ချစ်သူကောင်လေးအိမ်သို့ အလည်သွားခဲ့ရာ မမျှော်လင့်ပဲ အိမ်မှုကိစ္စလုပ်ခိုင်းသည့်အပြင် နွားချေးတွေပါကျုံးလာခဲ့လိုက်ရသော မိန်းကလေး ဧ။်အဖြစ်

လက်ထပ်ရန်ရည်ရွယ်ထားသော ချစ်သူစုံတွဲတိုင်းသည် အိမ်ရှိ မိသားစုများနှင့် မိတ်ဆက်ပေးပြီး အသိပေးပြီးနောက် သဘောတူပါက သွားလာဝင်ထွက်ပြုလုပ်ကြသည်။

ယခုအခါတွင်လည်း ဗီယက်နမ် နိုင်ငံမှ ချစ်သူစုံတွဲသည် တွဲလာခဲ့သည်မှာလည်း ကြာပြီးနောက် လက်ထပ်ရန် စီစဥ်ထား၍ ကောင်လေးအိမ်မှ မိသားစုများနှင့် မိတ်ဆက်ပေးမည်ဆိုပြီး အိမ်အလည်ခေါ်ခဲ့သည်။

မိန်းကလေးလည်း ကိုယ်ရဲ့ အနာဂတ်ခင်ပွန်းအဖြစ်ရည်ရွယ်ထား၍ ပထမဆုံးအနေနှင့် လိုက်သွားလည်ခဲ့ရာ မျှော်လင့်မထားသည့် ကြိုဆိုမှုများနှင့်အတူ ကြင်နာဂရုစိုက်မှုများကြောင့် အိမ်သို့ပြန်ရောက်ချင်းမှာပဲ ချစ်သူကောင်လေးနှင့် လမ်းခွဲပစ်ခဲ့သည်။

ကောင်လေးသည် ချစ်သူမိန်းကလေးအား မိသားစုနှင့် မိတ်ဆက်ပေးပြီး မနက်စာစားရန်အတွက် စျေးသို့ လိုအပ်သည်များဝယ်ယူရန် ခေါ်ဆောင်သွားခဲ့ပြီး ပြန်အလာတွင်လည်း တစ်မိသားစုလုံးစားဖို့အတွက် ထမင်း ဟင်းများ ချက်ခိုင်းခဲ့သည်။

ထို့နောက် ဆွေမျိုးများရောက်လာပြီး စားသောက်သွားကြရာ စားပြီးသား ပန်းကန်များ ဆေးကြောခဲ့ရသည်။ထို့နောက် မပီးနိုင်သေးပဲ လယ်စိုက်ခင်းထဲတွင် မြေသြဇာထည့်ရန်အတွက် အိမ်တွင်ရှိသော နွားချေးများကျုံးကာ သယ်ခိုင်းခဲ့သည်။

မိန်းကလေးလည်း အံ့သြမှုပေါင်းစုံနှင့် မကုန်ဆုံးနိုင်သည့် သူမဧ။် တစ်နေ့တာအဖြစ်အပျက်အား လူမှုကွန်ယက်တွင် မျှဝေခဲ့တော့သည်။

Credit-Hlaing (Love Feeling )

Zawgyi

ခ်စ္သူေကာင္ေလးအိမ္သို႔ အလည္သြားခဲ့ရာ မေမွ်ာ္လင့္ပဲ အိမ္မႈကိစၥလုပ္ခိုင္းသည့္အျပင္ ႏြားေခ်းေတြပါက်ဳံးလာခဲ့လိုက္ရေသာ မိန္းကေလး ဧ။္အျဖစ္

လက္ထပ္ရန္ရည္႐ြယ္ထားေသာ ခ်စ္သူစုံတြဲတိုင္းသည္ အိမ္ရွိ မိသားစုမ်ားႏွင့္ မိတ္ဆက္ေပးၿပီး အသိေပးၿပီးေနာက္ သေဘာတူပါက သြားလာဝင္ထြက္ျပဳလုပ္ၾကသည္။

ယခုအခါတြင္လည္း ဗီယက္နမ္ ႏိုင္ငံမွ ခ်စ္သူစုံတြဲသည္ တြဲလာခဲ့သည္မွာလည္း ၾကာၿပီးေနာက္ လက္ထပ္ရန္ စီစဥ္ထား၍ ေကာင္ေလးအိမ္မွ မိသားစုမ်ားႏွင့္ မိတ္ဆက္ေပးမည္ဆိုၿပီး အိမ္အလည္ေခၚခဲ့သည္။

မိန္းကေလးလည္း ကိုယ္ရဲ႕ အနာဂတ္ခင္ပြန္းအျဖစ္ရည္႐ြယ္ထား၍ ပထမဆုံးအေနႏွင့္ လိုက္သြားလည္ခဲ့ရာ ေမွ်ာ္လင့္မထားသည့္ ႀကိဳဆိုမႈမ်ားႏွင့္အတူ ၾကင္နာဂ႐ုစိုက္မႈမ်ားေၾကာင့္ အိမ္သို႔ျပန္ေရာက္ခ်င္းမွာပဲ ခ်စ္သူေကာင္ေလးႏွင့္ လမ္းခြဲပစ္ခဲ့သည္။

ေကာင္ေလးသည္ ခ်စ္သူမိန္းကေလးအား မိသားစုႏွင့္ မိတ္ဆက္ေပးၿပီး မနက္စာစားရန္အတြက္ ေစ်းသို႔ လိုအပ္သည္မ်ားဝယ္ယူရန္ ေခၚေဆာင္သြားခဲ့ၿပီး ျပန္အလာတြင္လည္း တစ္မိသားစုလုံးစားဖို႔အတြက္ ထမင္း ဟင္းမ်ား ခ်က္ခိုင္းခဲ့သည္။

ထို႔ေနာက္ ေဆြမ်ိဳးမ်ားေရာက္လာၿပီး စားေသာက္သြားၾကရာ စားၿပီးသား ပန္းကန္မ်ား ေဆးေၾကာခဲ့ရသည္။ထို႔ေနာက္ မပီးႏိုင္ေသးပဲ လယ္စိုက္ခင္းထဲတြင္ ေျမၾသဇာထည့္ရန္အတြက္ အိမ္တြင္ရွိေသာ ႏြားေခ်းမ်ားက်ဳံးကာ သယ္ခိုင္းခဲ့သည္။

မိန္းကေလးလည္း အံ့ၾသမႈေပါင္းစုံႏွင့္ မကုန္ဆုံးႏိုင္သည့္ သူမဧ။္ တစ္ေန႔တာအျဖစ္အပ်က္အား လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ေတာ့သည္။

Credit-Hlaing (Love Feeling )

  • Leave a Comment

Categories