မြင်ဖူးသမျှထဲ ပေါက်ကရအနိုင်ဆုံးဖြစ်တဲ့ ကြောင်တောင်တောင်တီထွင်မှုများ

လူတိုင်းမှာ တခြားသူကြားမိရင် ထရီလောက်မယ့် ခပ်ကြောင်ကြောင်အတွေးတွေ ကိုယ်စီရှိကြမှာပါ။..တချို့ကျတော့ ဒီအတွေးတွေက ခပ်ကြောင်ကြောင်နိုင်မှန်းသိတော့ လက်တွေ့အကောင်အထည်မဖော်လိုက်ကြပေမယ့် တချို့ကျတော့ ကိုယ့်ရဲ့ ခပ်ကြောင်ကြောင်အတွေးစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်လိုက်ကြပါတော့တယ်။

သူတို့ရဲ့ ခပ်ကြောင်ကြောင်အတွေးတွေကို အကောင်အထည်ဖော်တဲ့ အခါမှာတော့ ကျွန်တော်တို့ မြင်ဖူးသမျှထဲ ပေါက်ကရအနိုင်ဆုံး ခပ်ကြောင်ကြောင်တီထွင်မှုတွေ ဖြစ်သွားပါတော့တယ်..ဆက်လက်ပြီးတော့ ကြည့်ရှုလိုက်ကြပါအုံးနော်.

(၁)

မုန့်စားရင်းနှင့် ဆဲလ်ဖီပါဆွဲလို့ ရမယ့် အချောင်းလေး…

မုန့်စားနေတဲ့ ပုံကို ဓာတ်ပုံရိုက်ချင်တဲ့ သူတွေ အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်စေတယ်လို့ ဆိုပေမယ့်လည်း မြင်ဖူးသမျှထဲ အကြောင်ဆုံး တီထွင်ဖန်တီးမှုတစ်ခုပါပဲ။

(၂)

မကောင်းဆိုးဝါးတွေကို ကြောက်တတ်တဲ့ သူတွေများရှိမလား..

ဒီတီထွင်မှုကတော့ ထိုလူတွေအတွက်ပါတဲ့ …မကောင်းဆိုးဝါးတွေ မကောင်းတဲ့ အငွေ့အသက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဖြန်းဆေးရည်ပဲဖြစ်ပါတယ်။

ကံရဲ့ အကျိုးကို ယုံတဲ့ သူတွေအတွက်တော့ ဒီဖြန်းဆေးရည် အစွမ်းထက်မထက် မလိုအပ်ဘူးထင်ပါတယ်။

(၃)

သင်ဒီနေ့ဝတ်လိုက်တဲ့ အတွင်းခံကို ကြည့်ကောင်းလိုက်တာလို့ ပြောပေးမယ့်သူမရှိ ဖြစ်နေပါသလား..ဒါဆိုရင် ဒီခြေသုတ်ကော်ဇောလေး ဝယ်သင့်ပါပြီ။

သင်နေ့တိုင်းဝတ်သမျှ အတွင်းခံတိုင်းကို သင်နှင့်ကြည့်ကောင်းတယ်လို့ပြောပေးမှာပါ။

ကြည့်ရတာ ဒီကော်ဇောကို ဖန်တီးဖို့ အကြံညဏ်ကို ရခဲ့သူက အတွင်းခံလှလှလေးတွေ ဝတ်ရတာ ကြိုက်တဲ့ သူဖြစ်ပါလိမ့်မယ်။

(၄)

လူကြားထဲမှာထင်းကနဲ လင်းကနဲ ဖြစ်သွားစေမယ့် ဒေါက်ဖိနပ်..

