အဖွားဖြစ်သူအား စိတ်ဖိစီးမှုသက်သာစေရန် ဂိမ်းကစားနည်းသင်ပေးခဲ့ရာ ညတွေပါမအိပ်တော့ပဲ မိုးလင်းပေါက်ထိထိုင်ဆော့နေခြင်းကြောင့် အခက်တွေ့နေရသော မြေးမလေး

ဂိမ်းကစားခြင်းသည် တွေဝေပြီး မကြည်မလင်ဖြစ်နေရသော စိတ်တွေအားလုံး သက်သာမှုရစေပြီး အလွန်အကျွံဆော့သည့်အခါမှာတော့ ကျန်းမာရေး အတွက် ထိခိုက်နိုင်ပါသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Trang Tran အမည်ရှိသော မိန်းကလေးငယ်သည် အသက် ၈၅နှစ်အရွယ် အဖွားဖြစ်သူအား အသက်ကြီးလာ၍ အတွေးများသောကြောင့် စိတ်ဖိစီးမှုတွေ သက်သာစေရန် လွယ်ကူသော ဂိမ်းကစားနည်းအား သင်ပေးခဲ့သည်။

အဖွားအိုလည်း ထိုနေ့မှစပြီး ဆော့ကြည့်ရင်းက မရပ်နိုင်မနားနိုင်ဖြစ်ရပြီး ထမင်းစားချိန်လည်း မမှန်တော့ပဲ ဂိမ်းအားဆော့နေခဲ့သည်။

နောက်ဆုံးတွင် အဖွားအိုသည် ဂိမ်းအပေါ်စွဲလန်းမှုကြောင့် ညနက်တွေထိဆော့သည့်အပြင် တစ်ခါတစ်ရံ မိုးလင်းသည်ထိ အဆော့မပျက်ပဲရှိခဲ့ရာ မြေးဖြစ်သူမှ ညတိုင်းညအိပ်ရာဝင်ရန် သတိပေးနေရတော့သည်။

Credit-Hlaing (Love Feeling )

Zawgyi







  • Leave a Comment

Categories