေပးခဲ့ပါတယ္ ။ ဆံပင္ညႇပ္ၿပီးေနာက္မွာေတာ့ လုံးဝ လူႀကီးလူေကာင္ပုံစံသို႔ ေျပာင္းလဲသြားခဲ့ပါတယ္ ။ ဒါ့အျပင္ သူ႔ရဲ႕ social media မွာ အဆိုပါအိမ္ေျခမဲ့တစ္ဦးရဲ႕အျဖစ္ကို ေဝမွ်ခဲ့ၿပီး အလုပ္တစ္ခုေပးဖို႔ကိုပါ ေတာင္းဆိုေပးခဲ့ပါတယ္ ။
ေနာက္တစ္ရက္မွာပဲ အိမ္ေျခမဲ့ဟာ တိတ္တဆိတ္ Kiet ရဲ႕ေနအိမ္ကေန ထြက္ခြာသြားခဲ့ပါတယ္ ။ Kiet ကေတာ့ အနည္းငယ္စိုးရိမ္ပူပန္ခဲ့ၿပီး အိမ္ေျခမဲ့အတြက္ လုံၿခဳံစိတ္ခ်ရတဲ့အျဖစ္ကိုသာ ေမွ်ာ္လင့္ေနခဲ့လို႔ ၊ အိမ္ေျခမဲ့ကို ေတြ႕ရွိခဲ့ရင္ သူ႔ကိုဆက္သြယ္ေပးဖို႔ လူအေတာ္အမ်ားကို အကူအညီေတာင္းခံခဲ့ပါတယ္ ။
ရက္အေတာ္ၾကာတဲ့အခ်ိန္ေရာက္မွ အိမ္ေျခမဲ့ဟာ အလုပ္အကိုင္လိုက္လံရွာေဖြေနခဲ့ေပမဲ့ လုံးဝအဆင္မေျပေနဘူး ဆိုတဲ့သတင္းကို Kiet က ၾကားသိသြားခဲ့ရပါတယ္ ။ ထို႔ေၾကာင့္ Kiet ဟာ အိမ္ေျခမဲ့ကို ခ်က္ခ်င္းသြားေခၚၿပီး ေနအိမ္မွာ ထမင္းေကြၽးေမြးဧည့္ခံကာ အလုပ္အကိုင္အသစ္တစ္ခုကိုပါ ရွာေဖြေပးခဲ့ပါတယ္ ။ ယခုခ်ိန္မွာေတာ့ အိမ္ေျခမဲ့ဟာ ကား ေရေဆးဆီလိုက္ဆိုင္မွာ အလုပ္အကိုင္ရရွိခဲ့ၿပီး ေနေရး ၊ စားေရးပါ လုံးဝအဆင္ေျပေနခဲ့ၿပီး အိမ္ေျခယာမဲ့မဟုတ္ေတာ့ဘဲ တရားဝင္အလုပ္အကိုင္ရရွိေနခဲ့ၿပီျဖစ္ေၾကာင္း သိရပါတယ္ ။
Credit-Jasmine (Mckzone Daily)