အမျိုးသားတစ်ယောက်ဟာ နှလုံးမပါဘဲ ရက်ပေါင်း(၅၀၀)ကျော် အသက်ရှင်နေထိုင်ရပ်တည်နိုင်ခဲ့တဲ့အတွက် ဆေးသိပ္ပံပညာရှင်များအဖို့ အတော်လေး အံ့အားသင့်ခဲ့ရပါတယ်။ သူ့အမည်ကတော့ Stan Larkin ဖြစ်ပါတယ်။ သူဟာ (၂၀၁၄)ခုနှစ်မှာ အရေးပေါ်နှလုံးအစားထိုး ခွဲစိတ်ရန် လိုအပ်ခဲ့သော်လည်း၊ အလှူရှင် ပေါ်မလာခဲ့ပါဘူး။
ဒါကြောင့် သူဟာ SyncArdia လို့ခေါ်တဲ့ နှလုံးအတုတပ်ဆင်ခဲ့ရပါတယ်။ Larkin ဟာ အဲဒီနှလုံးအတုနဲ့ ရက်ပေါင်း (၅၅၅)ရက်တိုင်တိုင် အသက်ရှင် ရပ်တည်ခဲ့ပြီး၊ သာမန်လူတစ်ယောက်လို သွားလာလှုပ်ရှားတာတွေ၊ အားကစားလုပ်တာတွေကိုပါ ပြုလုပ်နိုင်ခဲ့ပါတယ်။ နောက်မှာမြင်ရတဲ့ ကျောပိုးအိတ်အမည်းက နှလုံးအတုထည့်ထားတဲ့ အိတ်ဖြစ်ပါတယ်။ သွားလေရာ သယ်သွားရပြီး၊ ဒါကြီးတန်းလန်းနဲ့ သူဟာ ဘက်စကတ်ဘောကစားပြတာတွေ လုပ်ပြခဲ့သူပါ။
(၂၀၁၆)ခုနှစ်ရောက်မှ သူဟာ နှလုံးအလှူရှင် ပေါ်လာခဲ့တာပါ။ SyncArdia နှလုံးစက်အတုဟာ (၁၃)ပေါင် အလေးချိန်ရှိပြီး၊ သူ့ရဲ့နောက်ကျောကနေ သိုင်းပြီးတပ်ဆင်ခဲ့တာပါ။ Larkin ရဲ့ နှလုံးမပါဘဲ အသက်ရှင်ရပ်တည်မှုကို မီချီဂန်တက္ကသိုလ်မှ ဒေါက်တာတွေ အသေးစိတ်လေ့လာခဲ့ကြပြီး၊ အလွန်အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။
Larkin ဟာ နှလုံးအစစ် အစားထိုးခွဲစိတ်မှု ခံယူချိန်မှာ အသက်(၂၆)ဖြစ်ပြီး ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းအနေအထားနဲ့ ခွဲစိတ်မှုကို အောင်မြင်စွာ ခံယူနိုင်ခဲ့တာပါ။ သူ့ရဲ့ မွေးချင်းဖြစ်တဲ့ Dominique ကလည်း သူ့လိုပဲ မွေးရာပါနှလုံးရောဂါအခံရှိသူဖြစ်လို့ (၂၀၁၅)ခုနှစ်မှာ သင့်တော်တဲ့ နှလုံးအလှူရှင် ပေါ်လာခဲ့တာကြောင့် Larkin ထက် တစ်နှစ်စောပြီး နှလုံးအစားထိုးခွင့် ရရှိခဲ့သူပါ။
Larkin က သူရဲ့ အဖြစ်နဲ့ပတ်သက်ပြီး Science Daily သတင်းစာနဲ့တွေ့ဆုံစဉ်မှာ ” ဒါက တကယ့်ကို ကြည်နူးဖွယ်ကောင်းတဲ့ ရိုလာကိုစတာကြီး စီးနေရသလိုပါဘဲ … နှလုံးအစားထိုးပြီး နှစ်ပတ်လောက်ကြာတော့ ကျွန်တော် ပြောခဲ့တဲ့အတိုင်း လမ်းလျှောက်ထွက်နိုင်ခဲ့တယ် … ကျွန်တော့်အတွက် နှလုံးလှူပေးခဲ့သူကို ကျေးဇူးတင်ပါတယ်”