ပျိုမေတို့ရေ ဘယ်လိုလည်း ဝတ်ချင်ကြရဲ့လား

(၅)

ရိုးရိုး အသားဟင်းကိုရောင်းတယ်ဆိုပေမယ့်လည်း ဘူးမှာတော့ ယူနီကွန်းဟင်းလို့ အမည်တပ်ရပြီး ကိုက်လိုက်တိုင်း မှော်ဆန်သွားစေမယ်လို့ အာမခံရောင်းနေတာပါ။

မှော်ဆန်တဲ့ ဟင်းဆိုရင်တော့ စားကြည့်ချင်သားနော်

(၆)

သင့်သူငယ်ချင်းက အရာရာပြည့်စုံတဲ့သူတစ်ယောက်ဖြစ်နေလို့ လက်ဆောင်ပေးဖို့တွေ စဉ်းစားရခက်နေပါသလား…

ဘာမှမပါတဲ့ လက်ဆောင်ကိုတောင် ဝယ်ပြီး ပေးလို့ရပါတယ်။

အရာရာပြည့်စုံနေတဲ့သူတွေအတွက် ဘာမှမပါတဲ့ လက်ဆောင်ကို ရောင်းနေပါတယ်။

(၇)

ပန်းကန်စင်ကို အထူးတဆန်းအိမ်မှာထားချင်တယ်ဆိုရင်တော့ အနူးညံ့ဆုံး ပန်းကန်စင်ကိုလည်း တီထွင်ထားကြပါသေးတယ်။

နူးညံ့လွန်းလို့ တစ်ရက်တည်းနှင့်တင် ပန်းကန်တွေတော့ ကွဲသွားနိုင်ပါတယ်။

(၈)

အမှောင်ထဲမှာဆို လင်းတဲ့ အိမ်သာသုံးစက္ကူ..

ရီမနေကြနဲ့ အုံးနော် ပရိသတ်တို့.. သန့်စင်ခန်းထဲ မီးပြတ်နေချိန်မှာ အသုံးဝင်ရင် ဝင်မှာပေါ့နော်။

(၉)

အထူးပြုပြင်ထားတဲ့ လူသားတို့ရဲ့ အဆီကိုလည်း ကြံကြံဖန်ဖန်တီထွင်ရောင်းချကြပါသေးတယ်။ ဘယ်နေရာမှာ သုံးလို့ရမလည်းကတော့ စဉ်းစားလိူ့တောင်မရပါဘူး။

(၁၀)

အလုပ်လုပ်နေရင်း ဆော့လို့ရမယ့် နှာခေါင်း ဘက်စကက်ဘော ..

ကလေးတွေအတွက်တော့ ပျော်စရာကစားနည်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် လူကြီးတွေအတွက်ကတော့ ပေါက်ပေါက်ရှာရှာ ကစားနည်းပါပဲ။

(၁၁)

ပြတ်တုန်း လပ်တုန်း ၂၃ရက်တွေမှာ မြင်မြင်သမျှက စားချင်စရာတွေပါပဲ။ ဘိုင်ပြတ်နေချိန်မှာ ဒီနှုတ်ခမ်းနီကို ဆိုးလိုက်ရုံနှင့် ဘေကွန်အသားပြား အနံ့အရသာ ရစေနိုင်ပါတယ်တဲ့..နှုတ်ခမ်းနီနှင့် အစားအသောက်ကို တွဲဖက်စဉ်းစားမိတဲ့ အကြံညဏ်ကိုတော့ အံ့သြမဆိုးနိုင်ပါဘူး။

(၁၂)

နှာခေါင်းပုံစံ ဆပ်ပြာညှစ်ခွက်ပါ…

နှာခေါင်းပေါက်ထဲက ဆပ်ပြာအဆီတွေ ထွက်လာမှာဆိုတော့ အလွယ်တကူ ရွံတတ်သူတွေအတွက်တော့အဆင်မပြေလောက်ပါဘူး။

(၁၃)

လက်မတိုက်ပွဲကို Star Wars အသဲစွဲတွေအတွက် တီထွင်ပေးထားတဲ့ အရုပ်ပါ….

