ဝမ္းခ်ဳပ္ျခင္းကိုကုသရန္ ငါးရွဥ့္အရွင္ကိုစအိုထဲထည့္ရင္း မေတာ္တဆဗိုက္ထဲဝင္သြားရာ အူ အကိုက္ျဖတ္ခံလိုက္ရတဲ့ အမ်ိဳးသား

အသက္ ၅၀ အ႐ြယ္ရွိေသာ တ႐ုတ္အမ်ိဳးသားတစ္ဦးသည္ ငါးရွဥ့္အရွင္လတ္လတ္တစ္ေကာင္ကို စအိုအတြင္းထည့္ရင္ ဝမ္းခ်ဳပ္ျခင္းကိုကုသႏိုင္သည္ဟုဆိုေသာေၾကာင့္ စအိုအတြင္း ၄၀ စင္တီမီတာခန႔္ရွည္ေသာ ငါးရွဥ့္အရွင္ကိုထည့္ရာမွ ေသလုမတတ္ျဖစ္သြားခဲ့ပါတယ္။ ငါးရွဥ့္က စအိုအတြင္းသို႔တိုးဝင္သြားခဲ့ၿပီး ဗိုက္ထဲရွိအူေတြကို ကိုက္ျဖတ္၍ ဝမ္းဗိုက္အတြင္းမွာပဲေသၿပီးက်န္ေနတာ တစ္ပတ္ေလာက္ၾကာသြားခဲ့ပါတယ္။ သူ႔သတင္း လူသိရွင္ၾကားျဖစ္သြားရတဲ့အေၾကာင္းမွာ သူသည္ မခံမရပ္ႏိုင္ေလာက္ေအာင္ ဗိုက္ေတြအရမ္းနာလာေသာေၾကာင့္ ဂြမ္ေဒါင္းျပည္နယ္၊ ဒုံးဂြမ္းၿမိဳ႕ရွိ ေဆး႐ုံသို႔ သြားျပရင္းနဲ႔ လူသိသြားခဲ့ၾကပါတယ္။ ထို႔ေနာက္ ဆရာဝန္မ်ားသည္ ဝမ္းဗိုက္ထဲက ငါးရွဥ့္ကိုခြဲစိတ္ဖယ္ထုတ္ေပးႏိုင္ခဲ့ၿပီး၊ ထိုလူရဲ႕ အေျခအေနမွာ စိုးရိမ္စရာမရွိဘူးလို႔ ဆိုပါတယ္။

ဆရာဝန္၏ေျပာၾကားခ်က္အရ ၎အမ်ိဳးသားသည္ ဆိုဆိုး႐ြား႐ြားဒီထက္ပိုျဖစ္မသြားခင္ အခ်ိန္မွီေဆး႐ုံေရာက္လာတာ ကံေကာင္းတယ္လို႔ ေျပာပါတယ္။ သို႔ေသာ္ျငားလည္း သူ၏ကိုယ္တြင္းအဂၤါမ်ားသည္ ပိုးေတြဝင္ၿပီး အညစ္အေၾကးမ်ားျပည့္ေနကာ ခြဲစိတ္ေနစဥ္အတြင္း ခြဲစိတ္ခန္းထဲက လူေတြေတာင္ လန႔္သြားၾကတယ္လို႔ ဆိုပါတယ္။
ၿပီးေနာက္ လူနာက ငါးရွဥ့္အရွင္လတ္လတ္ကို သူကိုယ္တိုင္ စအိုထဲထည့္လိုက္ျခင္း ျဖစ္သည္ဟု ဆရာဝန္မ်ားကိုေျပာျပလာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူအခ်ိန္ၾကာျမင့္စြာခံစားေနရတဲ့ ဝမ္းခ်ဳပ္ေဝဒနာကို သက္သာေပ်ာက္ကင္းေအာင္ လုပ္ေပးႏိုင္တယ္လို႔ယုံၾကည္ေၾကာင္း….သို႔ေသာ္ ဘာေၾကာင့္ ငါးရွဥ့္ကိုအသုံးျပဳသလဲဆိုတာကေတာ့ အေၾကာင္းစုံေသေသခ်ာခ်ာမေဖာ္ျပထားပါ။

