တစ်နှစ်ပတ်လုံး ခေါက်ဆွဲထုပ်စားပြီး တက္ကသိုလ်တက်ခဲ့သော မိန်းကလေးဧ။် လေးစားဖွယ်လုပ်ရပ်
အချို့သောလူငယ်များဧ။် လုပ်ဆောင်ချက်များသည် မိဘအပေါ် ကျေးဇူးသိတတ်ပြီး ကိုယ့်ဘဝကို နားလည်တတ်၍ ချီးကျူးစရာကောင်းသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Cao Bang ပြည်နယ် Dien Bienခရိုင်တွင် နေထိုင်သော အသက် ၁၈နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေးသည် ခက်ခဲသောမိသားစုမှ ကြီးပြင်းလာရပြီး အစစအရာရာ ချွေတာကာ နေ့စဥ်ခေါက်ဆွဲပြုတ်ကိုသာ စား၍ ပညာသင်ယူခဲ့သည်။
မိန်းကလေးဧ။်မိဘနှစ်ပါးမှာလည်း လက်လုပ်လက်စားသမားများသာဖြစ်ပြီး အလုပ်ရှိလိုက်မရှိလိုက်နှင့် စားဝတ်နေရေးအတွက် ပြေတလှည့် မပြေတလှည့်ဖြစ်ရသည့်ကြား ဝက်များမွေးသောအခါတွင်လည်း အရှုံးပေါ်၍ အကြွေးတင်ခဲ့သည်။
သို့သော်လည်း မိန်းကလေးသည် ငယ်စဥ်ကတည်းက တရားသူကြီးတစ်ယောက်ဖြစ်ချင်သည့်အိပ်မက်အား အကောင်အထည်ဖော်ရန် ကြိုးစားအားထုတ်ခဲ့ပြီး စတိုးဆိုင်များတွင် ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့သည်။
နောက်ဆုံး တက်ချင်သည့် တက္ကသိုလ်အား ရောက်ရှိခဲ့ပြီး အခြားသူငယ်ချင်းများက ခေတ်မှီပြီးပြည့်စုံစွာဖြစ်နေပြီး သူမကတော့ ခရီးဆောင်အိတ်တစ်လုံးကလွဲ၍ မည်သည့်ပကာသန ပစ္စည်းမှ မရှိသော်လည်း ကျောင်းပြီးချိန် မိသားစုကို ပြန်ထောက်ပံ့ပေးနိုင်မည့်စိတ်လေးသာ ရှိခဲ့သည်။
Credit-Hlaing (Love Feeling )
Zawgyi
  • Leave a Comment
Categories