” တစ်နေ့နေ့မှာ အဲဒီအလှူရှင်ရဲ့ မိသားစုဆီကို ကျွန်တော် ရောက်အောင်သွားတွေ့ဦးမှာပါ … သူတို့ကလည်း ကျွန်တော့်ကို တွေ့ချင်တယ်လို့ မျှော်လင့်ပါတယ် … “လို့ ပြောခဲ့ပါတယ်။ Larkin နဲ့ သူ့ထက်ကအကြီးဖြစ်တဲ့ Dominique တို့ဟာ Familial dilated cardiomyopathy လို့ခေါ်တဲ့ နှလုံးနဲ့ဆိုင်တဲ့ ရောဂါကို ခံစားခံရသူပါ။
ဒီရောဂါဟာ နှလုံးရောဂါတွေထဲမှာ စိုးရိမ်ရဆုံးအခြေအနေတစ်ခု ဖြစ်ပြီး၊ ကျန်းမာနေတယ်ထင်ရတဲ့ လူကိုပင် ကောက်ကာငင်ကာ သေရွာခေါ်သွားနိုင်သည်အထိ အန္တရာယ်ကြီးပါသတဲ့။ Larkin နဲ့ Dominique တို့ကို တာဝန်ယူခွဲစိတ်ပေးခဲ့သူကတော့ ပါရဂူကြီး ဒေါက်တာ Jonathan Haft ဖြစ်ပါတယ်။ Haft က-
” သူတို့နှစ်ယောက်စလုံး အရေးပေါ်ခန်းထဲမှာ စတွေ့တော့ … တော်တော်လေး အသည်းအသန် နေမကောင်းဖြစ်နေတာ … အခုလို ကျန်းကျန်းမာမာ မြင်ရတော့ သူတို့ မိသားစုဝင်တွေလိုပဲ အတိုင်းမသိ ပျော်ရွှင်ရပါတယ် “လို့ ပြောခဲ့ပါတယ်။ ဒေါက်တာရဲ့အမြင်ကတော့ နည်းပညာတိုးတက်လာမှုရဲ့ ကောင်းကျိုးတွေထဲက တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။
Credit-လင်းသူရိန်
Ref ; LadBible
Zawgyi
ရက္ေပါင္း(၅၅၅)ရက္တိုင္ ႏွလုံးမပါဘဲအသက္ရွင္ေနထိုင္ႏိုင္ခဲ့တဲ့ အမ်ိဳးသား
အမ်ိဳးသားတစ္ေယာက္ဟာ ႏွလုံးမပါဘဲ ရက္ေပါင္း(၅၀၀)ေက်ာ္ အသက္ရွင္ေနထိုင္ရပ္တည္ႏိုင္ခဲ့တဲ့အတြက္ ေဆးသိပၸံပညာရွင္မ်ားအဖို႔ အေတာ္ေလး အံ့အားသင့္ခဲ့ရပါတယ္။ သူ႔အမည္ကေတာ့ Stan Larkin ျဖစ္ပါတယ္။ သူဟာ (၂၀၁၄)ခုႏွစ္မွာ အေရးေပၚႏွလုံးအစားထိုး ခြဲစိတ္ရန္ လိုအပ္ခဲ့ေသာ္လည္း၊ အလႉရွင္ ေပၚမလာခဲ့ပါဘူး။
ဒါေၾကာင့္ သူဟာ SyncArdia လို႔ေခၚတဲ့ ႏွလုံးအတုတပ္ဆင္ခဲ့ရပါတယ္။ Larkin ဟာ အဲဒီႏွလုံးအတုနဲ႔ ရက္ေပါင္း (၅၅၅)ရက္တိုင္တိုင္ အသက္ရွင္ ရပ္တည္ခဲ့ၿပီး၊ သာမန္လူတစ္ေယာက္လို သြားလာလႈပ္ရွားတာေတြ၊ အားကစားလုပ္တာေတြကိုပါ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေနာက္မွာျမင္ရတဲ့ ေက်ာပိုးအိတ္အမည္းက ႏွလုံးအတုထည့္ထားတဲ့ အိတ္ျဖစ္ပါတယ္။ သြားေလရာ သယ္သြားရၿပီး၊ ဒါႀကီးတန္းလန္းနဲ႔ သူဟာ ဘက္စကတ္ေဘာကစားျပတာေတြ လုပ္ျပခဲ့သူပါ။