လက်မတိုက်ပွဲကို ရိုးရိုး တိုက်ရမှာမဟုတ်ပဲ စတားဝါး လေဆာ ဓားတွေနဲ့ တိုက်ပွဲဝင်ရမှာပဲ ဖြစ်ပါတယ်။ စတားဝါး ဖန်တွေအတွက်တော့ အကြိုက်ပါပဲနော်။

(၁၄)

ဒီအသားကပ်ဘောင်းဘီကို ဝတ်လိုက်ရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်အစိတ်အပိုင်းတွေဖြစ်တဲ့ အရိုးနှင့် အကြောတွေကိုပါ မြင်ရသလို ခံစားရစေမှာပဲဖြစ်ပါတယ်။

(၁၅)

အမွှေးထူပင့်ကူတစ်မျိုးကို အခြောက်ခံထားပြီး စားလို့ရတဲ့ စည်သွပ်ဘူး…

ဘယ်လိုနေလည်း ပရိသတ်တို့ရေ ပုရစ်ကြော်တို့ ဘာတို့လို စားကောင်းလောက်မယ်ထင်ပါသလား

(၁၆)

တိတ်တိတ်လေးခိုးပြီး အိပ်ငိုက်တတ်တဲ့ သူတွေအတွက ်အသုံးတည့်မယ့် မျက်လုံးပုံစတစ်ကာ ..

အတန်းထဲမှာ ဆရာမက စာလှမ်းမေးရင်တော့ မတတ်နိုင်ဘူးနော်။

(၁၇)

ဆောင်းရာသီမှာနွေးနွေးထွေးထွေးရှိဖို့ ခေါင်းကိုပဲ ဦးထုပ်ဆောင်းတာ မတရားဘူးလေ..

ဒီတော့ နားရွက်လေးအတွက် ဦးထုပ်လေးပါ ထွင်ပေးလိုက်တယ်။

(၁၈)

ခင်မင်ရင်းနှီးလွယ်တဲ့ သူတွေအတွက် အထူးထုတ်လုပ်ထားတဲ့ လက်အများကြီး ပါဝင်တဲ့ လက်ချောင်းအစွပ်လေးတွေ…..

တစ်ပြိုင်နက်တည်းများ နှုတ်ဆက်လို့ရအောင် တီထွင်ထားလားတော့ မသိပါဘူး။

(၁၉)

ပဲပင်ပေါက် ကလစ်..

ချစ်စရာကောင်းအောင် ကလစ်ဝတ်ရတာ ရိုးလာပြီဆိုရင် သဘာဝနှင့်နီးစပ်တဲ့ ကလစ်လေး ပန်ကြည့်ကြတာပေါ့

(၂၀)

အီးပုံ emoji တွေ ရိုက်နှိပ်ထားတဲ့ရှပ်အင်္ကျီ..

ဘယ်လိုလဲ..သတ္တိရှိရင် ရုံးသွားအလုပ်သွားအတွက် ဝတ်သွားရဲကြရဲ့လား..

ာကာရ့ွရိုသိသ ်ွပလဲးငကိံြးှ.ရလဲယတ်ဝအ်လလွဲ ်.သဘာုရသတးရွးတတု..ားအ်

(၂၁)

သူကတော့ လည်သာ ၊ အမွှေးလေးတွေနှင့် လှသွားအောင် ထုတ်လုပ်ထားတဲ့ လက်အိတ်ပါ…

လက်သည်းတုလေးတွေတောင် ထည့်ပေးထားသေးတယ်။ကြောက်စရာကောင်းသွားတာတော့ မတတ်နိုင်ဘူးလေနော်။

ပရိသတ်တို့ရော ဒီခပ်ကြောင်ကြောင်တီထွင်မှုတွေကို နေ့စဉ်ဘဝကို အထောက်အကူပြုတဲ့ အထိ အသုံးဝင်တယ်လို့ထင်ပါသလား..

ပရိသတ်တွေကိုယ်တိုင်ရော စိတ်ကူးရှိတိုင်းသာ တီထွင်ဖန်တီးနိုင်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုအရာတွေကို တီထွင်ဖြစ်မလဲ..ပြန်လည်မျှဝေခဲ့စေချင်ပါတယ်။

Credit – shwenyanshin

  • Leave a Comment

Categories