






Unicode

အချစ်ရဆုံးသောအစ်ကိုဖြစ်သူရဲ့မွေးနေ့အားအမှတ်တရပုံလေးတွေနဲ့ဆုတောင်းပေးလိုက်တဲ့ ပပဝင်းခင်

သရုပ်ဆောင် မင်းသမီးချောလေး ပပဝင်းခင်ကတော့ ဆယ်စုနှစ်တွေတိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အထူးအားပေးမှုတွေကို သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ မိဘစီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မလုပ်တော့ပေမယ့်လည်း ပရိသတ်တွေက သူမကို အခုချိန်ထိ ချစ်ခင် အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

ဒီနေ့ကတော့ သူမရဲ့ အချစ်ဆုံး အစ်ကို ကျော်ရှိန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပပဝင်းခင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အချစ်ရဆုံးသောအစ်ကိုဖြစ်သူရဲ့မွေးနေ့လေးကိုအမှတ်တရပုံလေးတွေနဲ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” Happy Birthday Ko Gyi ! Happy Birthday returns of the day.Best wishes for many more ! 🎉🎊ချစ်ကိုကြီး​၏မွေးနေ့မှစ ချစ်သောမိသားစုနှင့်အတူ အသက်ရာကျော် ကျန်းမာခြင်း ချမ်းသာခြင်း ပျော်ရွင်ခြင်း အောင်မြင်ခြင်း ပြည်စုံခြင်း

ဘေးရန်အပေါင်းကင်းဝေးပြီး လိုတိုင်းရ တတိုင်းပြည့်စုံသော ဘဝကိုရရှိပိုင်ဆိုင်ရပါစေ… သာသနာအကျိုးကို ဆထက်တိုးပြီးဆောင်ရွက်နိုင်ပါစေလို့ ချစ်သောမိသားစုမှ ဆုတောင်းပေးပါတယ်😘🎂🌸🌺🎊🎁🎉🎈🥰

လူပျိုကြီး ကိုကြီးကျော်ရှိန်း အသဲကျော်တွေအတွက် ပုံတွေ အများကြီးတင်ပေးလိုက်တယ်နော် 😍😍😍 ” ဆိုပြီးရေးသားထားတာပဲ ဖြစ်ပါတယ်။

ပပဝင်းခင်တို့ မောင်နှမနှစ်ယောက်ဟာ တစ်ခေတ်တစ်ခါက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများတွင် အတူတွဲကာသရုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း သိရှိနိုင်စေရန် ဒီသတင်းလေးကိုတစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Pa Pa Win Khin

  • Leave a Comment

Categories