တစ်ခါတစ်လေမှာ ပတ်ဝန်းကျင်မှာ မြင်တွေ့ရသူတချို့ရဲ့ လုပ်ရပ်တွေဟာ ဘယ်လို အတွေးတွေနဲ့ လုပ်လိုက်တယ်မှန်း စဉ်းစားမရတာတွေရှိပါတယ်။ ဘယ်သူမှ လိုက်မမှီနိုင်တဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေနဲ့ လုပ်ချင်ရာလုပ်တတ်ကြသူတွေရဲ့ ရီရခက်ငိုရခက်ဓာတ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။
(၁)ကားလမ်းမပေါ်မှာ အသက်အန္တရာယ် ဂရုစိုက်သင့်တယ်တဲ့လား…နေပါ။သယ်လာတဲ့ ပစ္စည်းပြုတ်ကျပြီး မပျက်စီးဖို့ ကအရေးကြီးတယ်လေ
(၂)ဒါက ညဏ်ကြီးရှင်လို့ပဲ ခေါ်ရမလား..နည်းနည်းရူးကြောင်ကြောင်နိုင်တယ်ပဲ ပြောရမလား။
(၃)ခန္ဓာကိုယ်က ကြွက်သားတွေ ကြီးထွားဖွံံ့ဖြိုးဖို့အတွက် Gym သွားနေအုံးမလား..ဒီနည်းလမ်းလည်း အဆင်ပြေတယ်ထင်တယ်နော်.
(၄)ကားဘီးမပါလည်း ညဏ်ကြီးရှင်တွေအတွက် ဆေးဆေးပါပဲ။စိတ်ပူစရာမလိုအပ်ပါဘူး
(၅)ဒီဓာတ်ပုံကိုကြည့်ပြီး သူတို့ဘယ်ရာသီဥတုရောက်နေတယ်ဆိုတာ ခန့်မှန်းနိုင်သလား..
(၆)နှင်းပုံကြီးကို တခြားနေရာသယ်သွားမလို့ဖြစ်မှာပါလေ
(၇)အခန်းဖော်နဲ့ ရန်ဖြစ်ပြီးနောက်ဟိုတယ်မှာသွားအိပ်ဖို့ကလည်း ပိုက်ဆံမရှိတော့တဲ့အခါ
(၈)ဆိုင်ကယ်မှောက်သွားလဲ ခေါင်းအထိမနာဖို့အရေးကြီးတယ်လေ
(၉)အိမ်ရှေ့မှာ နှင်းပုံကြီး ရှိနေတာကဒီအိမ်အတွက်တော့ ပျော်စရာကြီးပါပဲ။
(၁၀)မြင်ရသူတိုင်းကို မွန်းကျပ်မှုတွေခံစားရစေမယ့် ဓာတ်ပုံ
(၁၁)သင့်ဆီမှာကားမရှိပေမယ့် မုန့်သွားစားတဲ့အခါမှာကားမောင်းပြီး သွားချင်နေတော့လည်း
(၁၂)ကိုယ်တိုင်လုပ် လက်ပ်တော့ အပူချိန်လျှော့ ကိရိယာပါ။ ဘာမှမကုန်ဘူး ပန်ကာလေးပဲလိုတော့တယ်။ကြိုက်သွားပြီလား
(၁၃)အခုဆိုရင် ကားက ဘယ်ထိခိုက်မှုကိုမှကြောက်စရာမလိုတော့ပါဘူး။
(၁၄)တော်တော်လေးကို ပိန်တဲ့သူတွေတောင်ဒီတိုက်ခန်းမှာ နေလို့ ရပါ့မလား
(၁၅)ဆိုင်ကယ်မှာတပ်ထားတဲ့ ထိုင်ခုံထက်အိမ်က ထိုင်ခုံက ပိုထိုင်လို့ ကောင်းတယ်လေ
(၁၆)တောင်တက်ခရီးတွေသွားပြီး တဲထိုးအိပ်ရတာကို ကြိုက်ပေမယ့်အိပ်ရာပေါ်မှာ အိပ်ရတာကို ပိုကြိုက်လို့ပါ။
(၁၇)ဆိုင်ကယ် ကယ်ရီသမားတွေလည်းစီးပွားရေးတွေ သောင်းကျန်းနေပြီလေ…
(၁၈)ဆိုင်ကယ်ဦးထုပ်တစ်ခုတည်းနဲ့ အသက်အန္တရာယ်ကာကွယ်နိုင်ပြီလို့ မယုံကြည်တဲ့အခါမှာတော့
(၁၉)ဒါက တီထွင်ကြံဆတတ်တယ်လို့ဆိုရမလားပဲ
(၂၀)ဒီတံခါးကို အရေးပေါ်မှပဲ ဖွင့်ပြီးသွားနော်…ကျန်တဲ့အချိန် ဘေးကနေ ပတ်သွားပေါ့
(၂၁)၂၀၂၁ ရဲ့ နောက်ဆုံးပေါ်ခွေးထိန်းကြိုးအသစ်ဒီဇိုင်းဖြစ်မယ်ထင်တယ်
(၂၂)ရည်းစားနဲ့ ပြတ်သွားတဲ့ သူငယ်ချင်းအိမ်ကို အလည်သွားတဲ့အခါယူသွားသင့်တဲ့ အလိုအပ်ဆုံး ပစ္စည်း
(၂၃)လိုလျှင်ကြံဆ နည်းလမ်းရတဲ့ ..ကားသေးသေးလေး ဝယ်ထားလို့ပါဆိုပြီး အထင်သေးနေတဲ့သူတွေ အိမ်ရှေ့ နှစ်ပတ်လောက် သွားမောင်းပြလိုက်သေးတယ်။
(၂၄)ကိုယ်ကြိုက်တဲ့ အစားအစာ မျက်စိရှေ့ရောက်လာတာနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ် အပီအပြင် ဆွဲဖို့ အဆင်သင့်ဖြစ်နေကြသူတွေရှိလား..
(၂၅)ကြည့်ရတာ အစားကောင်းကောင်းတွေစားရမယ့်နေ့ကျမှ ဘောင်းဘီကျပ်ကျပ်ဝတ်လာမိတယ်ထင်တယ်။သူဘယ်လောက်တောင်မှ အများကြီးစားချင်သလဲ မမေးပါနဲ့တော့ ချွတ်ထားတဲ့ ဘောင်းဘီက အသက်။
ဖော်ပြပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ပရိသတ်တွေ ရီရခက်ခက် ငိုရခက်ခက်ဖြစ်စေခဲ့တဲ့ ပုံတွေက ဘာတွေဖြစ်မလဲ..ကိုယ်တိုင်ရော အခုလိုမျိုး စိတ်ကူးရှိရာ လျှောက်လုပ်တတ်တဲ့လူလားဆိုတာကို ပြောပေးခဲ့ကြပါအုံးနော်။