




credit – Myanmarload

Unicode

ယွန်းယွန်းကအိုပါးလို့ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာပြီးရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးနေတဲ့ အောင်မင်းခန့်ရဲ့ဗီဒီယိုဖိုင်

မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်မင်းခန့်ပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မင်းခန့်ဟာ သရုပ်ဆောင် နိုင်းနိုင်းရဲ့ ညီအစ်ကို ဝမ်းကွဲတော်စပ်ပြီး အစ်ကိုဖြစ်သူရဲ့လမ်းညွှန်ပြသမှုတွေကြောင့် အနုပညာအလုပ်တွေကို အခက်အခဲမရှိ လုပ်ဆောင်နိုင်တာလည်း ဖြစ်ပါတယ်။

အောင်မင်းခန့်ဟာ လတ်တလောမှာတော့ သရုပ်ဆောင် စည်သူဝင်း ၊ သဇင်ထူးမြင့် ၊ ယွန်းယွန်း ၊ သိန်းလင်းစိုးတို့နဲ့အတူ Double Dating ဆိုတဲ့ Progam ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ လတ်တလော ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ မင်းသမီးချောလေး ယွန်းယွန်းနဲ့အတူ တွဲဖက်ပါဝင်နေရတာပဲ ဖြစ်ပြီး အားလုံးကလည်း ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အောင်မင်းခန့်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ယွန်းယွန်းကအိုပါးလို့ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာပြီးရှေ့ကနေမားမားမတ်မတ်ကာကွယ်ပေးနေတဲ့ အောင်မင်းခန့်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒီ Tik Tok လေးတွေဟာလည်း အောင်မင်းခန့်ရဲ့ ပထမဦးဆုံးကစားဖူးတဲ့ ဗီဒီယိုလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးတွေကိုတစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Min Khant

credit – Myanmarload

  • Leave a Comment

Categories