မသန္စြမ္းသူေတြ ကိုယ္တိုင္တက္ၿပီး ေမာင္းႏိုင္မယ့္ လွ်ပ္စစ္ဆိုင္ကယ္ကို မိတၳီလာၿမိဳ႕သားတစ္ဦး တီထြင္

မိတၳီလာၿမိဳ႕မွာ ဆိုင္ကယ္အင္ဂ်င္နဲ႔ ကားငယ္ေလးေတြထုတ္လုပ္ခဲ့တဲ့ ကိုေဇာ္မ်ိဳးဦးက Wheel Chair အသုံးျပဳေနရတဲ့ မသန္စြမ္းသူေတြ ကိုယ္တိုင္တက္ၿပီး ေမာင္းႏိုင္မယ့္ လွ်ပ္စစ္ဆိုင္ကယ္ကိုလည္း တီထြင္လိုက္ပါၿပီ။ အလ်ားေျခာက္ေပ အနံ ေလးေပရွိတဲ့ အဲဒီ သုံးဘီးဆိုင္ကယ္မွာ 60 Volt – Latic ဘက္ထရီကို အသုံးျပဳထားၿပီး ကိုယ္ထည္က ဖိုင္ဘာ ျဖစ္ပါတယ္။

တစ္နာရီကို (၁၈)မိုင္ႏႈန္းအထိ ေမာင္းႏိုင္ ၿပီး ဘက္ထရီကို ခုနစ္နာရီေလာက္ အားသြင္းထားရင္ (၁၅)မိုင္အကြာအေဝးအထိ ေမာင္းႏိုင္ပါတယ္။ တန္ဖိုးက ပစၥည္းဖိုး လက္ခ အပါအဝင္ ဆယ့္ႏွစ္သိန္းက်သင့္ ပါတယ္။ ကုန္ၾကမ္းပစၥည္းေတြကို တ႐ုတ္ႏိုင္ငံကေန မွာယူၿပီး ဒီဇိုင္းကေတာ့ ကိုေဇာ္မ်ိဳးဦးရဲ႕ ကိုယ္ပိုင္ဒီဇိုင္းျဖစ္ပါတယ္။ ကိုေဇာ္မ်ိဳးဦးဟာ ၂၀၁၃ ခုႏွစ္က စတင္ၿပီး 125 Cc,150 Cc ,250Cc အင္ဂ်င္ေတြနဲ႔ ကားငယ္ သုံးစီးကိုစတင္ထုတ္လုပ္ခဲ့ၿပီး မသန္စြမ္းသူေတြအတြက္ ရည္႐ြယ္ကာ 50Cc အင္ဂ်င္နဲ႔ ဘက္ဂီယာပါတဲ့ သုံးဘီးဆိုင္ကယ္ (၂၁)စီးခန႔္ကိုလည္း မွာယူ အသုံးျပဳမယ့္ သူေတြရဲ႕ လိုအပ္ခ်က္ ပုံစံ အလိုက္ တီထြင္ေပးခဲ့တာျဖစ္ပါတယ္။

Credit : KyawSoeMoe

Unicode

မသန်စွမ်းသူတွေ ကိုယ်တိုင်တက်ပြီး မောင်းနိုင်မယ့် လျှပ်စစ်ဆိုင်ကယ်ကို မိတ္ထီလာမြို့သားတစ်ဦး တီထွင်

မိတ္ထီလာမြို့မှာ ဆိုင်ကယ်အင်ဂျင်နဲ့ ကားငယ်လေးတွေထုတ်လုပ်ခဲ့တဲ့ ကိုဇော်မျိုးဦးက Wheel Chair အသုံးပြုနေရတဲ့ မသန်စွမ်းသူတွေ ကိုယ်တိုင်တက်ပြီး မောင်းနိုင်မယ့် လျှပ်စစ်ဆိုင်ကယ်ကိုလည်း တီထွင်လိုက်ပါပြီ။ အလျားခြောက်ပေ အနံ လေးပေရှိတဲ့ အဲဒီ သုံးဘီးဆိုင်ကယ်မှာ 60 Volt – Latic ဘက်ထရီကို အသုံးပြုထားပြီး ကိုယ်ထည်က ဖိုင်ဘာ ဖြစ်ပါတယ်။

တစ်နာရီကို (၁၈)မိုင်နှုန်းအထိ မောင်းနိုင် ပြီး ဘက်ထရီကို ခုနစ်နာရီလောက် အားသွင်းထားရင် (၁၅)မိုင်အကွာအဝေးအထိ မောင်းနိုင်ပါတယ်။ တန်ဖိုးက ပစ္စည်းဖိုး လက်ခ အပါအဝင် ဆယ့်နှစ်သိန်းကျသင့် ပါတယ်။ ကုန်ကြမ်းပစ္စည်းတွေကို တရုတ်နိုင်ငံကနေ မှာယူပြီး ဒီဇိုင်းကတော့ ကိုဇော်မျိုးဦးရဲ့ ကိုယ်ပိုင်ဒီဇိုင်းဖြစ်ပါတယ်။ ကိုဇော်မျိုးဦးဟာ ၂၀၁၃ ခုနှစ်က စတင်ပြီး 125 Cc,150 Cc ,250Cc အင်ဂျင်တွေနဲ့ ကားငယ် သုံးစီးကိုစတင်ထုတ်လုပ်ခဲ့ပြီး မသန်စွမ်းသူတွေအတွက် ရည်ရွယ်ကာ 50Cc အင်ဂျင်နဲ့ ဘက်ဂီယာပါတဲ့ သုံးဘီးဆိုင်ကယ် (၂၁)စီးခန့်ကိုလည်း မှာယူ အသုံးပြုမယ့် သူတွေရဲ့ လိုအပ်ချက် ပုံစံ အလိုက် တီထွင်ပေးခဲ့တာဖြစ်ပါတယ်။

Credit : KyawSoeMoe

  • Leave a Comment