ဂျပန်နိုင်ငံ Osaka က ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ Hot.kenobi ဟာ စူပါဟီးရိုးအရုပ်လေးတွေကို အသက်ဝင်လာအောင် အက်ရှင်ကားဆန်ဆန်ဓာတ်ပုံတွေကို ရိုက်ကူးလေ့ရှိပါတယ်။ Hot.kenobi ဟာ DC နဲ့ Marvel က စူပါဟီးရိုးတွေအပြင် တခါတရံမှာ Disney ရဲ့ Star Wars ဇာတ်ကားထဲက ဇာတ်ကောင်တွေကိုပါ ဓာတ်ပုံရိုက်ကူးလေ့ရှိပါတယ်။ သူ ရိုက်ကူးထားတဲ့ပုံစံတွေကတော့ Superman နဲ့ Batman ပြိုင်ဆိုင်နေကြတဲ့ပုံစံတွေ၊ Hulk က အချိုရည်ဗူးကို ထိုးခွဲနေတဲ့ပုံစံတွေ၊ Spiderman က Captain America ရဲ့ဒိုင်းကို ဆော့ယူကစားနေတဲ့ပုံစံတွေ အစရှိတဲ့ပုံစံတွေကို အသက်ဝင်အောင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Hot.kenobi ဟာ သူရိုက်ကူးထားတဲ့ဓာတ်ပုံတွေကို Instagram ပေါ်မှာ ပြန်လည်မျှဝေလေ့ရှိပြီး လက်ရှိမှာတော့ follower ပေါင်း (၁)သိန်းကျော်ရရှိထားပါတယ်။ အောက်ဘက်မှာတော့ Hot.kenobi ရိုက်ကူးထားတဲ့ စူပါဟီးရိုးအရုပ်လေးတွေရဲ့ဓာတ်ပုံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25