ေစ်းဆိုင္ေတြျပန္ဖြင့္ၿပီမို႔ေရာင္းအားက်မယ္ထင္ခဲ့ေပမယ့္ ဝက္နံ႐ိုးမီးေတာက္ကို အရင္အတိုင္းအားေပးၾကတာေၾကာင့္ ေပ်ာ္႐ႊင္ေနတဲ့ ပြင့္နဒီေမာင္

မင္းသမီးပြင့္နဒီေမာင္ကေတာ့ တစ္ခ်ိန္ကေအာင္ျမင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ၿပီး ပါဝင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းကို အေကာင္းဆုံး႐ိုက္ကူးလ်က္ရွိေနကာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုလည္း အျပည့္အဝရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ လြတ္လြတ္လပ္လပ္ေနထိုင္တတ္တဲ့ သူမေတာ့ ယခုမွာလည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္တာပဲျဖစ္ၿပီး ထူးျခားနဲ႔ပြင့္နဒီေမာင္တို႔ကေတာ့ ေမာင္ႏွမရင္းျခာလိုခင္မင္ၾကတဲ့သူငယ္ခ်င္းအရင္းႀကီးေတြပဲျဖစ္ၾကပါတယ္။

သူမကေတာ့ ဟင္းခ်က္ရတာနဲ႔တင္ ေပ်ာ္႐ႊင္ေနၿပီး သူငယ္ခ်င္းထူးျခားနဲ႔အတူေစ်းေရာင္းခဲ့တာ ၁ႏွစ္ျပည့္ေတာ့မယ့္အေၾကာင္းေျပာျပလာခဲ့ပါတယ္။ ပြင့္နဒီေမာင္ကေတာ့ ” က်မက ဟင္းခ်က္လည္းေပ်ာ္ေနတာပဲအိုးႀကီး အိုးငယ္နဲ႔ ဟင္းခ်က္ရမယ္လို အိမ္မက္ထဲမွာေတာင္မမက္ဘူး…..လုပ္ငန္းတစ္ခုဆိုတာ စဖို႔အရမ္းလြယ္ပါတယ္နာမည္တစ္ခု ရဖို႔ ေရရွည္ရပ္တည္ဖို႔ဆိုတာ တကယ္မလြယ္တဲ့အရာဆိုတာေသခ်ာပါတယ္ “ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားထားခဲ့ပါတယ္။

သူမကေတာ့ ” ဘာလိုလိုနဲ႔ က်မတို႔ေစ်းေရာင္းခဲ့တာ တစ္ႏွစ္ျပည့္ဖို႔ရက္ပိုင္းပဲလိုေတာ့တယ္ဆိုင္ေတြဖြင့္ေတာ့ ေရာင္းအားက်မယ္ထင္ခဲ့တာ…..ဒီအခ်ိန္ထိ အားေပးခဲ့တဲ့ အတြက္ ေက်းဇူးပါကြာ “ဆိုၿပီးလူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။ ခ်စ္ပရိသတ္ေတြအတြက္ ေရာင္းခ်ဖို႔ဟင္းေတြကိုယ္တိုင္ခ်က္ရင္း ေပ်ာ္႐ႊင္ေနၾကတဲ့ ထူးျခားနဲ႔ ပြင့္နဒီေမာင္တို႔သူငယ္ခ်င္း၂ေယာက္ရဲ႕ ပုံရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပေပးလိုက္ၿပီး အဆိုပါပုံရိပ္ေလးေတြကို ေအာက္မွာၾကည့္နိင္ပါတယ္။

Source: Pwint Nadi Maung

credit – Myanmarload

unicode

စျေးဆိုင်တွေပြန်ဖွင့်ပြီမို့ရောင်းအားကျမယ်ထင်ခဲ့ပေမယ့် ဝက်နံရိုးမီးတောက်ကို အရင်အတိုင်းအားပေးကြတာကြောင့် ပျော်ရွှင်နေတဲ့ ပွင့်နဒီမောင်

မင်းသမီးပွင့်နဒီမောင်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးရိုက်ကူးလျက်ရှိနေကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေထိုင်တတ်တဲ့ သူမတော့ ယခုမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်တာပဲဖြစ်ပြီး ထူးခြားနဲ့ပွင့်နဒီမောင်တို့ကတော့ မောင်နှမရင်းခြာလိုခင်မင်ကြတဲ့သူငယ်ချင်းအရင်းကြီးတွေပဲဖြစ်ကြပါတယ်။

သူမကတော့ ဟင်းချက်ရတာနဲ့တင် ပျော်ရွှင်နေပြီး သူငယ်ချင်းထူးခြားနဲ့အတူစျေးရောင်းခဲ့တာ ၁နှစ်ပြည့်တော့မယ့်အကြောင်းပြောပြလာခဲ့ပါတယ်။ ပွင့်နဒီမောင်ကတော့ ” ကျမက ဟင်းချက်လည်းပျော်နေတာပဲအိုးကြီး အိုးငယ်နဲ့ ဟင်းချက်ရမယ်လို အိမ်မက်ထဲမှာတောင်မမက်ဘူး…..လုပ်ငန်းတစ်ခုဆိုတာ စဖို့အရမ်းလွယ်ပါတယ်နာမည်တစ်ခု ရဖို့ ရေရှည်ရပ်တည်ဖို့ဆိုတာ တကယ်မလွယ်တဲ့အရာဆိုတာသေချာပါတယ် “ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

သူမကတော့ ” ဘာလိုလိုနဲ့ ကျမတို့စျေးရောင်းခဲ့တာ တစ်နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တယ်ဆိုင်တွေဖွင့်တော့ ရောင်းအားကျမယ်ထင်ခဲ့တာ…..ဒီအချိန်ထိ အားပေးခဲ့တဲ့ အတွက် ကျေးဇူးပါကွာ “ဆိုပြီးလူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရောင်းချဖို့ဟင်းတွေကိုယ်တိုင်ချက်ရင်း ပျော်ရွှင်နေကြတဲ့ ထူးခြားနဲ့ ပွင့်နဒီမောင်တို့သူငယ်ချင်း၂ယောက်ရဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိင်ပါတယ်။

Source: Pwint Nadi Maung

credit – Myanmarload

  • Leave a Comment

Categories