ၿပီးေတာ့ သိပၸံနည္းက်ေဆးဘက္ဆိုင္ရာ သက္ေသအေထာက္အထားေတြမွာလည္း ငါးရွဥ့္အရွင္ကိုအသုံးျပဳၿပီး ဝမ္းခ်ဳပ္ျခင္းကိုကုသေပးႏိုင္သည့္အေထာက္အထား လုံးဝမေတြ႕ရပါ၊ အလြန္အႏၲရာယ္မ်ားၿပီး အသက္ပါထိခိုက္ႏိုင္ေၾကာင္းႏွင့္ လိုက္လံမျပဳလုပ္ရန္ ဆရာဝန္မ်ားက အႀကံျပဳသတိေပးသြားခဲ့ပါတယ္။

credit- popolay

Unicode

ဝမ်းချုပ်ခြင်းကိုကုသရန် ငါးရှဉ့်အရှင်ကိုစအိုထဲထည့်ရင်း မတော်တဆဗိုက်ထဲဝင်သွားရာ အူ အကိုက်ဖြတ်ခံလိုက်ရတဲ့ အမျိုးသား

အသက် ၅၀ အရွယ်ရှိသော တရုတ်အမျိုးသားတစ်ဦးသည် ငါးရှဉ့်အရှင်လတ်လတ်တစ်ကောင်ကို စအိုအတွင်းထည့်ရင် ဝမ်းချုပ်ခြင်းကိုကုသနိုင်သည်ဟုဆိုသောကြောင့် စအိုအတွင်း ၄၀ စင်တီမီတာခန့်ရှည်သော ငါးရှဉ့်အရှင်ကိုထည့်ရာမှ သေလုမတတ်ဖြစ်သွားခဲ့ပါတယ်။ ငါးရှဉ့်က စအိုအတွင်းသို့တိုးဝင်သွားခဲ့ပြီး ဗိုက်ထဲရှိအူတွေကို ကိုက်ဖြတ်၍ ဝမ်းဗိုက်အတွင်းမှာပဲသေပြီးကျန်နေတာ တစ်ပတ်လောက်ကြာသွားခဲ့ပါတယ်။ သူ့သတင်း လူသိရှင်ကြားဖြစ်သွားရတဲ့အကြောင်းမှာ သူသည် မခံမရပ်နိုင်လောက်အောင် ဗိုက်တွေအရမ်းနာလာသောကြောင့် ဂွမ်ဒေါင်းပြည်နယ်၊ ဒုံးဂွမ်းမြို့ရှိ ဆေးရုံသို့ သွားပြရင်းနဲ့ လူသိသွားခဲ့ကြပါတယ်။ ထို့နောက် ဆရာဝန်များသည် ဝမ်းဗိုက်ထဲက ငါးရှဉ့်ကိုခွဲစိတ်ဖယ်ထုတ်ပေးနိုင်ခဲ့ပြီး၊ ထိုလူရဲ့ အခြေအနေမှာ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဆရာဝန်၏ပြောကြားချက်အရ ၎င်းအမျိုးသားသည် ဆိုဆိုးရွားရွားဒီထက်ပိုဖြစ်မသွားခင် အချိန်မှီဆေးရုံရောက်လာတာ ကံကောင်းတယ်လို့ ပြောပါတယ်။ သို့သော်ငြားလည်း သူ၏ကိုယ်တွင်းအင်္ဂါများသည် ပိုးတွေဝင်ပြီး အညစ်အကြေးများပြည့်နေကာ ခွဲစိတ်နေစဉ်အတွင်း ခွဲစိတ်ခန်းထဲက လူတွေတောင် လန့်သွားကြတယ်လို့ ဆိုပါတယ်။
ပြီးနောက် လူနာက ငါးရှဉ့်အရှင်လတ်လတ်ကို သူကိုယ်တိုင် စအိုထဲထည့်လိုက်ခြင်း ဖြစ်သည်ဟု ဆရာဝန်များကိုပြောပြလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအချိန်ကြာမြင့်စွာခံစားနေရတဲ့ ဝမ်းချုပ်ဝေဒနာကို သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်လို့ယုံကြည်ကြောင်း….သို့သော် ဘာကြောင့် ငါးရှဉ့်ကိုအသုံးပြုသလဲဆိုတာကတော့ အကြောင်းစုံသေသေချာချာမဖော်ပြထားပါ။

ပြီးတော့ သိပ္ပံနည်းကျဆေးဘက်ဆိုင်ရာ သက်သေအထောက်အထားတွေမှာလည်း ငါးရှဉ့်အရှင်ကိုအသုံးပြုပြီး ဝမ်းချုပ်ခြင်းကိုကုသပေးနိုင်သည့်အထောက်အထား လုံးဝမတွေ့ရပါ၊ အလွန်အန္တရာယ်များပြီး အသက်ပါထိခိုက်နိုင်ကြောင်းနှင့် လိုက်လံမပြုလုပ်ရန် ဆရာဝန်များက အကြံပြုသတိပေးသွားခဲ့ပါတယ်။

credit- popolay

  • Leave a Comment