(၂၀၁၆)ခုႏွစ္ေရာက္မွ သူဟာ ႏွလုံးအလႉရွင္ ေပၚလာခဲ့တာပါ။ SyncArdia ႏွလုံးစက္အတုဟာ (၁၃)ေပါင္ အေလးခ်ိန္ရွိၿပီး၊ သူ႔ရဲ႕ေနာက္ေက်ာကေန သိုင္းၿပီးတပ္ဆင္ခဲ့တာပါ။ Larkin ရဲ႕ ႏွလုံးမပါဘဲ အသက္ရွင္ရပ္တည္မႈကို မီခ်ီဂန္တကၠသိုလ္မွ ေဒါက္တာေတြ အေသးစိတ္ေလ့လာခဲ့ၾကၿပီး၊ အလြန္အံ့အားသင့္ခဲ့ရတယ္လို႔ ဆိုပါတယ္။
Larkin ဟာ ႏွလုံးအစစ္ အစားထိုးခြဲစိတ္မႈ ခံယူခ်ိန္မွာ အသက္(၂၆)ျဖစ္ၿပီး က်န္းက်န္းမာမာ သန္သန္စြမ္းစြမ္းအေနအထားနဲ႔ ခြဲစိတ္မႈကို ေအာင္ျမင္စြာ ခံယူႏိုင္ခဲ့တာပါ။ သူ႔ရဲ႕ ေမြးခ်င္းျဖစ္တဲ့ Dominique ကလည္း သူ႔လိုပဲ ေမြးရာပါႏွလုံးေရာဂါအခံရွိသူျဖစ္လို႔ (၂၀၁၅)ခုႏွစ္မွာ သင့္ေတာ္တဲ့ ႏွလုံးအလႉရွင္ ေပၚလာခဲ့တာေၾကာင့္ Larkin ထက္ တစ္ႏွစ္ေစာၿပီး ႏွလုံးအစားထိုးခြင့္ ရရွိခဲ့သူပါ။
Larkin က သူရဲ႕ အျဖစ္နဲ႔ပတ္သက္ၿပီး Science Daily သတင္းစာနဲ႔ေတြ႕ဆုံစဥ္မွာ ” ဒါက တကယ့္ကို ၾကည္ႏူးဖြယ္ေကာင္းတဲ့ ႐ိုလာကိုစတာႀကီး စီးေနရသလိုပါဘဲ … ႏွလုံးအစားထိုးၿပီး ႏွစ္ပတ္ေလာက္ၾကာေတာ့ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္း လမ္းေလွ်ာက္ထြက္ႏိုင္ခဲ့တယ္ … ကြၽန္ေတာ့္အတြက္ ႏွလုံးလႉေပးခဲ့သူကို ေက်းဇူးတင္ပါတယ္”
” တစ္ေန႔ေန႔မွာ အဲဒီအလႉရွင္ရဲ႕ မိသားစုဆီကို ကြၽန္ေတာ္ ေရာက္ေအာင္သြားေတြ႕ဦးမွာပါ … သူတို႔ကလည္း ကြၽန္ေတာ့္ကို ေတြ႕ခ်င္တယ္လို႔ ေမွ်ာ္လင့္ပါတယ္ … “လို႔ ေျပာခဲ့ပါတယ္။ Larkin နဲ႔ သူ႔ထက္ကအႀကီးျဖစ္တဲ့ Dominique တို႔ဟာ Familial dilated cardiomyopathy လို႔ေခၚတဲ့ ႏွလုံးနဲ႔ဆိုင္တဲ့ ေရာဂါကို ခံစားခံရသူပါ။
ဒီေရာဂါဟာ ႏွလုံးေရာဂါေတြထဲမွာ စိုးရိမ္ရဆုံးအေျခအေနတစ္ခု ျဖစ္ၿပီး၊ က်န္းမာေနတယ္ထင္ရတဲ့ လူကိုပင္ ေကာက္ကာငင္ကာ ေသ႐ြာေခၚသြားႏိုင္သည္အထိ အႏၲရာယ္ႀကီးပါသတဲ့။ Larkin နဲ႔ Dominique တို႔ကို တာဝန္ယူခြဲစိတ္ေပးခဲ့သူကေတာ့ ပါရဂူႀကီး ေဒါက္တာ Jonathan Haft ျဖစ္ပါတယ္။ Haft က-
” သူတို႔ႏွစ္ေယာက္စလုံး အေရးေပၚခန္းထဲမွာ စေတြ႕ေတာ့ … ေတာ္ေတာ္ေလး အသည္းအသန္ ေနမေကာင္းျဖစ္ေနတာ … အခုလို က်န္းက်န္းမာမာ ျမင္ရေတာ့ သူတို႔ မိသားစုဝင္ေတြလိုပဲ အတိုင္းမသိ ေပ်ာ္႐ႊင္ရပါတယ္ “လို႔ ေျပာခဲ့ပါတယ္။ ေဒါက္တာရဲ႕အျမင္ကေတာ့ နည္းပညာတိုးတက္လာမႈရဲ႕ ေကာင္းက်ိဳးေတြထဲက တစ္ခုလို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
Credit-လင္းသူရိန္
Ref ; LadBible