




credit – Myanmarload

Unicode

သားလေးကို‌မိခင်မေတ္တာအပြည့်နဲ့ ဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် ညဘက်သားလေးငိုရင် အိပ်ရေးပျက်တဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ မင်းသမီးချောလေးပိုးအိအိခန့်ကတော့ အနုပညာအလုပ်တွေကိုရပ်နားထားပြီး တစ်ဦးတည်းသောသားလေးကိုသာ ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ပိုးအိအိခန့်ရဲ့ခင်ပွန်းအောင်သူကတော့ လတ်တလောမှာဆိုရင် ဘန်ကောက်ကိုပြန်ရောက်နေတာကြောင့် ပိုးအိအိခန့်တို့သားအမိလည်းမကြာခင်လိုက်သွားကြမှာဖြစ်ပါတယ်။ပိုးအိအိခန့်နဲ့အောင်သူတို့ရဲ့မိသားစုဘဝလေးက သာယာချမ်းမြေ့လို့ ပရိသတ်တွေကတောင်ချစ်နေရတာဖြစ်ပါတယ်နော်။

ပိုးအိအိခန့်ရဲ့သားချောလေး သဲကိုးလေးကတော့ (၁)နှစ်ကျော်အရွယ်လေးနဲ့တင် လူချစ်လူခင်ပေါများပြီး တစ်နေ့တခြားပိုချစ်ဖို့ကောင်းလာတာပဲဖြစ်ပါတယ်။မေမေပိုးအိအိခန့်ကလည်း သားလေးကို ပိုးမွေးသလိုမျိုး ပြုစုယုယတာကြောင့် သဲကိုး‌လေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်နော်။ပိုးအိအိခန့်ကတော့ ကလေးငယ်လေးရှိတဲ့မိခင်တွေ အရမ်းပင်ပန်းတာကို ကိုယ်တိုင်နားလည်တာကြောင့် မေမေတိုင်းကို လေးစားနေတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ပိုးအိအိခန့်က”အခုတလောညဘက်တွေဆို သားအရင်အိပ် အ​မေနောက်မှအိပ် ၊ အမေအိပ်ချင် သားထငို၊ အမေမျက်စိပြန်ကျယ် ၊ သားပြန်အိပ်၊ အမေပြန်အိပ်ချင် သားထငို ၊အမေမျက်စိပြန်ကျယ် ။မိုးလင်းသွား အမေခေါင်းမူး ။ အခုလည်း သူ့ကိုစောင်ခြုံပေးထားလို့ ထငို အမေမျက်စိကျယ် ပြန်အိပ်မရ အမှတ်တရ Not bad, I can still smile . Being a mother is not too easy. So I really respect all the mothers. Especially for those who dare to be mothers.”ဆိုပြီး အမေတစ်ယောက်ဖြစ်ရတာမလွယ်တဲ့အကြောင်းလေးကို ရေးသားမျှဝေထားတာဖြစ်ပါတယ်နော်။

Source and Photo Credit:Poe Ei Ei Khant

credit – Myanmarload

  • Leave a Comment

Categories