ပန်းကန်ထိုင်ဆေးနေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် နိုင်ငံကျော်မင်းသမီးဖြစ်လာခဲ့သည့် အသက်၁၆နှစ်အရွယ်ကောင်မလေး

လူတစ်ယောက်၏ ကံကမ္မာကို အထင်သေး၍မရနိုင်ပေ။လူတစ်ယောက်သည် ယနေ့တွင်ပင်ပန်းဆင်းရဲနေပေမဲ့ နောက်တစ်ရက်တွင် အောင်မြင်သော လူတစ်ယောက်လည်း ဖြစ်လာနိုင်ပေသည်။ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၁၆နှစ်အရွယ်သာရှိသေးသည့် Yordchangဟုအမည်ရသည့် ကောင်မလေးသည် သူမနေထိုင်သည့် ရပ်ကွက်ထဲတွင် ပန်းကန်များအား ဆေးကြောလုပ်ကိုင်ကူညီနေခဲ့ပါတယ်။

ထိုအချိန်တွင်လူတစ်ဦးဟာ ဓာတ်ပုံများကို ရိုက်ပြီး လိုင်းပေါ်တင်ရာမှ ကောင်မလေး၏ ဓာတ်ပုံလေးဟာလည်း ပါသွားခဲ့ရပါတယ်။ကောင်မလေး၏ ကာလာတွေလိမ်းခြယ်ထားခြင်းမရှိတဲ့ ချစ်စဖွယ်မေက်နှာလေးကြောင့် တစ်နိုင်ငံလုံး၏ ချစ်ခြင်းကို ခံခဲ့ရပါတော့တယ်။

ကောင်မလေးဟာ အလွတ်တန်း သရုပ်ဆောင်တစ်ဦးအနေဖြင့်ပါ အောင်မြင်လာခဲ့ပြီလည်းဖြစ်ပါတယ်။လူတိုင်းဟာတော့ ကောင်မလေးကို ဘယ်တော့မှ မိတ်ကပ်တွေလိမ်းစရာမလိုဘဲ အမြဲတမ်းလှပနေသူဟု တင်စားနေကြပါတယ်။

Credit-Shoon (Cele Daily)

Zawgyi






  • Leave a Comment

Categories