အချစ်ဆုံးနှင့်ခင်မင်ရင်းနှီးဆုံး ခွေးလေးအား ဆုံးရှုံးလိုက်ရသောအခါ မခံစားနိုင်ပဲ အားရပါးရငိုခဲ့သောကောင်လေး

ခွေးလေး ကြောင်လေးများသည် လူတို့နှင့်အနီးကပ်ဆုံး နေခွင့်ထိခွင့်ရသော အိမ်မွေးတိရစ္ဆာန်လေးများဖြစ်ကြပြီး သူတို့လေးတွေကို ရုတ်တရက်ခွဲခွာလိုက်ရခြင်းဖြင့် မည်သူမဆို ဝမ်းနည်းကြေကွဲကြရမှာပါ။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ကောင်လေးတစ်ယောက်သည် မိသားစုဝင်အဖြစ်သတ်မှတ်ထားသော အချစ်ရဆုံးခွေးလေးမှာ ကားတိုက်ခံလိုက်ရပြီး ဆုံးပါးသွားခဲ့သည်။

ကောင်လေးသည် ခွေးလေးအား ကယ်တင်ဖို့ နောက်ကျသွားပြီး မလှုပ်မယှက်တော့သည့် ရုပ်အလောင်းကိုကြည့်ရင်း ဝမ်းနည်းစွာစိတ်ပျက်လက်ပျက် ထိုင်ငိုခဲ့သည်။

ထိုကောင်လေးသည် ခွေးလေးနှင့်အလွန်ရင်းနှီးမှုရှိကာ ငယ်ငယ်လေးတည်းက ဂရုတစိုက်နှင့် ပိုးမွေးသလိုပြုစုယုယပေးလာခဲ့ရင်း ကြီးလာတော့လည်း ဘယ်သွားသွား ခေါ်ဆောင်ခဲ့ပြီး အတူအိပ် အတူစားခဲ့ကြရာ ပျော်စရာ အမှတ်တရလေးတွေ များစွာရှိခဲ့သည်။

ထို့ကြောင့် ကောင်လေးအား ကြည့်ရင်း စာနာသနားမိကြရာ နှစ်သိမ့်မှုများပေးခဲ့ကြသည်။

Credit-Hlaing (Love Feeling )

Zawgyi








  • Leave a Comment

Categories