မိခင်ဖြစ်သူရဲ့မင်္ဂလာပွဲအတွက် 7နှစ်အရွယ်သားလေးရဲ့ လက်ဆောင်
Jacob Francis အမည်ရှိတဲ့ 7နှစ်သားအရွယ်ကောင်လေးဟာ သူ၏မိခင်ဖြစ်သူရဲ့မင်္ဂလာပွဲကို ဆေးရောင်စုံခြယ်ထားပြီးသူရေးဆွဲထားခဲ့တဲ့ ရုပ်ပုံတွေနဲ့တက်ရောက်ခဲ့ပါတယ် ။ ထို့အပြင် တစ်ကြောင်းမျဉ်းနဲ့စာရွက်မှာလည်း သူ၏မိခင်အတွက်ဆိုပြီး wedding cake လေးကိုရေးဆွဲခဲ့ပါတယ် ။ cake ကိုလည်းပိုပြီးလှပသွားအောင် အသီးတွေထည့်ပြီးအလှဆင်ထားသည့်အပြင် cake ၏အပေါ်ဖက်တွင်လည်း မင်္ဂလာသတို့သား နှင့် သတို့သမီး၏ ပုံလေးကိုပါထည့်ပြီး အသေးစိတ်ရေးဆွဲထားခဲ့ပါတယ် ။
ပုံမှန်အနေနဲ့ဆိုရင်တော့ ကလေးငယ်ဟာတော်တော်လေးကို ကြိုးစားအားထုတ်ထားတယ်လို့ထင်ရပေမဲ့လည်း သူရေးဆွဲခါးတဲ့ရုပ်ပုံကိုမြင်လိုက်မယ်ဆိုရင်တော့ ရယ်ချင်တာကိုဘယ်လိုမှအောင့်လို့ရမှာ မဟုတ်ပါဘူး ။ Jacob ရဲ့မိခင်ဖြစ်သူ Hannah ကတော့ သားလေးရဲ့လက်ဆောင်အတွက် အတော်လေးကိုဝမ်းသာခဲ့ပေမဲ့လည်း မင်္ဂလာပွဲမှာ မအော်ရယ်မိအောင်အတော်လေး အောင့်အီးနေခဲ့ရပါတယ် ။ ဘာလို့လဲဆိုတော့ Cake ဟာ အမျိုးသားတွေရဲ့လိင်အဂါၤပုံနဲ့ အတော်လေးကိုဆင်တူနေလို့ပါ ။
Hannah ဟာ သားဖြစ်သူစိတ်ထိခိုက်သွားမှာကြောင့်လို့ သားလေးရှေ့မှာ မအော်ရယ်မိအောင်ကြိုးစားခဲ့ပြီး ၊ နောက်ပိုင် သူမ၏ခင်ပွန်းဖြစ်သူ Glan နှင့်အဆိုပါရုပ်ပုံလေးကိုကြည့်ပြီး တစ်ပတ်လောက်အတော်လေးကိုရယ်ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် Hannah ဟာ သားဖြစ်သူရဲ့ Cake ဟာ ရေခဲသေတ္တာထဲကအရာတွေနဲ့ပြုလုပ်ထားခဲ့တာမဟုတ်ပေမဲ့လည်း သူတို့ရဲ့ memory book ထဲမှာထည့်သိမ်းထားခဲ့ပြီး နောက်ပိုင်းသားလေးကြီးလာတဲ့အချိန်မှ သူ့ကိုပြန်ပြမည် ဖြစ်ကြောင်း ဟာသနှောပြီးပြောဆိုခဲ့ပါတယ် ။
Credit-Jasmine (Mckzone Daily)
Zawgyi
  • Leave a Comment
Categories