ကိုယ်တိုင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေကူးတတ်နေပြီဖြစ်တဲ့ 1 နှစ်အရွယ်ကလေးငယ် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှ ၁ နှစ်အရွယ်ကလေးငယ်တစ်ဦးဟာ စကားမပြောနိုင်ပေမဲ့လည်း ရေကူးခြင်းကို ကျွမ်းကျင်စွာ ကူးတက်ပါတယ်။ Grace Fanelli အမည်ရှိ ၎င်းကလေးငယ်ရဲ့မိခင်ဟာ သူမရဲ့ကလေးကို ငယ်ရွယ်စဉ်ကတည်းက ရေကူးလေ့လာ သင်ယူစေခဲ့ပါတယ်။ Grace ဟာ သူတို့ရဲ့သမီးလေးကို 9 လအရွယ်လောက်က ရေကူးစတင်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။ လတ်တလောမှာ သူမရဲ့အကြီးဆုံးသားဟာ အသက် ၃ နှစ်ရှိပြီး အငယ်ဆုံးက ၁နှစ်အရွယ် သမီးလေးတစ်ဦး ဖြစ်ပါတယ်။ ၎င်းပျံ့နှံ့ သွားတဲ့ ဗီဒီယိုက ချစ်ခင်စွာရေကူးနေဆဲ့ အသက် ၁ နှစ်အရွယ်မိန်းကလေးတစ်ဦးဟာ ရေကန်ထဲမှာ မိမိကိုယ်ကိုပျော်မွေ့နေတာကို ပြသထားပါတယ်။ ကလေးက မကြောက်မရွံ့နဲ့ကောင်းစွာလေ့ကျင့်သင်ယူထားပြီးသာ ဖြစ်ပါတယ်။

Grace ရဲ့ အဆိုအရ “ ရေနစ်သေဆုံးခြင်းဟာ ငါးနှစ်အောက်ကလေးငယ်များအတွက် ထိခိုက်ဒဏ်ရာရမှုနဲ့ ဆက်စပ်တဲ့သေဆုံးခြင်းရဲ့ အဓိကအကြောင်းရင်းဘဲ ဖြစ်ပါတယ်။ သူတို့ကအသက်ခြောက်လလောက် ငယ်ငယ်လေးကတည်းက ရေကူးခြင်းကို သင်လာပေးခဲ့တာပါ။ ကျေးဇူးပြုပြီး သင့်ရဲ့ကလေးတွေကို ရေကူးတတ်အောင် သင်ပေးပါ၊ ဒါမှ သူတို့အကူအညီမရောက်မချင်း သူတို့ကိုယ့်ကိုယ်ကိုကယ်တင်နိုင်ပါလိမ့်မယ်။ ဒီဗီဒီယိုထဲမှာ ကျွန်မရဲ့အငယ်ဆုံးသမီးက ၁နှစ်ပဲရှိသေးတယ်၊ အကြီးဆုံးကအသက် ၃ နှစ်ရှိပါတယ်။ သူတို့နှစ်ယောက်စလုံးကို ရေကူးခြင်းကိုသင်ကြားပေးတဲ့ Brigitte Strickland ဆီမှာထားပြီး ကိုးလလောက်မှာ ရေကူးတတ်အောင် သင်ယူခဲ့တယ်။

Brigitte Strickland က မွေးကင်းစကလေး နဲ့ ကလေးရှင်သန်မှု ရေကူးခြင်းကိုအထူးပြုသင်ကြားပေးနေတာပါ ။ Strickland ရဲ့ Website ဖြစ်တဲ့ AquaMinnies မှာလည်း ရေကူးခြင်းပညာကို ဝင်ဖတ်နိုင်ပါတယ်” လို့ ဆိုထားပါတယ်။ ကျွန်ုပ်တို့ရဲ့ ကလေးငယ်ကို ရေကူးသင်ခန်းစာသင်ပေးခြင်းက ကလေးငယ်များအတွက် ပျော်စရာကောင်းပြီး အပြုသဘောဆောင်တဲ့ အတွေ့အကြုံများကို ဖန်တီးနိုင်ပါတယ်။ ၎င်းကလေးငယ်တွေအတွက်လည်း ကာယရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းစေပါတယ်။

Credit-JRose (KB Chimmy)

Zawgyi

ကိုယ္တိုင္ ကြၽမ္းက်င္ပိုင္ႏိုင္စြာ ေရကူးတတ္ေနၿပီျဖစ္တဲ့ 1 ႏွစ္အရြယ္ကေလးငယ္ (႐ုပ္သံ)

အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါျပည္နယ္မွ ၁ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးဟာ စကားမေျပာႏိုင္ေပမဲ့လည္း ေရကူးျခင္းကို ကြၽမ္းက်င္စြာ ကူးတက္ပါတယ္။ Grace Fanelli အမည္ရွိ ၎ကေလးငယ္ရဲ႕မိခင္ဟာ သူမရဲ႕ကေလးကို ငယ္႐ြယ္စဥ္ကတည္းက ေရကူးေလ့လာ သင္ယူေစခဲ့ပါတယ္။ Grace ဟာ သူတို႔ရဲ႕သမီးေလးကို 9 လအ႐ြယ္ေလာက္က ေရကူးစတင္ခဲ့ေၾကာင္း ေျပာျပလာခဲ့ပါတယ္။ လတ္တေလာမွာ သူမရဲ႕အႀကီးဆုံးသားဟာ အသက္ ၃ ႏွစ္ရွိၿပီး အငယ္ဆုံးက ၁ႏွစ္အ႐ြယ္ သမီးေလးတစ္ဦး ျဖစ္ပါတယ္။ ၎ပ်ံ႕ႏွံ႔ သြားတဲ့ ဗီဒီယိုက ခ်စ္ခင္စြာေရကူးေနဆဲ့ အသက္ ၁ ႏွစ္အ႐ြယ္မိန္းကေလးတစ္ဦးဟာ ေရကန္ထဲမွာ မိမိကိုယ္ကိုေပ်ာ္ေမြ႕ေနတာကို ျပသထားပါတယ္။ ကေလးက မေၾကာက္မ႐ြံ႕နဲ႔ေကာင္းစြာေလ့က်င့္သင္ယူထားၿပီးသာ ျဖစ္ပါတယ္။

Grace ရဲ႕ အဆိုအရ “ ေရနစ္ေသဆုံးျခင္းဟာ ငါးႏွစ္ေအာက္ကေလးငယ္မ်ားအတြက္ ထိခိုက္ဒဏ္ရာရမႈနဲ႔ ဆက္စပ္တဲ့ေသဆုံးျခင္းရဲ႕ အဓိကအေၾကာင္းရင္းဘဲ ျဖစ္ပါတယ္။ သူတို႔ကအသက္ေျခာက္လေလာက္ ငယ္ငယ္ေလးကတည္းက ေရကူးျခင္းကို သင္လာေပးခဲ့တာပါ။ ေက်းဇူးျပဳၿပီး သင့္ရဲ႕ကေလးေတြကို ေရကူးတတ္ေအာင္ သင္ေပးပါ၊ ဒါမွ သူတို႔အကူအညီမေရာက္မခ်င္း သူတို႔ကိုယ့္ကိုယ္ကိုကယ္တင္ႏိုင္ပါလိမ့္မယ္။ ဒီဗီဒီယိုထဲမွာ ကြၽန္မရဲ႕အငယ္ဆုံးသမီးက ၁ႏွစ္ပဲရွိေသးတယ္၊ အႀကီးဆုံးကအသက္ ၃ ႏွစ္ရွိပါတယ္။ သူတို႔ႏွစ္ေယာက္စလုံးကို ေရကူးျခင္းကိုသင္ၾကားေပးတဲ့ Brigitte Strickland ဆီမွာထားၿပီး ကိုးလေလာက္မွာ ေရကူးတတ္ေအာင္ သင္ယူခဲ့တယ္။

Brigitte Strickland က ေမြးကင္းစကေလး နဲ႔ ကေလးရွင္သန္မႈ ေရကူးျခင္းကိုအထူးျပဳသင္ၾကားေပးေနတာပါ ။ Strickland ရဲ႕ Website ျဖစ္တဲ့ AquaMinnies မွာလည္း ေရကူးျခင္းပညာကို ဝင္ဖတ္ႏိုင္ပါတယ္” လို႔ ဆိုထားပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕ ကေလးငယ္ကို ေရကူးသင္ခန္းစာသင္ေပးျခင္းက ကေလးငယ္မ်ားအတြက္ ေပ်ာ္စရာေကာင္းၿပီး အျပဳသေဘာေဆာင္တဲ့ အေတြ႕အႀကဳံမ်ားကို ဖန္တီးႏိုင္ပါတယ္။ ၎ကေလးငယ္ေတြအတြက္လည္း ကာယ႐ုပ္ပိုင္းဆိုင္ရာအတြက္ ေကာင္းေစပါတယ္။

Credit-JRose (KB Chimmy)

  • Leave a Comment

Categories