





credit – Myanmarload

Unicode

လမ်းမထက်မှာ ကိုရီးယားမင်းသမီးလေးအလားထင်မှတ်မှားရလောက်အောင် ဖက်ရှင်ကျကျလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ဖြူဖြူထွေး

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေ အခိုင်အမာနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတဲ့ မင်းသမီးချောလေးကတော့ ဖြူဖြူထွေးပဲဖြစ်ပါတယ်။ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဖြူဖြူထွေးဟာ အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး ရက်ရောတဲ့ သူမရဲ့စိတ်ထားစေတနာလေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာပါနော်…..။

ဖြူဖြူထွေးဟာ ကြော်ငြာဗီဒီယိုတွေကိုဆက်တိုက်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ပို့၊ဇာတ်ရံသရုပ်ဆောင်ကြီးများကိုခေါ်ယူကာ ပျော်ပျော်ပါးပါးနဲ့ ကြော်ငြာရိုက်ကူးမှုတွေကိုဆက်တိုက်လုပ်နေတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ဖြူဖြူထွေးဟာ ရိုးရိုးသားသားနဲ့အလုပ်ကြိုးစားတဲ့သူလေးဖြစ်တာကြောင့် သူမကိုချစ်တဲ့ပရိသတ်တွေလည်း တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလာတာလည်း တွေ့ရပါတယ်နော်။

ဖြူဖြူထွေးဟာ အခုရက်ပိုင်းမှာဆိုရင်လည်းကြော်ငြာရိုက်ကူးမှုတွေဆက်တိုက်ဆိုသလိုပြုလုပ်နေတာဖြစ်ပြီးတော့ သူမရဲ့ရိုက်ကွင်းပုံရိပ်လေးတွေကို မကြာခဏမျှဝေပေးလေ့ရှိသူပါ။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ

“လိုနေတာ အနွေးဓာတ် ပေးမှာလား..” ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Phyu Phyu Htwe

credit – Myanmarload

  • Leave a Comment

Categories