




credit – Myanmarload

Unicode

သူမရဲ့မွေးနေ့မှာ အိမ်နီးနားချင်းဖြစ်တဲ့စင်ရော်မောင်မောင်အတွက် ကတ်ကြေးကိုက်ကို ကိုယ်တိုင်ကြော်ပြီး သွားပို့ပေးခဲ့တဲ့ မေသန်းနု

ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီ မေသန်းနုကတော့ လက်ရှိမှာဆိုရင် မြိတ်ဒေသထွက်စားသောက်ကုန်လေးတွေကို ဆိုင်ကြီးဖွင့်ပြီးရောင်းချနေတာဖြစ်ပါတယ်။မေသန်းနုရဲ့စီးပွားရေး‌လုပ်ငန်းတွေကိုလည်း မင်းသန့်မောင်မောင်တို့သားအဖနှစ်ယောက်က တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။မင်းသန့်မောင်မောင်ကလည်း အမေကိုအရမ်းချစ်တဲ့သားလေးဖြစ်လို့ မိခင်ရဲ့ဘေးမှာအမြဲနေပြီး စိတ်ချမ်းသာပျော်ရွှင်အောင်ထားပေးတာဖြစ်ပါတယ်နော်။

စင်ရော်မောင်မောင်ကလည်း မေသန်းနုနဲ့ အရမ်းရင်နှီးတဲ့မိတ်ဆွေတွေလိုမျိုးခင်မင်တာဖြစ်ပါတယ်။မေသန်းနုရဲ့အသက်(၆၀)ပြည့်မွေးနေ့လေးမှာလည်း စင်ရော်မောင်မောင်က မွေးနေ့ဆုတောင်လေး‌ကို သတိတရနဲ့ရေးသားပေးထားတာဖြစ်ပါတယ်နော်။မေသန်းနုကတော့ သူမရဲ့မွေးနေ့လေးမှာ သားလေးမင်းသန့်မောင်မောင်နဲ့အတူ အလှူအတန်းတွေလည်းလုပ်ပြီး မွေးနေ့ပါတီလေးကိုလည်းကျင်းပခဲ့တာဖြစ်ပါတယ်။မေသန်းနုက သူမရဲ့မွေးနေ့အတွက် ကတ်ကြေးကိုက်ကိုကိုယ်တိုင်ကြော်ပြီး အိမ်နီးနားချင်တွေကို လိုက်ဝေခဲ့တာဖြစ်ပါတယ်။

မေသန်းနုက စင်ရော်မောင်မောင်နဲ့လည်း အိမ်နီးနားချင်တွေဖြစ်လို့ သူမကြော်ထားတဲ့ကတ်ကြေးကို သွားပေးခဲ့တာဖြစ်ပါတယ်နော်။စင်ရော်မောင်မောင်ကတော့”Lovely Neighbours အဖွဲ့ဝင်များကို ကိုယ်တိုင် ကတ်ကြေးကိုက် ကြော်ပီးဧည့်ခံကျွေးမွေးခဲ့သော ငါးထပ်ကွမ်းအကယ်ဒမီဆုရှင် ဒေါ်မေသန်းနု(မဆင့်) ကို အထူးကျေးဇူးတင်ရှိပါသည်။သက်ရှည်ကျန်းမာပြီး ဘာသာသာသနာကို ဒီ့ထက်ပို ပြီး စောင့်ရှောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။ Lovely Neighbours Family”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Source and Photo Credit:Zin Yaw Mg Mg

credit – Myanmarload

  • Leave a Comment

Categories